စစ်ကိုင်းမြို့ ပါရမီ ရပ်ကွက် မြို့နယ် အခွန် ဦးစီးရုံးမှ ဝန်ထမ်း ဓါးပြ

စစ်ကိုင်းမြို့ ပါရမီ ရပ်ကွက် မြို့နယ် အခွန် ဦးစီးရုံးမှ ဝန်ထမ်းများမှာ ပြည်သူများကို လည်ပင်း မညှစ်ရုံ တစ်မယ် ဒါးပြတိုက် သလို ငွေများစွာအား အတင်းအကျပ် တောင်းမြဲ တောင်းနေကြခြင်းအား စုံစမ်း အရေးယူ ပေးပါရန် ….။

ငွေအမြဲတမ်း မဟား ဒယား အကြောင်းမျိုးစုံပြ တောင်းနေသော ဝန်ထမ်း ၂ ယောက်၏ အမည်မှာ
  • ၁ ။ ဒေါ်ခိုင်ခိုင်လတ်
  • ၂ ။ ဒေါ်အေးငြိမ်းအိ
ကျွန်တော်၏ ကိုယ်တွေ့ ကျွန်တော်မှာ မိဘ ၂ ပါးရယ် အကို ၁ ယောက်ရယ် ညီမလေး ၁ ယောက်ရယ် ရှိပါတယ်…။

ယ္ခု ဖြစ်ရပ်မှာ ပုံစံ ( ၁၇ ) လုပ်ခဲ့သော ကျွန်တော်၏ ကိုယ်တွေ့ အမှန်တစ်ကယ် ဖြစ်ရပ် ဖြစ်ပါသည် … ပုဂ္ဂိုလ်ရေး လုံးဝ မပါဝင်ကြောင်း ဘုရားရှင်အား တိုင်တည် သစ္စာထား၍ ကျိန်တွယ် ပြောပြ လိုက်ရပါတယ်…။

ဖြစ်နိုင်ပါက စုံစမ်း အရေးယူပြီး ပုံစံ( ၁ရ ) လုပ်သော အခါတိုင်း ကျွန်တော် တို့လို အစိုးရ ဘဏ်မှာ ၀င်ငွေခွန် ဆောင်ပြီးသား သူများ အတွက် ကျပ် ၁သောင်း ပတ်ဝန်းကျင် လောက်သာ ချမှတ် ပေးပါရန်နှင့် ၄င်း ဝန်ထမ်း ၂ နှစ်ဦးအား ငွေ အမြဲတမ်း ညှစ်မှုဖြင့် လိုအပ်သလို အရေးယူ ပေးပါရန် နှင့် အရေးယူ ပေးနိုင်သော အထက် အရာရှိများအား ထပ်ဆင့် လက်ဆင့်ကမ်း ဆင့်ပွား ပေးကြပါရန် လေးစားစွာဖြင့် အကူအညီတောင်း မေတ္တာ ရပ်ခံ အပ်ပါသည် ခင်ဗျား ။

ကျွန်တော်၏ အမည်ရင်း မဖော်ပြခြင်းအား သည်းခံပေးပါရန်.. အကြောင်းမှာမူ အမည်ရင်း ပြောပြလိုက်ခြင်း အားဖြင့် ကျွန်တော် ကိုယ်တိုင် နှင့် နယ်ခံ ဖြစ်သော ကျွန်တော်၏ မိဘများမှာ နောက်လာမယ့် ကိစ္စများ တွင် ဒုက္ခ ရောက်မည် စိုးသောကြောင့် ဖြစ်ပါသည် …….။

ဖြစ်စဉ် …။

ကျွန်တော်၏ မိဘများမှာ စားသောက်ဆိုင်လေး ဖွင့်ထားကြပါတယ်… ကျွန်တော်မှာမူ ၁၀ တန်းအောင်၍ ရန်ကုန် မြို့ကြီးသို့ တက်ရောက်၍ မိဘများကို အလုပ်အကျွေး ပြုချင်သောကြောင့် ကိုယ်ဒူး ကိုယ်ချွန်ကာ သင်တန်းတွေ ကြိုးစားတက်ပြီး အလုပ်တွေ တစ်ခုပြီး တစ်ခု လုပ်လာကာ ယ္ခု နောက်ဆုံးတွင် ဒေါ်လာစား လခ ရသော ရေနံ ကုမ္ပဏီတစ်ခုတွင် လခစား ဝန်ထမ်း လုပ်ကိုင်ခွင့် ရခဲ့ပါတယ် ခင်ဗျား…။

