၂၀.၈.၂၀၁၀ ရက်နေ့ က ရွှေဝါရောင် တော်လှန်ရေး နှစ်ပတ်လည် အကြို လှုပ်ရှားမှု

၂၀.၈.၂၀၁၀ ရက်နေ့တွင် ရန်ကုန်တိုင်း အတွင်းရှိ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသော ကျောင်းသား၊ လူငယ်များ အင်အားစုများက ရွှေဝါရောင် တော်လှန်ရေး နှစ်ပတ်လည် အကြို လှုပ်ရှားမှု အဖြစ် စစ်အစိုးရ၏ 2010 ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပို့စ်ကတ်ဒ်နှင့် ဓါတ်ပုံများကို ရန်ကုန်တိုင်း အတွင်းတွင် ရှိသော ဘုန်းတော်ကြီး စာသင် တိုက်များကို အဓိကထား၍ ဖြန့်ဝေခဲ့ကြကြောင်း သိရှိရသည်။ ၄င်း လှုပ်ရှားမှုကို အဆိုပါ ကျောင်းသား အင်အားစုများနှင့် ချိတ်ဆက် ဆောင်ရွက်နေသော သံဃာတော် အရှင် သူမြတ် အချို့က ကူညီ ဆောင်ရွက် ပေးခဲ့ကြောင်း လှုပ်ရှားမှုတွင် ပါဝင်ခဲ့သော ကျောင်းသား လူငယ် တစ်ဦးက ပြောကြားခဲ့သည်။ "ရန်ကုန်တိုင်း အတွင်းမှာ ပါဝင်တဲ့ လှိုင်မြို့နယ်၊ မင်္ဂလာတောင်ညွန့် မြို့နယ်၊ ဒေါပုံ မြို့နယ်၊ သာကေတ မြို့နယ်၊ သုံးခွမြို့နယ်နှင့် သန်လျင်မြို့နယ်တို့မှာ ရှိတဲ့ စာသင်တိုက်တွေကို အဓိက ထားပြီး ဖြန့်ဝေ ခဲ့ပါတယ်။ စာသင်တိုက် တွေကို အဓိကထား ဖြန့်ဝေရတဲ့ ရည်ရွယ်ချက် ကတော့ ဒီ စစ်အစိုးရရဲ့ ၂၀၁၀ ရွေးကောက်ပွဲဟာ ပြည်သူတွေ အတွက်၊ နိုင်ငံ အတွက် ချောက်ကမ်းပါးကို တွန်းပို့မယ့် ကိစ္စ တစ်ခုပါ ဆိုတဲ့ message ကို စာသင်သား သံဃာတော်တွေက တစ်ဆင့် သူတို့ ဆွမ်းခံကြွနေတဲ့ ပြည်သူတွေ ဆီကို ရောက်အောင်လို့ ပြုလုပ် ရတာ ဖြစ်ပါတယ်။ ဖြန့်ဝေတဲ့ ပို့စ်ကတ်ဒ်နဲ့ စတစ်ကာ တွေမှာ ပြည်တွင်း စစ်ဖြစ်အောင် ပြုလုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ကြ ဆိုတဲ့ စာသား တွေရယ်၊ တရားဝင် စစ်ကျွန် ဖြစ်စေမယ့် ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ကြ ဆိုတဲ့ စာသားတွေရယ်၊ ရွေးကောက်ပွဲမှာ မဲ မထည့်ပဲ နေတာဟာလဲ ပြည်သူတွေရဲ့ ကိုယ်ပိုင် အခွင့်အရေးပဲ ဆိုတဲ့ စာသားတွေရယ် ရေးထားပါတယ်" ဟု အဆိုပါ ကျောင်းသား လူငယ်မှ ပြောကြား သွားခဲ့သည်။

ရန်ကုန်တိုင်း အတွင်း တက်ကြွ လှုပ်ရှား နေသော ကျောင်းသား လူငယ်များ
Previous Post Next Post

Contact Form