တိုက်ပွဲ သတင်းများ

နံနက်(၉ နာရီ ၃၀ မိနစ်)
ကျောင်းသားတပ်မတော် (ABSDF) နှင့် (DKBA) တို့ပူးပေါင်းပြီး ဝေါလေဒေသ အရံဗျူဟာကုန်း သုခမြိုင် တံတားစခန်း (ရွှေမုတ်စခန်း) ကို ယမန်နေ့ည ၉ နာရီ ၂၀ မိနစ်တွင် ၀င်ရောက် သိမ်းပိုက်နိုင်ခဲ့သည်။ နအဖ ဘက်မှ စစ်သား အလောင်း ၇ လောင်းတွေ့ရှိပြီး ဆက်သွယ်ရေးစက်တလုံးကိုလည်း သိမ်းယူနိုင်ခဲ့သည်။ မိမိတို့ဘက်မှ အထိအခိုက်မရှိကြောင်း သိရှိရသည်။

ကျောင်းသားတပ်မတော်မှ ရဲဘော်များ တိုက်ပွဲအတွင်း တွေ့ရစဉ်

နံနက်(၉ နာရီ ၂၀ မိနစ်)
တပ်ခေါ်ကျိုးတောင်ခြေတွင် ရောက်ရှိနေသော စစ်အစိုးရတပ် ခလရ (၆၁) ၊ ခမရ (၂၃၀)၊ ခမရ (၅၄၇) မှ ရှေ့ပြေးစစ်ကြောင်းတပ်ဖွဲ့ကို ဒီကေဘီအေဗျူဟာ(၁)မှူး ဗိုလ်မှူးကြီး စောကျော်သက် အဖွဲ့က ၀င်ရောက် ပစ်ခတ်ပြီး စစ်တပ်မှ တပ်သား ၁၀ ဦးထက်နည်း ထိခိုက်ဒဏ်ရာရကြောင်း သိရှိရသည်။

source by : http://soneseayar.blogspot.com
Previous Post Next Post

Contact Form