ဝမ်းနည်းကြေကွဲခြင်း

ပဲခူးမြို့ ဇိုင်းဂနိုင်း(တောင်) ရပ်ကွက်- မင်္ဂလာလမ်း - အိမ်အမှတ်( ၂၀၀ ) နေ ဦးမြတ်သူ ၏သား မောင်အောင်သူဟိန်း အသက်( ၂၂ ) နှင့် ပဲခူးမြို့ ဇိုင်းဂနိုင်း( တောင်) ရပ်ကွက် - မြလမ်း- အိမ်အမှတ်-၁ရရ-နေ ဦးဟုတ်ကြည် ၏သား မောင်စိုးပိုင်ဇော် အသ်က ( ၁၈ ) နှစ် တို့ နှစ်ဦးသည် လွန်ခဲ့သော စက်တင်ဘာလ ၄ ရက်နေ့က ညဥ့် ၁၂ နာရီ ၄၅ မိနစ် ခန့်တွင် ပဲခူးမြို့ အခြေစိုက် ဗိုလ်ကြီး သိဒ္ဒိစိုး ကွပ်ကွဲသော ခလရ( ၅၉ ) မှ လူရမ်းကား စစ်သားများက အရက်သေစာ သောက်စား မူးယစ်ကာ မြလမ်းတွင် သွေးအေးအေးဖြင့် ရက်ရက်စက်စက် ပစ်ခတ်သွားခြင်း ခံရ၍ သေဆုံး သွားရကြောင်း ၀မ်းနည်းဖွယ်ရာ ကြားသိ ရပါသည်။

ဤသို့ ဖြစ်ပွားရခြင်းနှင့် ပါတ်သက်၍ မိသားစုများနှင့် အတူ ကြေကွဲ ၀မ်းနည်းစွာ ခံစားရပါကြောင်း ထုတ်ပြန် အပ်ပါသည်။

၈၈ မျိုးဆက် ကျောင်းသားများ
Previous Post Next Post

Contact Form