ကျွန်တော်၏ မိဘ အပေါ် သိတက်မှုနှင့် ကြိုးစားမှုကြောင့် ကုမ္ပဏီမှ နိုင်ငံ ရပ်ခြားသို့ စေလွှတ်မှု အခွင့်လမ်း တစ်ခု ပေါ်ပေါက် လာခဲ့ရပါတယ်…။

အဲဒီမှာ စတွေ့တာ ပါပဲ ခင်ဗျာ…. သန်းခေါင် စာရင်းက စစ်ကိုင်း ဇာတိ ဆိုတော့ ပုံစံ ( ၁၇ ) က စစ်ကိုင်းကို ပြန်လုပ် ရတော့တာ ပါပဲ….။

ကုမ္ပဏီမှ ကျွန်တော်ရဲ့ စီနီယာ အကို အမ များလည်း ရှေ့ကနဦး ကတည်းက နိုင်ငံရပ်ခြား သွားနေကြတာတွေ လုပ်သက် ၂ နှစ်အတွင်း ကျွန်တော် မြင်တွေ့ ကြားသိ နေရပါတယ်… ဒီလို ရန်ကုန် မြို့တော်ကြီးမှာတောင်.. ပုံစံ( ၁ရ ) လုပ်ကြတဲ့ အခါတိုင်းမှာ ရုံးက လစာ ထုတ်တိုင်း MFTV BANK မှ လစဉ် ၀င်ငွေ အခွန် ထမ်းဆောင် ပြီးကြောင်း ထောက်ခံ စာတွေနဲ့ အတူ သွားခဲ့ ကြတာ ယ္ခု ချိန်ထိ ကျသင့်ငွေ ကျပ်ငွေ ငါးထောင် ( ၅၀၀၀ ) ပဲ တောင်းခံပါသတဲ့.. ပေးနေကြရပါသတဲ့။ ဒါလောက်ကတော့ ဖြစ်သင့်ပါတယ် ပေးလို့ ကြည်ဖြူ လျှောလျှော လျှူလျှူ ပေးနိုင်ပါတယ်..။

ကျွန်တော် ကိုယ်တိုင် အဲဒါ လုပ်ဖို့ အတွက် ကုမ္ပဏီ ကနေ လစဉ် ၁၀ % ရာခိုင်နှုန်း အစိုးရအား ပေးဆောင် ထားကြောင်းနဲ့ MFTV BANK မှ အခွန် ထမ်းဆောင် ကင်းရှင်းကြောင်း ထောက်ခံစာတွေ ယူဆောင် လာခဲ့ပါတယ် ခင်ဗျ ။

ဇာတ်လမ်းက အဲဒီ အခွန်ရုံးကို ရောက်တယ် ဆိုရင် ကျွန်တော် အေးအေး ဆေးဆေး ချိုချို သာသာပဲ ပုံစံ ၁၇ လုပ်ချင်လို့ပါ ။ ဘာတွေ လိုအပ် ပါသေးလည်း အရင် မေးပါတယ်… ရပ်ကွက် ထောက်ခံစာနဲ့ ရဲစခန်း ထောက်ခံစာ လိုပါတယ် ဆိုလို့ ကျွန်တော်မှာ တောင်နဲ့မြောက် တကယ် ကို အပြေးလွှား သွားခဲ့ ရပါတယ်…။

ရဲစခန်းက ရဲ အရာရှိတွေနဲ့ တာဝန်ရှိသူတွေက တကယ် သဘောကောင်းကြပါတယ်… ကိုယ်လိုတာ ရလို့ သဘောကောင်း တယ်လို့ ပြောတာ မထင်စေချင်ပါဘူး… ပုံစံထဲ ဘောင်ထဲ ကနေ သဘောကောင်းချင်းကို ဆိုလိုတာပါ ခင်ဗျာ..။ ထောက်ခံစာ လုပ်ပြီးလို့ အကို့ ကျွန်တော် ဘာများ လုပ်ပေးရမလည်း မေးတော့.. ရပါတယ် စာရွက်ဖိုးသာ ပေးပါတဲ့ ၅၀၀ ပဲ တောင်းပါတယ် ခင်ဗျာ..။ ကျွန်တော် ဖလားထဲကို ၁၀၀၀ တန် ထည့်ပေး ခဲ့ပါတယ်.။

