အီဂျစ်ဆန္ဒပြပွဲ မြန်မာ့ မီဒီယာမှာ ကန့်သတ်


အီဂျစ်နိုင်ငံမှာ သမ္မတမူဘာရက် ဖြုတ်ချရေးနဲ့ ဒီမိုကရေစီ တောင်းဆို ဆန္ဒပြတဲ့ လူထုလှုပ်ရှားမှု သတင်းတွေကို မြန်မာနိုင်ငံပိုင် သတင်းစာတွေမှာ ဖေါ်ပြခွင့် မရှိသလို၊ မြန်မာ့ ရုပ်မြင်သံကြားက ထုတ်လွှင့်တဲ့ နိုင်ငံခြား သတင်းတွေမှာပါ ပိတ်ပင်ထားတယ်လို့ စစ်အစိုးရပိုင် သတင်းစာ အယ်ဒီတာတဦးက ဘီဘီစီ ကိုပြောပါတယ်။

ပြည်တွင်းထုတ် ဂျာနယ်တွေ မှာလဲ အီဂျစ်ဆန္ဒပြမှုကြောင့် တိုင်းပြည် ဖရိုဖရဲ ဖြစ်တာကို ဇောင်းပေးရေးရင်၊ ခွင့်ပြုပေမဲ့ အမှန်အကန် သတင်းတင်ပြခွင့်ကိုတော့ စာပေစီစစ်ရေးက တားမြစ် ပိတ်ပင်တယ်လို့ ဂျာနယ် အယ်ဒီတာ တချို့က ပြောပြပါတယ်။

အခုလို တားမြစ်ပိတ်ပင်မှုတွေရှိနေလို့ ဖြစ်ရပ်မှန် သတင်းတွေ၊ လူထုဆီ မရောက်တာကို ဂျာနယ်ဆရာတွေ စိတ်မကောင်း ဖြစ်ပေမဲ့၊ အစိုးရပိုင် သတင်းစာတိုက်က အယ်ဒီတာ တချို့တော့ သူတို့ဟာ၊ ရုပ်သေးရုပ် သတင်းစာ ဆရာတွေ ဖြစ်နေပုံ ဘီဘီစီ ကိုပြောပြပါတယ်။

source by : http://www.bbc.co.uk
Previous Post Next Post

Contact Form