တပ်ပြေး ခလေးစစ်သားကို ထောင်ဒဏ် အပြစ်ပေး

soldiers

မြန်မာစစ်တပ်ထဲမှာ ကလေးစစ်သား စုဆောင်းမှုတွေရှိ


မန္တလေးတိုင်း မဟာအောင်မြေ မြို့နယ်က အသက်၁၇ နှစ်အရွယ် ခလေး စစ်သားတဦး တပ်က ထွက်ပြေးပြီး မိဘထံ ပြန်ပြေးလာတာကို စစ်တပ်က ပြန်ဖမ်းပြီး တပ်ပြေး အဖြစ် ထောင်ဒဏ် တစ်နှစ် ချမှတ်လိုက်ပါတယ်။

၉တန်း ကျောင်းသားတဦး ဖြစ်တဲ့ စနေ ( ခေါ် ) မောင်ထက်ထက်အောင် ဟာ ၂၀၀၉ ခုနှစ်က စစ်သားအဖြစ် စုဆောင်းခံခဲ့ရအပြီး သင်တန်း ပြီးလို့ ၈လအကြာမှာ တပ်ကနေ ထွက်ပြေးသွား ခဲ့တာပါ။

ဒီဇင်ဘာလတုန်းက သူ့ကို မိခင် တပ်ရင်းက ပြန်ဖမ်းပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ရက်နေ့က ထောင်ဒဏ် ၁နှစ် ချမှတ်လိုက်ပါတယ်။

အခုလောလောဆယ် မောင်ထက်ထက်အောင်ဟာ လွိုင်ကော်အကျဉ်းထောင်မှာ အကျဉ်းကျ ခံနေရပါတယ်။

ဒီကိစ္စကို မိဘတွကေ ILO ကို ဆက်သွယ် တိုင်ကြားထားခဲ့ပေမဲ့ ကူညီမှုလုပ်ငန်းက အင်မတန် နှေးကွေးနေတယ်လို့ မောင်ထက်ထက်အောင်ရဲ့ ဦးလေးဖြစ်သူက ဘီဘီစီကို ပြောပြပါတယ်။

မောင်ထက်ထက်အောင်ဟာ ဦးနှောက်ထဲမှာ ငှက်ဖျားပိုး ဝင်ထားဖူးပြီး အခု ထောင်ထဲမှာ ငှက်ဖျားရောဂါ ပြန်ထနေတဲ့ အတွက် မိသားစုက စိုးရိမ် ပူပန်နေတယ်လို့လည်း ပြောပါတယ်။

အလားတူပဲ ဇန်နဝါရီလ ၁၉ရက်က မန္တလေးတိုင်း အမရပူရ မြို့နယ် ဆင်ရွာ မြင်းမူးအရပ်က မောင်ကျော်ရဲအောင် ဆိုတဲ့ အသက်မပြည့်သေးတဲ့ ခလေးတဦးကိုလည်း တပ်ပြေးဆိုပြီး ကျောက်ဆည် ခလရ ၁၄က တပ်ကြပ်တဦးက ခြိမ်းခြောက် ဖမ်းဆီးသွားပြီး အခုအခါ သူဘယ်မှာ ရောက်နေသလဲဆိုတာ မိဘတွကေ စုံစမ်းလို့ မရ ဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ လကလည်း ပဲခူးတိုင်း ဝေါမြို့နယ် တောစွန်းရွာမှာ တပ်က ပြေးလာတဲ့ အသက် ၁၄နှစ် အရွယ် မောင်ဇင်အောင်ကို မိဘနဲ့နေတာကြာကာမှ ဖမ်းသွားပြီး ထောင်ဒဏ် ၃နှစ်ခွဲ အပြစ်ပေးခဲ့ပါတယ်။

source by : http://www.bbc.co.uk
Previous Post Next Post

Contact Form