အမေရိကန် ပြည်ထောင်စု ၊ နယူးယောက် ပြည်နယ်၊ ဘတ်ဖဲလိုးမြို့မှာ ဆန္ဒပြပွဲ ဆက်လက် ဆင်နွှဲ

အမေရိကန် ပြည်ထောင်စု ၊ နယူးယောက် ပြည်နယ်၊ ဘတ်ဖဲလိုးမြို့မှာ ဆန္ဒပြပွဲကို ဒီကနေ့ ( ၂၉။ ၀၈။ ၂၀၁၀ ) မှာ ဒုတိယ အကြိမ်မြောက် ဆက်လက် ကျင်းပခဲ့ကြပါတယ်။
ဆန္ဒပြပွဲ၏ ရည်ရွှယ်ချက် များကတော့ -----
  • မြန်မာ နအဖ စစ်အစိုးရ မှ ကျင်းပပြုလုပ်မည့် အတုအရောင် ရွေးကောက်ပွဲအား ဆန့်ကျင်ခြင်းနှင့်
  • အမေရိကန် အစိုးရမှ စစ်အစိုး၏ စစ်ရာဇ၀တ် ကျူးလွန်မှု များအား အရေးယူ ဆောင်ရွက်ရန် တောင်းဆိုခြင်း အပေါ် ထောက်ခံ ဆန္ဒပြခြင်းများပဲ ဖြစ်ပါတယ်။ ဘတ်ဖဲလိုး ဒီမိုကရက်တစ် အင်အားစုများမှ နိုင်ငံတကာတွင် ရောက်ရှိ နေကြသော မြန်မာ့ ဒီမိုကရက်တစ် အင်အားစုများအား ဆန္ဒပြပွဲများ ဖေါ်ထုတ် လုပ်ဆောင်ကြရန် တိုက်တွန်း လိုက်ကြောင်း သတင်း ရရှိပါသည်။

Previous Post Next Post

Contact Form