ခဏလေး စောင့်ပေးပါ......
  • Share this
  • Sumbit to Digg
  • Sumbit to StumbleUpon
  • Sumbit to Delicious
  • Sumbit to Technorati
  • Sumbit to Reddit
  • Sumbit to Mixx
  • Sumbit to Twitter
  • Sumbit to Furl
  • Sumbit to Design Float
  • Sumbit to Blinklist
  • Sumbit to Yahoo Buzz
  • Sumbit to Google Bookmarks

ကျွန်တော် စိတ်တွေ အရမ်း ညစ်လာပြီး ထွက်ပေါက် ပိတ်သလို ခံစားရတဲ့ အခါ မြတ်ဗုဒ္ဓရဲ့ လမ်းညွှန်ချက်တွေကို ဖတ်ဖြစ်ပါတယ် ။ မိတ်ဆွေအပေါင်းတို့ကိုလည်း သေချာစွာ ဖတ်ကြည့်စေချင်တယ်။

သိလာခဲ့ရင် လည်း လိုက်နာ ကျင့်ကြံဆောင် ရွက်စေချင်တယ် ။ ကိုယ်တိုင်ပါဋ္ဌိ လို မဖတ်တတ်တော့ ဆရာတော် သံဃာတော်များ ရဲ့ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကို လေ့လာပြီး ဖတ်ရူရပါတယ် ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော် က ဟောပြော ဆုံးမခဲ့တာတွေကို အခုချိန်ထိ ကျွန်တော်တို့ တွေ လေ့လာ သိရှိခွင့်ရတာ ဟာ သံဃာတွေများရဲ့ အကျိုးကျေးဇူးပါ ။ ဒါကြောင့်လည်း ရတနာ သုံးပါးမှာ ထည့်သွင်းပြီး ကိုးကွယ်နေကြရတာပါ ။

အခုတော့ ဗုဒ္ဓဘာသာ ထွန်းကားတဲ့ တိုင်းပြည်မှာ ရတနာ သုံးပါး တပါးအပါအ၀င်ဖြစ်တဲ့ သံဃာတော်များကို ပင် မိစ္ဆာအယူဝါဒကို ကျင့်သုံးသည့် တိရစ္ဆာန်များက စော်ကားမှု ပြုနေကြပြီ ဖြစ်သည် ။

ဒီအတိုင်းသာ ဆက်သွားရင်တော့ သာဿနာ ကွယ်မှာ သေချာနေပါပြီ ။ မြန်မာလုမျိုး ဖြစ်ရတာ ကံကောင်းတယ်လို့ ပြောနိုင်တဲ့ အချက်က

ဗုဒ္ဓရဲ့လမ်းညွှန်ချက်များကို လိုက်နာ ကျင့်ကြံခွင့် ရခဲ့ကြလို့ပါဘဲ ။ သာဿနာ ကွယ်ခဲ့ရင် နောင်လာမည့် မျိုးဆက်က ကျွန်ူပ်တို့ကို ပြစ်တင်ပြောဆိုကြမှာ မုချဧကန်ပါဘဲ ။

လောကမှာ အယူဝါဒပေါင်းစုံရှိကြပါတယ် ။ ဘယ်အယူဝါဒမှာ မှ ကိုယ်ကိုးကွယ်တဲ့ ဘာသာကို စော်ကားတယ်ဆိုတာ မရှိပါဘူး ။

မြန်မာနိုင်ငံမှာတော့ ဗုဒ္ဓဘာသာလို့ အမည်ခံထားတဲ့ လူတစ်စုကဘဲ သာဿနာကို အမျိုးမျိုးစော်ကား ပြနေပါပြီ ။

ဒီလို စော်ကား ပြုမူ လုပ်ဆောင်မှုတွေကို ခံနေရတာ ကျွန်တော်တို့ တစ်တွေ ကိုယ့်အမှားကို ကိုယ်မပြင် နိုင်ကြသေးလို့ပါဘဲ ။

သေချင်းတရားဆိုတာ လူတိုင်းလူတိုင်း မလွဲမသွေ ကြုံတွေ့ရမည့် အရာတခုပါ ။ အင်မတန်ရခဲလှတဲ့ လူဖြစ်ခိုက်လေးမှာ လူပီသအောင် နေကြဖို့ အရေးကြီးဆုံးပါဘဲ ။ လူမှန်ရင် အတ္တ နဲ့ ပရ မျှတအောင် ကျင့်ကြံနေထိုင်ရပါတယ် ။ ကိုယ့်အတွက် ကြိုးစားရသလို အများအတွက်လည်း ထည့်သွင်း စဉ်းစားပေးရပါတယ် ။ အခုတော့ ငါဆိုတဲ့ အတ္တက များနေတော့ တိုင်းပြည်ကြီးသာ တဖြည်းဖြည်းပျက်စီး ဆုတ်ယုတ်လာပါတယ် ။

