ခဏလေး စောင့်ပေးပါ......
  • Share this
  • Sumbit to Digg
  • Sumbit to StumbleUpon
  • Sumbit to Delicious
  • Sumbit to Technorati
  • Sumbit to Reddit
  • Sumbit to Mixx
  • Sumbit to Twitter
  • Sumbit to Furl
  • Sumbit to Design Float
  • Sumbit to Blinklist
  • Sumbit to Yahoo Buzz
  • Sumbit to Google Bookmarks

ရန်ကုန်မြို့ မြောက်ဥက္ကလာပ ၆ ကွေ့ မှတ်တိုင်မှာ လိုင်းကားတစီးပေါ်က တပ်မတော်ကို စည်းရုံးတဲ့ စာတွေ ကြဲချ သွားတယ်လို့ သိရှိရပါတယ်။

စာထဲမှာပါဝင်တဲ့ အကြောင်းအရာတွေကတော့

“စစ်သည်တော်အပေါင်းတို့ တိုင်းရင်းသားပြည်သူများအပေါ် အနိုင်ကျင့် ကျူးကျော်သော ထိုးစစ်များကို စွန့်ခွာ ခဲ့ပါ။

စစ်အာဏာရှင် စစ်ကျွန်မှ ပြည်သူ့စစ်သည်တော်အဖြစ် ဘက်ပြောင်း ခိုလှုံကြပါ”
စတဲ့ စာသားများ ပါဝင် ပါတယ်။

စာတွေကို တွေ့တဲ့ အနီးအနားက လူတွေက ကောက်ဖတ်ကြပါတယ်။ နောက်ပိုင်း ရဲတပ်ဖွဲ့ဝင်တွေပါ ကောက်ဖတ် နေကြတယ်လို့ တွေ့ရှိသူတဦးက ပြောပြပါတယ်။


စာကိုဖတ်တဲ့ လူတချို့ကတော့ ဒီလိုစာတွေဖြန့်တာ ကောင်းတယ်၊ ဒါမှ သူတို့တွေ အမြင်မှန် ရလာကြမယ် စတဲ့ မှတ်ချက်တွေကိုလည်း ပြောနေကြတယ်လို့ သိရှိရပါတယ်။


နအဖဟာ ၂၀၁၀ ရွေးကောက်ပွဲ ပြီးနောက်ပိုင်း နယ်ခြားစောင့် လုပ်ခိုင်းလို့မရတဲ့ အပစ်ရပ် အဖွဲ့တွေရဲ့ နယ်မြေတွေကို ထိုးစစ်တွေဆင်ဖို့ စစ်ပြင်ဆင်မှုတွေ ရှိနေပါတယ်။ လက်ရှိမှာလည်း ၂၀၁၀ ရွေကောက်ပွဲ နေ့ကတည်းက စလိုက်တဲ့ ဒီအေဘီအေ အဖွဲ့နဲ့ နအဖ တိုက်ပွဲတွေဟာ ဒီနေ့အထိ တိုက်ပွဲတွေ တဖြည်းဖြည်းနဲ့ ပြန့်နှံ့ ကျယ်ပြန့် လာနေပါတယ်။


source by : http://www.naytthit.net