အားလုံး စုံလို့ အခွန်ရုံး ပြန်ရောက် လာခဲ့ပါတယ်…။ ဒုဦးစီးမှုး အဲဒီ ဒေါ်ခိုင်ခိုင်လတ် ကို တွေ့ရဖို့ အရေး စာရေးမ အေးငြိမ်းအိ ဆိုတဲ့ ကျွန်တော်ထက် ငယ်မယ့် ပုံရတယ် သူကိုတွေ့ ရတာနဲ့တင် စိတ်ညစ်မိတာများဗျာ…. မျက်နှာက တလောကလုံး သူ့လုပ်စာ စားနေတဲ့ ရုပ်နဲ့ မျက်နှာကို ချီနေတာပဲ..။

သူတင် မကပါဘူး သူ့အရာရှိ ဒေါ်ခိုင်ခိုင်လတ် ပိုဆိုး သဗျာ ..။ အဲဒီ အမျိုးသမီးဗျာ မျက်နှာထားက တော်တော် တင်းထန်ပါတယ်… သူ့ဆီက ပိုက်ဆံ လာတောင်းတဲ့ ပုံစံမျိုးနဲ့ကို ဟောက်လိုက် ဆိုလိုက် ပြောလိုက်နဲ့ဗျာ…။

ပုံစံ (၁၇) လုပ်ချင်လို့ ဆိုတော့ ၁ ယောက်ကို ၄ သောင်း ပေးရ ပါမယ်တဲ့ဗျာ… ဘယ်နှယ့် ရန်ကုန်မှာတောင် ဘယ်ချိန် လုပ်လုပ် ငါးထောင်ပဲ …… ကျွန်တော်လည်း မခံပါဘူး ရန်ကုန်မှာတောင် ဒါလောက်ပဲ ကျတာ ဒီမှာ ကျွန်တော် အဲဒီလောက် မပေးနိုင်ဘူးပေါ့… နောက်ပြီး ကျွန်တော့်မှာ ကုမ္ပဏီကနေ လစဉ် ၁၀ % ရာခိုင်နှုန်း အစိုးရအား ပေးဆာင် ထားကြောင်းနဲ့ MFTV BANK မှ အခွန်ထမ်းဆောင် ကင်းရှင်းကြောင်း ထောက်ခံစာ ပါလာပါတယ် ဆိုပြီး ပြလိုက်ပါတယ်…။

အဲဒါဆို သန်းခေါင် စာရင်းလေး ပြပါဆိုလို့ ကျွန်တော် ပါလာတဲ့ စာရွက် စာတမ်း အစုံလိုက်ကို သူ့ကို ပေးလိုက်ပါတယ်…။ စာရွက်ကြည့်ပြီး သြ…. ဦး--- ရဲ့ သားကိုးတဲ့…. …။ စတင်ပြီး အပြစ် ရှာပါတော့တယ်…။ မင်းအဖေက စားသောက်ဆိုင် ပိုင်ဆိုင်တာကို အခွန် ဘယ်တော့မှ မဆောင်ဘူး ပတ်ပြေးနေတာတဲ့….. ကျွန်တော် တော်တော် အံ့သြ သွားတာပါ.. တကယ်လည်း အဲဒါကို မသိပါဘူး….။

မင်းအဖေက တကယ့် အခွန်ဆောင်ရင် သိန်းကို ဆယ်နဲ့ချီပြီး ဆောင်ရမယ့် ဟာကို ငါတို့က စည်းကျပ်ခွန် အနေနဲ့ နားလည်မှုနဲ့ ၁ နှစ်ကို ၁၂၀၀၀၀ ( တစ်သိန်း နှစ်သောင်း ) ကို ၆ လ ၁ ခါ ၆ သောင်း စီပဲခွဲ ဆောင်ခိုင်းတာကို မဆောင်ဘူး အခွန် မဆောင်ပဲ ရှောင်ပြေးနေတာတဲ့…။ အဲဒါ အခွန် ၆ သောင်း ဆောင်မယ် ဆိုမှ ပုံစံ (၁၇ ) လုပ်ပေး မတဲ့ဗျာ… အကြီးဆုံး ဦးစီးမှူး ကိုလည်း မင်းပြောတဲ့ ၅၀၀၀ နဲ့ ရအောင် ပြောပေး မတဲ့ဗျာ…။