ကျွန်တော်တို့ မြန်မာလူမျိုးတွေ ရဲ့ အကျင့်ကတော့ မပြောင်းလဲကြသေးပါဘူး ။ အချို့တွေက အသိတရား ရကြလို့ ပြင်လာကြတာတွေလည်းရှိပါတယ်။

ဒါပေမယ့် လူနည်းစုပါ ။ စည်းလုံး ညီညွှတ်ခြင်းဟာ အင်အားလို့ တရားတော် များမှာ ပြဆိုထားတာ တွေ ရှိသလို ၊ လူတိုင်းလည်း သိရှိနားလည် ပြီးသားပါ။

တကယ့်လက်တွေ့မှာတော့ စစ်မှန်တဲ့ စည်းလုံးညီညွှတ်ရေးကို အခုချိန်ထိ မဖော် ဆောင် နိုင်ကြသေးပါဘူး ။

အဲဒီတော့ မိတ်ဆွေအပေါင်းတို့ ကိုယ့်ရဲ့ စိတ်မှာဖြစ်ပွား နေတဲ့ အရာတွေကို မြတ်ဗုဒ္ဓရဲ့ တရားတော်တွေနဲ့ နှိုင်းယှဉ် လေ့လာသုံးသပ်ပြီး ပြုပြင်စရာ ရှိတာများကို ပြုပြင်ပေးကြပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည် ခင်ဗျာ ။



ခင်မင်လေးစားလျှက်

ဗမာ့သွေး



မြတ်ဗုဒ္ဓရဲ့ လမ်းညွန်ချက်

သူတစ်ပါးမှာ အမှားတစ်ခုခု ချို့ယွင်းချက်တစ်ခုခု တွေ့တဲ့အခါ ကိုယ့်မျက်နှာကို မှန်ထဲမှာ ကြည့်နေသလို သဘောထားပါ။

ကိုယ့်ကိုယ့်ကို တကယ်သတ္တိရှိတယ် ထင်ရင် ကိုယ့်အမှားကို ကိုယ် ရဲရဲကြီး ပြင်လိုက်ပါ။

အမှားအယွင်းတွေ၊ ချို့ယွင်းချက်တွေကို မကြောက်တဲ့သူ အမှားထဲက ပညာရအောင် ယူတတ်တဲ့သူဟာ အမှားကိုပဲ ကောင်းတဲ့ဘက်က အကျိုးရှိအောင် ယူနိုင်လို့ မှားတာဟာ တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတစ်ခု ဖြစ်သွားတယ်။

အကောင်းကို အဆိုးဖြစ်အောင် မြင်တတ်တာဟာ အသိအမြင် မှားယွင်းမှူတွေထဲမှာ အဆိုးဆုံး၊ အထိခိုက်ဆုံး အမှားမြင်ပုံပဲ။

အဆိုးတွေ ဘယ်လောက်ကြုံရကြုံရ အကောင်းကို မျှော်လင့်ချက်ထားပြီး လုပ်သင့်တာကို ဆက်ပြီး လုပ်နိုင်ရမယ်။ ဒါကြောင့် စိတ်ကို သိနေတဲ့ အလေ့အကျင့် ရှိဖို့ သိပ်အရေးကြီးတယ်။

ကိုယ့်အဆိုးကို လက်ခံနိုင်မှသာ အဲ့ဒီ့အဆိုးဟာ အကောင်းဘက်ကို တဖြည်းဖြည်း ပြောင်းသွားမယ်။ လက်မခံနိုင်သေးသရွေ့ ဖုံးကွယ် ထားသရွေ့ အကောင်းဖြစ်မလာနိုင်ဘူး။

အမှန်တော့ ဘ၀နဲ့ ပတ်သက်ပြီး အလေးနက်ဆုံး အသိဉာဏ်ကို အဆိုးနဲ့ ကြုံရပြီး အဆိုးကို ခံနိုင်ရည် ရှိပြီးတော့ ဒိအဆိုးထဲက အသိဉာဏ်ရပြီး လွန်မြောက်လာတဲ့သူတွေကမှ ရတယ် ။

သူတပါး အပြစ်ကို ထောက်ပြရုံနဲ့ ကိုယ့်အပြစ်က ပျောက်မသွားဘူး။

စေတနာဆိုးနဲ့ လုပ်တာတွေ အားလုံးဟာ ကိုယ့်စိတ်ထားကို အောက်တန်းကျသွားစေတယ်။

ဘ၀တစ်ခုလုံးဟာ လက်တွေ့ စမ်းသပ်မှူ လုပ်နေတာပဲ။ အမှားတွေကို များများပြင်နိုင်တဲ့သူ ဖြစ်ဖို့လိုတယ်။ တစ်ချို့ လူတွေဟာ မှားနေမှန်း မသိဘူး။ တစ်ချို့တော့ မှားနေမှန်း သိပါလျက်နဲ့ မပြင်ချင်ဘူး။ အဲ့ဒီ့လို လူတွေဟာ အသိဉာဏ် မကြီးထွားဘူး၊ မတိုးတက်ဘူး။

