ရဟတ်ယာဉ်ပျက် သူဌေးကြီး လူကြီးလူကောင်းဆန်ပုံ

မင်းနိုင်သူ | ရွှေဝါပြည်မှ သူဌေးကြီး ဦးသူရသည် ရဟတ်ယာဉ်ဖြင့် ရေခဲတောင်သို့ လေ့လာ ခရီးသွားစဉ် ရဟတ်ယာဉ် စက်ချို့ယွင်းကာ ရေခဲတောင်ပေါ်တွင် သောင်တင် နေလေသည်။

အနောက် နိုင်ငံကြီးများကို စီးပွားရေး ပိတ်ဆို့မှု ပြုလုပ်မည်ဟု ကြွေးကြော် ထားသည့် ရွှေဝါပြည် သူဌေးကြီး ဦးသူရကို ကယ်ဆယ်ရန် ကောင်းမွန်သည့် ရဟတ်ယာဉ်နှင့် ကျွမ်းကျင်သည့် ကယ်ဆယ်ရေး လုပ်သားများ မရှိဖြစ်နေရာ အနောက် နိုင်ငံများ၏ နည်းလမ်းများဖြင့် ချမ်းသာ ကြွယ်ဝ နေသော အိမ်နီးချင်း ယိမ်းနွဲ့နိုင်ငံသို့ အကူအညီ တောင်းရလေ၏။

အိမ်နီးချင်း ယိမ်းနွဲ့ နိုင်ငံကလည်း ကယ်ဆယ်ခ မြိုးမြိုးမြက်မြက် ရသဖြင့် သွားရောက် ကယ်ဆယ် လေသည်။

ကယ်ဆယ်ရေး အဖွဲ့သည် တကြိမ်လျှင် ၃ ဦးသာ ကယ်နိုင်မည် ဖြစ်ရာ ဦးသူရသည် သူနှင့်အတူ ရှိနေသူများကို အရင် ကယ်ထုတ် သွားရန် ပြောသဖြင့် ကယ်ဆယ်သူ များလည်း သူနှင့်အတူ ပါသူ ၅ ဦးအနက်မှ ၃ ဦးကို အရင် ကယ်ထုတ် သွားလေသည်။

ကယ်ဆယ်ရေး ရဟတ်ယာဉ်ပေါ် ပါလာသည့် ဦးသူရ ကုမ္ပဏီ ၀န်ထမ်း ၃ ဦးကို ကယ်ဆယ်ရေးလုပ်သားတဦးက

“ခင်များတို့ သူဌေးက လူကြီးလူကောင်းဆန်သားပဲဗျ။ သူများတွေ ပြောသလို မဆိုးပါဘူး။ အခု ခင်များတို့ကို အရင်ကယ်ထုတ်ခိုင်းတာပဲကြည့်လေ”ဟု ပြောလေသည်။

ပြောရင်း ကုမ္ပဏီဝန်ထမ်း သုံးဦးကို သေချာကြည့်မိသော် ရေခဲတောင်ဝတ် အနွေးထည်များ မတွေ့ရသဖြင့် မေးလေသည်။

“ခင်များတို့ဗျာ ရေခဲတောင် ဘက်ကို လာတာ အနွေးထည် ၀တ်မလာကြဘူးလားဗျ”

ကယ်ဆယ်ရေး ၀န်ထမ်း၏ အမေးကို သူဌေးကြီး ဦးသူရ၏ ကုမ္ပဏီ ၀န်ထမ်း တဦးက မေး တဆတ်ဆတ် တုန်ရင်း အောက်ပါ အတိုင်း ပြန်ဖြေ လေသည်။

“အနွေးထည်ပါ ပါသကောဗျာ။ ကျနော်တို့ အနွေးထည်တွေ အားလုံးကို မနေ့ ညကတည်းက သူ ယူဝတ်လိုက်တယ်ဗျ။ လူကြီး လူကောင်း ဆန် မဆန်တော့ မသိဘူး....ဟူး....ဂတ်....ဂတ်”

source by : ဧရာဝတီ ဘလော့ဂ်
Previous Post Next Post

Contact Form