ရခိုင်သမိုင်းသုတေသီ ရမ္မာဝတီပညာစာရ နောက်ဆက်တွဲများ

နောက်ကျောကိုဓားထိုးခံရသူ ( သို့မဟုတ် ) မတရားဖမ်းဆီး ထောင်ချခံရသော အရှင် ရမ္မာဝတီပညာစာရ

ရခိုင်သမိုင်း အမွေအနှစ်ထိန်းသိမ်းဖော်ထုတ် ပြန့်ပွားရေးနှင့် ရခိုင်ပြည်တောင်ပိုင်း - မြောက်ပိုင်းကွဲပြားမှုမရှိ ညီညွတ်ရေးအတွက် စစ်တွေမြို့ ကန်တော်ကြီးရပ်တွင် မဟာမုနိ ဗုဒ္ဓ၀ိဟာရကျောင်းတိုက် ကို ၁၉၉၀ ခုနှစ်တွင် ၀ါးကျောင်း အဖြစ် တည်ဆောက်ထူထောင်ခဲ့သည်။ ငွေအသပြာဗလနန့် ရခိုင်ရာဇ၀င်သမားတစ်ဦး၏ကျောင်း ကားနွားတင်းကုတ်သာသာ။ သို့ရာတွင် သူမျက်နှာမှ အပြုံးပန်း ငွားငွားစွင့်စွင့်ပွင့်လို့ ။ရခိုင်ပြည်အတွက်အရိုးကြေ ကြေအရေခမ်းခမ်းသေပန်းပင်ပွင့်ပွင့်သူမမှု။ ကျောက်စာ၊ ပေစာသေတ္တာ ၃-၄ လုံးသာသူ့ မှာ ပါသည်။ ဘိနပ်ပင်စီး မထား။ သည်လိုပုံနှင့် စစ်တွေကိုချီတက်လာခဲ့ခြင်းပင်။

စတင်တည်ထောင်စဉ်က ရခိုင်စည်အဖွဲ့ နှင့်ရခိုင်စာပေသမားများဖြင့် ကြမ်းခင်းမြေသား၊ အကာဝါးထရံဖြင့်ဖြစ်သည်။ ပုသိမ်ကျောင်းမှ သံဃာတော်အချို့နှင့် ရပ်တည်လျက်ဆွမ်းကိုသံဃာတော် လေးပါးလျှင် ဆန်တစ်ဗူးကျစီ၊ ဟင်းအဖြစ်မြက်ဝမ်းပူကို ငပိနည်းနည်းဆီ နည်းနည်းဖြင့်သာ ဘုန်းပေးကြရသည်။ ကျောင်းတည်နေရာသည် စစ်တွေမြို့ နှင့်အလှမ်းဝေးသည် ကြောင့်လည်းကောင်း၊ အနီးရှိ ကန်တော်ကြီး ရွာ၌ ရွာကိုးကွယ်ရာ ဘုန်းကြီးကျောင်း ရှိနေခြင်းအပြင် ၄င်းရွာ မှာလွန်စွာ ဆင်းရဲနွမ်းပါးလှခြင်း၊ ရခိုင်တောင်ပိုင်းမှ လာရောက် တည်ထောင်မှု ကြောင့်ဆွမ်း လောင်းမည့်သူ အလွန့် အလွန်နည်းပါးခြင်း တို့ကြောင့်လည်းကောင်း၊ အလှူရှင်ကျောင်း ဒကာမဟုတ်ဘဲ နွမ်းပါး သည့်ရခိုင်စာပေသမားများ တတ်နိုင်သလောက်ပံ့ပိုးနေခြင်းတို့ ကြောင့် ဤကဲ့သို့ မ၀ရေစာဆွမ်းနှင့် မြက်ဝမ်းပူကို ရေ လုံပြုတ်စားခဲ့ရခြင်း ဖြစ်ပါသည်။ ထိုစဉ်က ဆန်ကို စစ်တွေ ဒီဂရီကောလိပ်မိသားစုနှင့် ပြည်တွင်းရေကြောင်းမှ ရမ်းဗြဲမိသားစု များကလှူဒါန်း ၍သာ ထမင်းစားရသည့်ဘ၀။ ဤကဲ့သို့  ဘ၀အခြေအနေမျိုးတွင် ကျောင်းနေ သံဃာအား လုံး(ဆရာတော်ပညာစာရအပါအ၀င်)ပေါက်တူး၊ပေါက်ပြားကိုင်လျက်နေပူ မိုးရွာ မရှောင် ကန်တူးကြသည်။ ကန်မှထွက်လာသောမြေဖြင့် အုတ်ဖုတ်ကြသည်။ ၄င်းအုတ်ဖြင့်ကျောင်းဆောက်ရသည်။ မင်းဂံရပ်ကွက်တည် ထောင်လာချိန်မှာ ကျောင်းသားများပညာရေး အခက်အခဲရှိလာသည်။ ကိုယ့်ဒုက္ခနှင့်ကိုယ်ဖြစ်နေသော် လည်း အဓမ္မအိမ်ရာရွှေ့ ပြောင်းခံရသော ရခိုင်မျိုးဆက်သစ်များကို မိမိတတ်နိုင်သမျှကူညီလိုစိတ်ဖြင့်အခမဲ့စာပြ ပေးကြသည်။ စတင်ချိန်ကမူလတန်းမှသည် အထက်တန်း(န၀မတန်း)ထိ ကျောင်းသား/သူ ၉၀ကျော်သည်။