မမှားဘူးတဲ့သူ မရှိပါဘူး၊ အမှားကင်းဖို့ ဆိုတာလည်း သိပ်တော့ မလွယ်ဘူး။ အမှားနဲ့ဖို့ပဲ ကြိုးစားရမှာ၊ အမှားတစ်ခုကို ထပ်ခါ ထပ်ခါ မမှားဖို့ မလုပ်မိဖို့ပဲ လိုပါတယ်။

သူများမှားလို့ ကိုယ်ခံရတာထက် ကိုယ်မှားလို့ ကိုယ်ခံရတာက ပိုဆိုးပါတယ်။

ကိုယ့်အပြစ်ကို ရှာပြတဲ့သူကို ကိုယ့် ကျေးဇူးရှင်လို့ သဘေားထားပါ။

အသေးအမွှား အဆိုးတွေကြောင့် စိတ် အနှောင့်အယှက် ဖြစ်တာကို မခံချင်ရင် အရေးကြီးတဲ့ အလုပ်၊ တန်ဖိုးရှိတဲ့ အလုပ်တွေကို အချိန်ပြည့် လုပ်နေပါ။

အကောင်းအဆိုး နှစ်မျိုးစလုံးကို နားလည်လက်ခံပြီး ခံနီုင်ရည်ရှိမှ ပိုပြီး ရင့်ကျက်တဲ့သူ ဖြစ်မယ်။

ကိုယ်က သူများကို အပြစ်တင်နေတာ ရှူံ့ချနေတာဟာ သူဘယ်လိုလူ ဆိုတာ တကယ်တော့ သိပ်မပေါ်လွင်ဘူး၊ ငါဘယ်လိုလူ ဆိုတာတော့ သေသေချာချာ ပေါ်လွင်သွားပြီ။

တကယ်ကြီးတဲ့ ထိရောက်တဲ့ တန်ဖိုးရှိတဲ့ ကိုယ့်အတွက် စိတ်ကျေနပ်မှူ အများဆုံးရတဲ့ အလုပ်၊ ကိုယ့်အရည်အချင်းတွေလည်း အများဆုံးထုတ်ပြီး သုံးရတဲ့ အလုပ်ကို လုပ်မယ့်သူဟာ အသေးအမွှား အဆိုးတွေကို တွေးနေဖို့ မသင့်ဘူး။

သူတစ်ပါးကို အပြစ်မြင်လို့ရှိရင် အဲ့ဒီအပြစ်မျိုး ကိုယ့်မှာ ရှာကြည့်ပါ။ ရှိနေတတ်တာပဲ များပါတယ်။ သူတစ်ပါးမှာ ကောင်းတာ မြင်ရင်လည်း အဲ့ဒီလို ကောင်းတာ ငါ့မှာကော မရှိဘူးလား။ ရှိရင် ကောင်းပါတယ်။ ကောင်းသထက် ကောင်းအောင် ကြိုးစားရမယ်။ မရှိသေးရင်တော့ ရှိလာအောင် ကြိုးစားရမယ်။

တကယ်တော့ အဆိုးတွေထဲက အမှားတွေထဲက ဒုက္ခတွေထဲကမှ တကယ်လေးနက်တဲ့ အသိဉာဏ်ကို ရတာပါ။ အလေးနက်ဆုံး အသိဉာဏ်ကို ဘ၀တွေ့အကြုံ ထဲကပဲ ရနိုင်တယ်၊ စာအုပ်ထဲက မရနိုင်ဘူး။ ဘ၀ဟာ အလေးနက်ဆုံး စာအုပ်ပဲ။

ကိုယ့်ကိုယ်ကို ဒုက္ခပေးရင် လောကကြီး ဒုက္ခရောက်တယ်။ ကိုယ်နဲ့ လောကကြီးဟာ ဆက်စပ်နေတယ်၊ ဘယ်လိုမှ သီးခြားဖြစ်သွားအောင် လုပ်လိုက်ရင် လောကကြီးကို ကောင်းအောင် လုပ်တာပါ။

ကိုယ့်ကိုယ်ကို ပြုပြင်ပြောင်းလဲချင်ရင် ငါ ဘာကို ကြောက်တာလဲ၊ ဘာကို မုန်းသလဲဆိုတာကို အရင်ဆုံးသိအောင်လုပ်ပါ။ အဲဒီ့က စ, ပါ။

သူများအပြစ်ကို များများရှာပြီး ပြောနေတဲ့သူဟာ ကိုယ့်ဂုဏ်သိက္ခာကို ကိုယ်ချတာပဲ။ သူများကို ဂုဏ်သိက္ခာချပြီးမှ ကိုယ့်ဂုဏ်ကို တင်လို့ရမယ့် ဘ၀ကို ရောက်နေရပြီ။

မဟာ မြိုင်ဆရာတော် ဦးဇောတိက စာအုပ်မှ ကောက်နှုတ်တင်ပြပါသည် ။