နှစ်သစ်ကူး နူတ်ခွန်းဆက် သဝဏ်လွှာ

နှစ်ဟောင်း လွန်မြောက် နှစ်သစ် ရောက်ချိန်တွင် ကျွန်မ၏ နိုင်ငံရေး ဘဝ ဖြတ်သန်းမှုကို ပြန်လည် သုံးသပ်ကြည့်သော အခါ.. ပြည်သူ လူထု၏ ဒီမိုကရေစီနှင့် လူအခွင့်အရေး အတွက် ကြိုးပမ်းသည့် ကာလ၊ နေအိမ် အကျယ်ချုပ် ကျခံသည့် ကာလ၊ ပြန်လည် လွတ်မြောက် လာသည့် ကာလ ဟူ၍ ကာလ သုံးပါးကို တွေ့မြင် ရပါသည်။

ယင်းကာလ သုံးပါး စလုံးတွင် ကျွန်မ အတွက် လည်းကောင်း၊ ကျွန်မ၏ ရည်မှန်းချက် အတွက် လည်းကောင်း၊ ကျွန်မ၏ ကြိုးပမ်း ဆောင်ရွက်မှုများ အတွက် လည်းကောင်း၊ ထောက်ခံသူ အားပေးသူ ကူညီသူ အမြောက်အများ ရှိပါသည်။ နိုင်ငံ့ ခေါင်းဆောင်များ၊ ဘာသာရေး ခေါင်းဆောင်ကြီးများ၊ ငြိမ်းချမ်းရေး နိုဘယ် ဆုရှင်များ အပါအဝင် ပုဂ္ဂိုလ်များ၊ ကုလ သမဂ္ဂ၊ ဥရောပ သမဂ္ဂ၊ အပြည်ပြည် ဆိုင်ရာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ စသည် စသည် ပါဝင်သော အဖွဲ့အစည်းများ၊ အမေရိကန်နှင့် ဥရောပ နိုင်ငံ အများအပြားမှ နိုင်ငံသူ နိုင်ငံသားများ၊ ပြည်တွင်း ပြည်ပမှ ကျွန်မတို့ တိုင်းရင်းသား ပြည်သူများ ပါဝင်ကြပါတယ်။

ထိုသူများ၏ ကာယကံ အားဖြင့်၊ ဝစီကံ အားဖြင့်၊ မနောကံ အားဖြင့် ရိုင်းပင်း ကူညီခဲ့သူများ အတွက် ကျွန်မက အထူးတလည် ကျေးဇူး ဥပကာရ တင်ရှိပါကြောင်း အလေးအနက် ဖော်ပြ အပ်ပါတယ်။

အထူးသဖြင့် ယခု တစ်ကြိမ် ပြန်လွတ်ရာတွင် ပိုမို တက်ကြွ နေသော လူငယ်များ အပါအဝင် ပြည်သူများမှ အင်တိုက် အားတိုက် ထောက်ခံ အားပေးမှုကြောင့် ကျွန်မ အလွန် ဝမ်းမြောက် ကြည်နူး ရပါသည်။ အမျိုးသား ပြန်လည် သင့်မြတ်မှု ရရှိရေး စစ်မှန်သော ပြည်ထောင်စု စိတ်ဓာတ် တဖန် နိုးထ ရှင်သန်လာရေးတို့ အတွက် ပြည်သူ့ နိုင်ငံရေး လူမှု ကွန်ယက်ကြီး တစ်ရပ် ထူထောင်ခြင်းဖြင့် ကျွန်မတို့ မဖြစ်မနေ ကြိုးပမ်း ရပါဦးမယ်။ မင်္ဂလာ နှစ်သစ်တွင် ခွန်သစ် အားသစ် လုပ်ငန်း ပုံစံသစ်ဖြင့် တိုင်းရင်းသား ပြည်သူ အားလုံး လက်တွဲ ကြိုးပမ်း ကြပါစို့ဟု နှိုးဆော်ရင်း နူတ်ခွန်း ဆက်သ လိုက်ပါသည်။

ရက်စွဲ ၁-၁-၂၀၁၁

ဒီမိုကရေစီရေး မုချအောင်ရမည်

အောင်ဆန်းစုကြည်။

Daw Aung San Suu Kyi's New Year Message for 2011

Yangon, December 31 -- Given below is the advanced copy of the NewYear Message of democracy icon Aung San Suu Kyi acquired by ++++++.
...This message is to be issued in Burmese on January 1 next year.


“On studying my political life at the time of the New Year, I foundout three periods – t...he period of my struggle for democracy and humanrights for the people, the period of house arrest and the period after my release.

“In all these three periods, the great majority of people have comeout in support of me as well as my aspirations and my struggles. These peoples include leaders of nations, leaders of religiousdenominations, Nobel laureates, United Nations, European Union,Amnesty International, peoples of United States and many European
countries and people of all nationalities in and out of our country.

“I would like to stress my deep gratitude to all these peoples."

“I am very happy to note that more enthusiastic and tremendous support has been shown to me by the people including youths on myrelease from detention this time. I shall relentlessly struggle for bringing about a wide-ranging political and social network for national reconciliation and re-emergence of genuine Union Spirit.

Allow me to call on all the people of the country to join with me in this task with renewed vigour. This is my message.”The cause of democracy shall certainly prevail.

( Signature )

Aung San Suu Kyi

As Aung San Suu Kyi came out of office, the awaiting newsmen requested her to speak a few words in English on the occasion of the New Year eve.

Aung San Suu Kyi in English said: “We hope that we will see a year that is happier for all the people of the world including the peopleof Burma. We do hope for more inclusive political process in the country that will bring about national reconciliation. We do also hope that there would be greater freedom of information for the sake of journalists and correspondents in Burma.”

(Source: Inside Burma)
Previous Post Next Post

Contact Form