ကျွန်တော်က အဲဒါက အဖေ ပိုင်တာပဲ ကျွန်တော်နဲ့မှ မဆိုင်တာ နိုင်ငံခြားသွားတာ အဖေမှ မဟုတ်တာ… ကျွန်တော် ကလည်း အခွန် ကင်းရှင်းကြောင်း အကုန် ပါနေပီပဲ ဘာမှ မဆိုင်တာ မဟုတ်ဘူးလား မေးတော့ .. အဲဒါက ဝင်ငွေခွန် အဲဒါက လုပ်ငန်းဝင်ခွန်နဲ့ ရှုပ်ရှက်ခတ် နေအောင် ဘာတွေ ပြောမှန်း မသိပါဘူးဗျာ… ဒါနဲ့ပဲ ကျွန်တော်လည်း စိတ်လျှော့ပြီး အဖေကို အခွန်ဆောင်ဖို့တွက် ဖုန်းနဲ့ လှမ်းမေးတော့…

အဖေ…………. ဟင် မင်းအကိုကြီး သွားဆောင် ပေးထားတာ ၂လပဲ ရှိသေးတယ်တဲ့…

ကျွန်တော်….ဟာ ဒါဆို အကိုကြီးကို မေးဦးမှပဲ…။ ကိုကြီးရေ ဒီလို ဒီလို အကျိုးအကြောင်း ပြောပြလိုက်တော့…။

အကိုကြီး……..တောက် xxxxx ကောင်မတွေ ငါဆောင်ပြီးသားကို ပတ်ပြေး နေတယ် ပြောတယ် ဟုတ်လား အေး.. ငါ ခုပဲလာခဲ့မယ် ..အဲဒီမှာ စောင့်နေ…။

အကိုကြီး စာရွက် စာတမ်းတွေ ကိုင်ပြီး ဒေါသတွေနဲ့ ရောက်လာပါတယ်…အဲဒီ ခိုင်ခိုင်လတ် အခန်းထဲ ဝင်သွားပါတယ်… အကိုက စာရွက်တွေ ပြပြီး ဆောင်ထားတာ ၂ လပဲ ရှိသေးတယ် ခင်ဗျားတို့ ဘာဖြစ်လို့ ဒီလိုတွေပြောတာလည်း ဆိုတော့…. ဝေ့လည် ကြောင်ပတ်နဲ့ စကား လမ်းကြောင်းတွေ လွှဲပြီး အဲဒီ ဆောင်ထားတဲ့ အခွန်ကို တောင်းတာ မဟုတ်ပါဘူး.. ကြိုတင်ခွန် ဆောင်ဖို့ တောင်းတာပါ ဆိုပြီး လေသံတွေ လျှော့သွားပါတယ်.. (စောနက လေသံထက် အနည်းငယ်ပေါ့) ။

ကြိုတင်ခွန်က ဘာလို့ ဆောင်ရတာတာလည်း မေးတော့ … စားသောက်ဆိုင်တိုင်း ပေးပြီးပြီ မင်းတို့ပဲ မပေးသေးတာလို့ ဆိုပြန် ပါတယ်…။ ဒါနဲ့ အကိုကြီးလည်း ဟုတ်ကဲ့ အဲဒါဆို ခဏနော် ဆိုပြီး ကျွန်တော့်ကို ခေါ်ပြီး အပြင် ထွက်လာပြီး သူ့ရဲ့ နီးစပ်ရာ သူငယ်ချင်း စားသောက်ဆိုင်တွေကို အမြန်ဆုံး မောင်နှင်ပြီး လိုက်ပြီး စုံစမ်း မေးမြန်း ကြပါတယ်… ဘယ်သူမှ မဆောင်ရ သေးပါဘူးတဲ့… ကဲ နည်းမျိုးစုံနဲ့ အရှက် မရှိ စတမ်း တောင်းနေတာနော်…။ ဒါနဲ့ပဲ အခွန်ရုံး ပြန်လာ အကိုကြီးက အချက်အလက်နဲ့ ပြောတော့… အဲဒီ မိန်းမ မျက်နှာက စိတ်ပျက် လက်ပျက်နဲ့ အရှက် မရှိစွာနဲ့ … ဒါက ဒီလို အလွယ် ပြောလိုက်တာပါ… အမှန်က နိုင်ငံခြား သွားတဲ့ လူတိုင်း ကြိုတင်ခွန် ဆောင်ရတာတဲ့… ။ မဆောင်ရင် လုံးဝကို ပုံစံ(၁၇) မပေးနိုင်ပါဘူးလို့ ပေါ်တင်ကို ပြောပါတယ်ဗျာ…။ သွားတာက ကျွန်တော်ပါ.. ခုက အဖေ ပိုင်ဆိုင်တာကို အခွန်လည်း ဆောင်ပြီးပါပြီ…. မဆိုင် တာတွေကို အတင်း ထပ်ခါ ထပ်ခါ ပုံစံမျိုးစုံနဲ့ လှည့်ပတ် တောင်းနေတာပါဗျာ ကဲ။

