ပြည်သူတွေရဲ့ မလွတ်လပ်တဲ့ အနေအထားတွေကို ဖယ်ရှားဖို့ ဝိုင်းပြီးတော့ ကြိုးစားကြပါ

“ကျမတို့ရဲ့ နိုင်ငံ၊ ကျမတို့ရဲ့ ပြည်သူတွေရဲ့ မလွတ်လပ်တဲ့ အနေအထားတွေကို ဖယ်ရှားဖို့ ဝိုင်းပြီးတော့ ကြိုးစားကြပါ’’ လို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ရန်ကုန်မြို့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်မှာ ဇန်နဝါရီလ ၄ ရက်နေ့ ၂ဝ၁၁ ခုနှစ် ယနေ့ကျင်းပတဲ့ ၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား၌ မိန့်ခွန်း ပြောကြားခဲ့သည်။ အခမ်းအနားသို့ ဝါရင့် နိုင်ငံရေး သမားကြီးများ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ သံတမန်များ၊ ၂ဝ၁ဝ ရွေးကောက် ပွဲဝင် တသီးပုဂ္ဂလ အမတ်လောင်းများနှင့် ပါတီဝင်များ စုစုပေါင်း လူအင်အား ၁ဝဝဝ ကျော် တက်ရောက်ခဲ့သည်။


ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်ပါ။


source by : http://www.naytthit.net
Previous Post Next Post

Contact Form