ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး စစ်တပ် ရာထူးများမှ နှုတ်ထွက်

FNG | မြန်မာ စစ်ခေါင်းဆောင်များ သည် နိုဝင်ဘာ လ ၇ ရက် နေ့ တွင် ကျင်းပမည့် ရွေးကောက် ပွဲတွင် ပါဝင်ယှဉ်ပြိုင် နိုင်ရန် အတွက် ၎င်းတို့၏ ရာထူး အသီးသီး ကို စွန့်လွှတ် လိုက်ကြသည်ဟု သတင်း ရရှိသည်။ ဗိုလ်ချုပ်မှုးကြီးသန်း ရွှေ နှင့် ဒု ဗိုလ်ချုပ်မှုးကြီး မောင်အေးသည် ကာကွယ်ရေး ဦးစီးချုပ် နှင့် ဒု ကာကွယ်ရေး ဦးစီးချုပ် ဆိုသည့် စစ်တပ် ရာထူးများကို စွန့်လွှတ်လိုက် သော်လည်း တိုင်းပြည်၏ အာဏာ ကို ဆက်လက် ချုပ် ကိုင်ထားဆဲဟု ရန်ကုန် မှ လာသည့် အေပီ သတင်း တွင် ဖော်ပြထားသည်။

မြန်မာ စစ်ခေါင်းဆောင်များ သည် နိုဝင်ဘာ လ ၇ ရက် နေ့ တွင် ကျင်းပမည့် ရွေးကောက် ပွဲ တွင် ပါဝင် ယှဉ်ပြိုင် နိုင်ရန် အတွက် ၎င်းတို့ ၏ ရာထူးအသီးသီး ကို စွန့် လွှတ် လိုက်ကြသည် ဟု သတင်း ရရှိသည်။ ဗိုလ်ချုပ်မှူးကြီး သန်း ရွှေ နှင့် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးသည် ကာကွယ်ရေး ဦးစီးချုပ် နှင့် ဒု ကာကွယ်ရေး ဦးစီးချုပ် ဆိုသည့် စစ်တပ် ရာထူးများကို စွန့်လွှတ် လိုက်သော်လည်း တိုင်းပြည် ၏ အာဏာကို ဆက်လက် ချုပ်ကိုင် ထားဆဲဟု ရန်ကုန်မှ လာသည့် အေပီ သတင်းတွင် ဖော်ပြ ထားသည်။

ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၏ နေရာ ကို ဆက်ခံသူမှာ ယခင်က စစ်ရေးချုပ် ဖြစ်သူ ဒုဗိုလ်ချုပ်ကြီး သူရမြင့်အောင် ဖြစ်ပြီး ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အဖြစ် ဒုဗိုလ်ချုပ်ကြီးကိုကို က ဆက်ခံ သည် ဟု သတင်းရရှိသည်။

ကြည်းရေလေ ညှိနှိုင်း ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး သူရ ရွှေမန်းမှာလည်း အလာတူ နှုတ်ထွက်သည့် ထဲတွင် ပါဝင်ပြီး သူ၏ နေရာကို ယခင် စစ်ဆင်ရေး အထူး အဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် က ဆက်ခံသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မှာ အသက် ၇၇ နှစ် အရွယ်ရှိပြီး ဒု ဗိုလ်ချုပ်မှူးကြီး မှာ အသက် ၇၃ နှစ် အရွယ် ရှိပြီ ဖြစ်သည် ။ ၎င်းတို့ နှစ်ဦး စလုံးသည့် စစ်တပ် ရာထူး နေရာ များကို ချုပ်ကိုင် ထားရာ၌ စစ်တပ် စည်းမျဉ်းများ ဖြစ်သည့် အသက် ကန့်သတ်ချက်ကို ကျော်လွန် နေပြီ ဖြစ်သည်။

လက်ရှိ ရာထူး နေရာ များမှ နှုတ်ထွက် သွားသည့် စစ်ခေါင်းဆောင် များသည် ၎င်းတို့ နေထိုင်ရာ နေပြည်တော် တိုင်း မဲဆန္ဒ နယ်မှ ပါဝင်ယှဉ်ပြိုင် မည့်သူများ ဖြစ်သည်။

source by : FREEDOM NEWS GROUP

အောက်တွင် ရာထူးဟောင်းနှင့် ရာထူးသစ်များကို ပြသထားသည်။ အသေးစိတ်ကို ဆက်လက် စုံစမ်းလျှက်ရှိသည်။
လက်ရှိ ရာထူးယခင်ရာထူး
ကြည်းရေလေ ညှိနှိုင်းရေးမှူးကစထမှူး(၂) ဒုဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်
စစ်ရေးချုပ်ကမ်းရိုးတန်းတိုင်းမှူး ဗိုလ်ချုပ် ခင်ဇော်ဦး
စစ်ထောက်ချုပ်ရုံးနေပြည်တော်တိုင်းမှူး ဗိုလ်ချုပ် ဝေလွင်
စစ်ရာထူးခန့်ချုပ်ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်ချုပ်ဝင်းမြင့်
ရန်ကုန်တိုင်းတပ်မ ၇၇ တပ်မှူး ဗိုလ်မှူးကြီး ထွန်းသန်း
တပ်မတော် ထောက်လှမ်းရေး ဌာနချုပ်ရုံး အနောက်တောင်တိုင်း တိုင်းမှူး ဗိုလ်ချုပ် ကျော်ဆွေ
ကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ်ကာကွယ်ရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ် သိန်းဌေး
ကာကွယ်ရေး ဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူး (၁) အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြင့်စိုး
ကာကွယ်ရေး ဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူးအရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ်
ကာကွယ်ရေး ဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူး (၃)တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လှမင်း
ကာကွယ်ရေး ဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူး (၄) အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် သက်နိုင်ဝင်း
ကာကွယ်ရေး ဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူး (၅)အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်တင်ငွေ


source by : မဇ္ဈိမ
Previous Post Next Post

Contact Form