နောက်ပိုင်းကျောင်းပရိဘောဂမရှိသဖြင့် နိုင်ငံရေးပါတီတစ်ခုဖြစ်သောရခိုင်ဒီမိုကရေစီတပ်ပေါင်းစုက၄င်းတို့ ပါ တီအဖျက်သိမ်းခံရ၍ ရုံးသုံးပစ္စည်းများကိုလာရောက်လှူဒါန်းရာ ဘီရိုအချို့ နှင့် ဆရာတော်ရခိုင်ပြည်အနှံ့ထမင်း အငတ်ခံရှာဖွေစုဆောင်းထားသောကျောက်စာ၊ပေစာ၊ဒဂါးများနှင့်ဖြစ်၍ အတွင်းပိုင်းတွင်းဘုန်းကြီးကျောင်း နှင့် အနည်းငယ်တူသော်လည်း၊အပြင်ပိုင်းတွင်နွားရုံနှင့်အလွန်တူပေသည်။သို့ သော်နိုင်ငံခြားသားများကတော့  သည်မြင်ကွင်းကိုအလွန်သဘောကျကြသည်။ဓာတ်ပုံများရိုက်ကြသည်။

တချို့ ရောက်လာသူများက ကျောင်းဒကာ သတ်သတ်မှတ်မှတ်ထားလိုကြသည်။ ဆရာတော်ကမူကျောင်း ဒကာသတ်သတ်မှတ်မှတ်ထားလျင်သူ့ လုပ်ငန်းများကိုဝင်ရောက်စွက်ဖက်မည်ကိုစိုးရိမ်သည်။ပရဟိတ အလုပ်များလုပ်သောအခါပြဿနာရှုပ်မည်ကိုစိုးရိမ်သည်။သူက သူ့ ကျောင်းသည်ရခိုင်တပြည်လုံးအတွက်ဖြစ် ရမည်။ရခိုင်သားမည်သူမဆိုသွားလာခွင့်ရှိရမည်။၎င်းပြင်စစ်တွေအပါအ၀င်ရခိုင်ပြည်၌ ကျောင်းကိုအခြေခံ၍ ညီညွတ်မှုပျက်ပြားရသည့်သာဓကများစွာရှိသည်။ထို့ ကြောင့်ကျောင်းဒကာခံမည်လူပုဂ္ဂိုလ်(သို့ )အဖွဲ့ အစည်း ကိုငြင်းဆန်ခဲ့ခြင်းများရှိခဲ့သည်။ယင်းသို့ ကြောင့်ကျောင်းရှင်ခံလိုသောအုပ်စုတစ်ချို့နှင့်မိဘမဲ့ကလေးမမွေးမီက ပင်အဆင်မပြေဖြစ်ခဲ့သည်။မည်သူမဆိုလက်ခံခဲ့၍လည်းတချို့ ကဘ၀င်မကျချင်။သူက မည်သူကိုးကွယ်သည် မကိုးကွယ်သည်ဖြစ်စေဥပဒေချိုးဖောက်ထားခြင်းမရှိသည့်မည်သည့် ဒုက္ခရောက်သူကိုမဆို လက်ခံသည်။ အဆုံးစွန် ရခိုင်သားမှန်လျင် မည်သူ မဆိုတည်းခွင့်၊ ၀င်ထွက်ခွင့်ရှိရမည်။ ရခိုင်သားပိုင်ကျောင်း။ တစ်ဦး၊ တစ်ယောက်တစ်စု၊ တစ်ဖွဲ့ပိုင်အဖြစ်သူမခံယူလို။ ဖြစ်နိုင်လျင် ရခိုင်တပြည်လုံးကိုနေ့စဉ် ထမင်းကျွေးထားချင်သူ။

