နအဖ စစ်ကူတပ် KIA မိုင်းထိ၊ ၄ဦးဒဏ်ရာ ရ

ကေအိုင်အေနှင့် နအဖတပ်တို့ နှစ်ဘက် တိုက်ပွဲဖြစ်ရာ နေရာသို့ ဗန်းမော်မြို့မှ စစ်ကူပို့လိုက်သော နအဖ စစ်ကြောင်း ယမန်နေ့ ညနေ ၅ နာရီခန့်က ထပ်မံမိုင်းထိမိကြောင်း ကေအိုင်အို သတင်းရပ်ကွက် အဆိုအရ သိရသည်။


Kachin Independence Army (Pho:KNG)

ယမန်နေ့နံနက်ပိုင်းက နှစ်ဘက် တိုက်ခိုက်ခဲ့ကြသည့် ကချင်ပြည်နယ် မန်စီမြို့နယ် မန်သာနှင့် တုံလေရွာ အနီးတွင် နအဖစစ်ကူတပ် ခမရ ၃၁၉ မိုင်းထိမိခြင်းဖြစ်ပြီး ၄ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

၎င်းနေ့နံနက်ပိုင်း ကေအိုင်အေနှင့် နအဖတိုက်ပွဲတွင် နအဖစစ်တပ်မှ တပ်ရင်းမှုး ဒုဗိုလ်မှုးကြီး ရင်ထွေး အပါအဝင် စစ်သည် ၁၀ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဒဏ်ရာရသူများကို မန်ဝိန်းကြီး ဆေးရုံသို့ သယ်ဆောင်ခဲ့ရာ လမ်းတစ်ဝက်တွင် တပ်ရင်းမှုး ရင်ထွေး သေဆုံးခဲ့ပြီး ယမန်နေ့က တပ်ကြပ်တစ်ဦး ဆေးရုံတွင် ထပ်မံသေဆုံးကြောင်း သိရသည်။

source by : http://www.mongloi.org
Previous Post Next Post

Contact Form