ပြီးတော့ မျက်နှာထား တင်းတင်းနဲ့ မင်းတို့ကို အပေါ်က တောင်းတဲ့ အတိုင်း မတောင်းချင်လို့ … ဒါကို မင်းတို့က ဖြစ်ပျက်နေတယ်လည်း ဆိုရော.. ကိုကြီးက ကောင်းပြီး ကျွန်တော်တို့ ဆောင်မယ် .. ဆောင်ရင် အရင်က ဆောင်ထား သမျှတွေကို ခင်ဗျာတို့ ဘောက်ချာနဲ့ လက်မှတ် ထိုးပေးပါ.. ခု လက်ရှိ ဆောင်တာရော ထိုးပေးပါလို့ ပြောတော့… အို….အဲဒါတော့ ဘယ်ဖြစ်မလည်းတဲ့… ဘောက်ချာ လက်ခံတောင်းတော့ အတော် ကြောက်ကန်စွာ ငြင်းပါတယ်..။ ကဲ ပြည်သူများ အရာရာ ခံဘက်ကကြီးပါပဲဗျာ….။ အလုပ် သွားလုပ်တာလည်း မဟုတ်ပါဘူးဗျာ ကုမ္ပဏီက သင်တန်း တက်ခိုင်းလို့ သွားတက် ရမှာပါဗျာ နိုင်ငံခြားလည်း မရောက်ဖူးတော့ သွားချင်တာပေါ့ဗျာ… မိဘတွေကဆို နိုင်ငံခြား သွားရလို့ ဆိုပြီး ဂုဏ်တွေယူပြီး တပြုံးပြုံး ဖြစ်နေကြတာလေ အဲလို ရိုးသားကြတဲ့ နယ်ခံတွေပါဗျာ..။

ကျွန်တော်တို့မှာ ကျားကြောက်လို့ ရှင်ကြီး အားကိုး ရှင်ကြီး ကျားထက် ဆိုးနေတဲ့ အဖြစ်နဲ့ တိုးနေတာပေါ့ဗျာ… ဘယ်တက်နိုင် မလည်း သူတို့ပေးမှ သွားရမယ့် အဖြစ်ကိုဗျာ အဲဒါနဲ့ အကိုလည်း ၆ သောင်း ဆောင်…. ကျွန်တော်လည်း ၅၀၀၀ ထပ်ပေး .. ကဲ စစ်ကိုင်းက ပုံစံ (၁၇) ရလာ ခဲ့ပါပြီဗျာ…။

ကုမ္ပဏီက နိုင်ငံခြား ထပ်လွှတ်ရင်တောင် အကိုနဲ့ ဖေဖေ မေမေ တို့ကို သနား လွန်းလို့ သွားရဖို့ အတွက် စစ်ကိုင်းက ပုံစံ (၁၇) လုပ်ရမှာတောင် ကြောက်နေပါပြီဗျာ… ကယ်ကြပါဦး အရပ် ကတို့ရေ…. ဒါက စစ်ကိုင်းက ပုံစံ (၁၇) လုပ်ပုံ လုပ်နည်းပါ ခင်ဗျ… ရန်ကုန်သူ ရန်ကုန်သား တခြားနယ်သား တွေတောင် ဒီလောက် ခက်မယ် မထင်ပါဘူး…. ဟူးးးးးး…။

အရှင်ဘုရား တပည့်တော် တို့ကို သနား ညှာတာသော အားဖြင့်.. ဤလို ဝန်ထမ်းများအား အမြန်ဆုံး ဆုံးမ အရေးယူ နိုင်သောသူ ပေါ်ပေါက်လာပါစေ….။ ဤစာရသော သူများလည်း ကျွန်တော်နှင့် ရိုးသားသော နယ်သူ နယ်သား မိဘ မောင်နှမ များအား သနားသော အားဖြင့် လက်လှမ်းမှီရာ လက်ဆင့်ကမ်း ဖြန့်ဝေခြင်းဖြင့် ကူညီပေးပါရန်…. လေးစွားစွာ ဖြင့် အသနားခံ တောင်းပန် အပ်ပါသည် ခင်ဗျား….။

ကျေးဇူးတင်လွန်းစွာဖြင့်
စစ်ကိုင်းသား …။
Previous Post Next Post

Contact Form