တပ်မတော်သာ အမိ ၊ တပ်မတော်သာ အဖ = NO ပြည်သူသာ အမိ ပြည်သူသာ အဖ = YES

ပြည်သူသာ အမိ ပြည်သူသာ အဖ = YES






ကျနော်များ လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာ အဖွဲ့မှ တပ်မတော်သာ အမိ ၊ တပ်မတော်သာ အဖ = NO ၊ပြည်သူသာ အမိ ပြည်သူသာ အဖ = YES ဆိုတဲ့ ခေါင်းစဉ်ပါ စာရွက်ရေ ၉ ရွက် အား စာအိတ်များတွင်ထည့်ကာ ကမာရွတ်မြို့နယ် လှည်းတန်း စာတိုက်နှင့် ကြည့်မြင့်တိုင် ဗားကရာလမ်း စာတိုက်၊ လမ်းမတော် မြို့နယ် လမ်းမတော်လမ်း စာတိုက် တို့မှ တဆင့် ရေတပ်ဌာနချုပ်(သန်လျှင်) အပါအဝင် တပ်ရင်း/တပ်ဖွဲ့များသို့ လိပ်စာ(၃၅) ခု သို့ ပေးပို့ခဲ့ပြီး လှည်းတန်း လမ်း ၊ လှည်းတန်းဈေးနှင့် ကြည့်မြင့်တိုင် ညဈေးတို့တွင် လက်ကမ်းစာစောင်များ လိုက်လံဝေငှခဲ့ပြီး တက္ကသိုလ်၇ိပ်သာ လမ်း အတွင်း လမ်းဘေး သစ်ပင်များတွင် လိုက်လံ ကပ်ခဲ့ကြပါတယ်။စာအိတ်ရေ ( ၃၅ ) အိတ် နှင့် စာရွက်ရေ ၁၀၀ ခန့်အား လိုက်လံ ကပ်ခဲ့ကြပါတယ်။

မိမိတို့ အဖွဲ့မှ လုပ်သင့်လုပ်ထိုက်သည်များကို ပြုလုပ်ခြင်းသာ ဖြစ်ပြီး မည်သည့်အဖွဲ့အစည်း ၊ မည်သူတဦး တယောက်ရဲ့ လွှမ်းမိုးမှု့မှ မပါပဲ လွတ်လပ်စွာ ပြုလုပ်ဆောင်ရွက်ခြင်းဖြစ်သောကြောင့် စစ်အာဏာရှင် တစု ဘားတိုက်သို့ မလွှဲမသွေ ပြန်ရမည်မှာ အသေချာဟု ယုံကြည်စွာဖြင့်

မည်သည့် စစ်အာဏာရှင်မှာ လူထုကို မအုပ်ချုပ်စေရ။
လူထုတရပ်လုံးအတွက် စတေးခံ
အကောင်းဆုံးမြေသြဇာ အဖွဲ့

www.thebestmanure.org
tbmwaipl@gmail.com
tbmstk1@gmail.com
myayallzar@gmail.com

HRmyanmar

http://kyeesaytaman.blogspot.com/ တွင် ဒေါ်အောင်ဆန်းစုကြည် နှင့်အဖွဲ့အား နှိပ်ကွပ်ရေးဖွဲ့ထားတာကြည့်ပြီး ဒေါသအရမ်းဖြစ်မိပါသည်။ ထိုကဲ့သို့ မမှန်မကန်တဲ့သတင်းကို နားမလည်သူတစ်ယောက်သာ ဖတ်မိလျှင် အထင်လွဲပြီး အမှားကို အမှန် ထင်နေမှာပဲဆိုတဲ့ အတွေးနဲ့ မှန်ကန်သော သတင်းအချက်အလက်များနှင့် လူ့အခွင့်အရေးအတွက် တဖက်တလမ်းမှ ကြိုးပမ်းချင်သဖြင့် Saturday, May 02, 2009 မှာ ဒီ blog စတင်ရေးသားပါသည်။

Previous Post Next Post

Contact Form