ကိုယ်တွေ့ ကြုံလာသူ တစ်ဦး မေလ်းထဲ ပို့ပေးခြင်း

၂၈.၈.၂၀၁၀ ရက်နေ့တွင် ပြုလုပ်ခဲ့သော အဆိုတော် နောနော်၏ တစ်ကိုယ်တော် ရှိုးပွဲတွင် သူ၏ အခွေသစ် အိပ်မက်ထဲကလူ သီချင်းများကိုသာ သီဆိုခဲ့ပြီး အစီအစဉ်ကို ရုတ်သိမ်းခဲ့သည်။ ထို့ကြောင့် ပရိတ်သတ်များက မကျေနပ်သဖြင့် ရေသန့်ဘူးဖြင့် ပေါက်ကာ အော်ပြောတော့ “ခင်ဗျားတို့က ရိုင်းတယ်လို့ ပြောခဲ့တယ်။ နောက်တော့ “မီးတွေ အားလုံး မှိတ်ပြီး ဆင်းသွားတော ပရိတ်သတ်က အော်ဆဲတယ်။ အဲဒီမှာပဲ လုံခြုံရေး ဆိုတဲ့သူတွေက နံပါတ်တုတ်တွေနဲ့ လူငယ်တွေကို လိုက်ရိုက်တယ်။

အဲဒီထဲမှာ ကျွန်တော်လည်း အပြေးလွှားပေါ့။ အရေးခင်းလို ပါပဲဗျာ။ အံ့သြဖို့လဲ ကောင်းတယ်။ ထမင်းရှင်တွေကို စော်ကား ရဲတယ်။ မသကာဆို သူ ပွဲထိန်းတတ် ရမှာပေါ့။ အခုတော့ဗျာ… မိတ်ဆွေတို့လည်း ကြုံဖူးမှ သိလိမ့်မယ်။ ဒါက အတင်း မဟုတ်ဘူး။ ကောလဟာလလဲ မဟုတ်ဘူး ကိုယ်တိုင် ကြုံခဲ့ရတာပါ။ ရင်နာစရာ ကောင်းတယ်ဗျာ။ ကျွန်တော်တို့လို လူငယ်လေးတွေ ရေတွေ ဗွက်တွေကြား လူးလှိမ့်ပြီး နံပါတ်တုတ် အောက်မှာ ပြားပြား ၀ပ်နေရတယ်။ အခု ဒီစာဖတ်တဲ့ လူတွေမှာလည်း ကြုံခဲ့တဲ့ လူ ပါချင် ပါမှာပါ။

သူ့ကို ချစ်လွန်းလို့ မိုးရေထဲမှာ အားပေးနေတဲ့ ပရိတ်သတ်ကို ဒီလို အဖြစ်မျိုးနဲ့ ကြုံတွေ့ စေခဲ့တာ တော်တော် ဆိုးဝါးတဲ့ ဖြစ်ရပ် ပါပဲ။ ကျွန်တော့်မှာ ကင်မရာ မပါသွားလို့ပေါ့။ မိတ်ဆွေတို့ကို ပြချင်တယ်။ ခံရတဲ့ သူတွေ သနား ပါတယ်ဗျာ။
သူတို့လေးတွေ နှုတ်က ပြောတဲ့ စကားတွေဆို ပိုတောင် ခံစားရ ခက်တယ်။
နောနော်ရယ်။ မင်းကို ချစ်လွန်းလို့ မိုးရေထဲမှာ လာပြီး အားပေးတာ မင်းမို့ လုပ်ရက်တယ် တဲ့။ တော်ပါပြီ ရင်ထဲမှာ မကျေနပ်လွန်းလို့ ရေးနေတာပါ။ သူပြုတဲ့ကံ သူပြန်ခံရမှာပါ။
ကိုယ်တွေ့ ကြုံလာသူ တစ်ဦး မေလ်းထဲပို့ပေးခြင်း
Previous Post Next Post

Contact Form