ဦးသိန်းစိန် သမ္မတဖြစ်

မဇ္ဈိမ | နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံ၏ သမ္မတအဖြစ် လက်ရှိဝန်ကြီးချုပ် ဦးသိန်းစိန်ကို ယနေ့ နေပြည်တော်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စု လွှတ်တော်က ရွေးချယ်လိုက်သည်။

ဦးသိန်းစိန်က ၄ဝ၈ မဲဖြင့် သမ္မတဖြစ်ကာ၊ ဒုသမ္မတ ၁ နေရာအတွက် သီဟသူရတင်အောင်မြင့်ဦးက ၁၇၁ မဲဖြင့်လည်းကောင်း၊ ဒုသမ္မတ ၂ နေရာအတွက် ဦးစိုင်းမောက်ခမ်းက ၇၅ ဖြင့်လည်းကောင်း ရွေးချယ်ခံကြရခြင်း ဖြစ်သည်။


မြန်မာနိုင်ငံ၏ သမ္မတဖြစ်သည့် လက်ရှိဝန်ကြီးချုပ် ဦးသိန်းစိန်
ယမန်နေ့တွင် ဒုသမ္မတလောင်းများ အဖြစ် ပြည်သူ့ လွှတ်တော်က ဦးသိန်းစိန်ကို လည်းကောင်း၊ အမျိုးသားလွှတ်တော်က ဒေါက်တာ စိုင်းမောက်ခမ်းကို လည်းကောင်း၊ တပ်မတော်သား အစုအဖွဲ့က သီဟသူရ ဦးတင်အောင်မြင့်ဦးကို လည်းကောင်း ရွေးချယ်ခဲ့ရာမှ ယနေ့တွင် သမ္မတကို ဆက်လက်၍ မဲပေး ရွေးချယ် ခဲ့ခြင်းလည်း ဖြစ်သည်။ ၎င်းတို့ ၃ ဦးစလုံးမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီမှ လွှတ်တော် အမတ်များ ဖြစ်ကြသည်။

အသက် ၆၆ နှစ်အရွယ် ဦးသိန်းစိန်မှာ မြန်မာပြည် လွတ်လပ်ရေး ရပြီး နောက်ပိုင်း ၈ ဦးမြောက် သမ္မတ ဖြစ်သည်။ ယခင် သမ္မတများမှာ စဝ်ရွှေသိုက်၊ ဒေါက်တာဘဦး၊ မန်းဝင်းမောင်၊ ဦးနေဝင်း၊ ဦးစန်းယု၊ ဦးစိန်လွင်နှင့် ဒေါက်တာ မောင်မောင်တို့ ဖြစ်သည်။

ဦးသိန်းစိန်သည် ၁၉၈၈ ခုနှစ်တွင် တပ်မတော်မှ အာဏာ သိမ်းပြီးနောက် ကကကြည်းတွင် စစ်ဦးစီး ဗိုလ်မှူးကြီး ရာထူးမှ ၂ဝဝ၅ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး အထိ စစ်ဘက် ဆိုင်ရာ ရာထူး တိုးမြှင့် ခံခဲ့ရသည်။ ပြီးခဲ့သည့်နှစ် ဧပြီ လဆန်းပိုင်းတွင် စစ်တပ် ရာထူးမှ အနားယူခဲ့ပြီး၊ မန္တလေးတိုင်း ဇဗ္ဗူသီရိ မြို့နယ်မှ နေ၍ ပြည်သူ့ လွှတ်တော် အတွက် ကြံ့ဖွံ့ပါတီမှ ကိုယ်စားပြုကာ ဝင်ပြိုင် ခဲ့ရာတွင် အနိုင်ရခဲ့သည်။

source by : မဇ္ဈိမ
Previous Post Next Post

Contact Form