၁၉၉၅ခုနှစ်မှစ၍ မိဘမဲ့ရခိုင်ကလေးငယ်များကို မွေးလေသည်။ ဘုန်းကြီးကကလေးမွေးသည်ကိုတချို့ ကမကြိုက် ကြပေ။ရခိုင်သားများမည်မျှဆင်းရဲနေကြသည်ကိုမိမိ၇င်သွေးကုလားများလက်ထဲရောင်းစားနေသည်ကသက် သေပြသည်။မိမိအနေနှင့်ကရိကထများလှသောဤလုပ်ငန်းကိုမလုပ်လိုသော်လည်း လုပ်မည့်သူမရှိ။ ကမ္ဘာမီး လောင်သားကောင်ချနင်းနေကြသောအမျိုးသီလစောင့်ရခိုင်သားများ။မကြားဝံ့မနာသာကိုယ့်ရင်သွေးကို ကုလား ဆီမှာရောင်းစားနေကြသည်။မွေးကင်းစကိုလမ်းဘေးမှာလူမဆန်စွာစွန့် ပစ်သွားကြသည်။ အမျိုးနှင့်သီလ ကိုအသာထားကိုယ့်သားသမီးကိုပင်ခွေးစာကျွေးနေကြသည်။ကမ္ဘာမှာရခိုင်လူမျိုးဟာရှက်စရာအကောင်းဆုံး ဖြစ်တော့မည်။ထို့ ကြောင့်ကဲ့ရဲ့မှုများကြားကမွေးကင်းစအရွယ်မှစ၊ ရင်ခွင်ပိုက်ကလေးငယ်များကိုကိုယ်တိုင်နို့  ပုလင်းဖြင့်နို့ ချိုတိုက်ကျွေးသည်။မရွံမရှာ သေးမစင်တို့ ကိုလျှော်ဖွတ်သည်။ပုခက်လွှဲပေးသည်။တခါတရံအိပ် မပျော်သောကလေးငယ်များကိုေ၇ှးခေတ်ရခိုင်မင်းသမီးဧခြင်း၊ရခိုင်သာခြင်းကိုဆိုပြ၍ပင်သိပ်လိုက်သေးသည်။ ငယ်စဉ်ကပင်နက်နက်ရှိုင်းရှိုင်းစွဲစွဲမြဲမြဲလုပ်ကိုင်လာခဲ့သောခရီးထွက်ရာဇ၀င်သမိုင်းမှတ်တမ်းရှာဖွေစုဆောင်းဖို့  ပင်အချိန်မရတော့။သို့ သော်လည်းမတတ်နိုင်။ကိုယ်ေ၇ွးခဲ့သောလမ်းဖြစ်သည်။

တဖက်မှာလူများလာသည်နှင့်အမျှတည်ဆောက်ရေးလုပ်ငန်းကိုလည်းလုပ်ဆောင်ရသည်။သူ့ မှာရှိသော အမျိုးသားရေးစိတ်ဓာတ်ကိုလေးစားသောကြောင့် နိုင်ငံခြားရောက်ရခိုင်သားများကစုပေါင်းလှူဒါန်းသည်။ ရခိုင်သမိုင်းအတွက်အကူအညီတောင်းသူ၊ဆွေးနွေးလာသူပြည်တွင်းပြည်ပသမိုင်းပညာရှင်တွေကလှူကြသည်။ တက္ကသိုလ်ဆရာဆ၇ာမများကျောင်းသားကျောင်းသူများလည်းလာသည်။ ရခိုင် တောင်ပိုင်းကလည်းလာသည်။ မြောက်ပိုင်းကလည်းရောက်သည်။ကျောင်းလည်းအဆောင်များလာသည်။စည်လာသည်။သူမပျော်ပါ။ သူဝါသနာကရှေးဟောင်းသုတေသနလုပ်ငန်း၊သူလုပ်နေရသည်ကသေးချေးစော်နံသောကလေးထိန်း အလုပ်။

စည်ပင်လာသည့်အခါအဖွဲ့ပေါင်းစုံကနေရာဝင်ယူချင်လာသည်။ဒကာမဲ့သည့်ရခိုင်ဘုံကျောင်း။လိုချင်သည့်အထဲ အစိုးရအာဏာပိုင်များလည်းပါသည်။လူမှုဝန်ထမ်းကစည်းရုံးသည်။သူကမပေး။စစ်ဗိုလ်လာ၍ခြိမ်းခြောက် သည်။သူလက်မခံ။အမျိုးမျိုးဖိအားပေးသည်၊သူမမှုခဲ့။ရွှေဝါရောင်တုန်းကလည်းအဖမ်းခံခဲ့ရသေးသည်။ သူ အမှတ်မရှိ။ သူ့ လုပ်ငန်းကိုသူလုပ်သည်။လုပ်ကြံတော့မည်သိလည်းသူနောက်မဆုတ်။

နောက်ဆုံးတွင်ကုလားများနှင့်ရန်တိုက်သည်။တနှစ်တစ်ကြိမ်ဆိုသလိုအာဏာပိုင်များနှင့်ဖြေရှင်းနေရသည်။သူ့  ကျောင်းကမကြာခဏဆိုသလိုထောင်ထဲအပို့ ခံရသည်။တဖက်မှာကူညီလိုသည်ဟုကြောင်းပြကာဝင်လာသူများ ရှိသည်။အစစသတိထားနေရသည်။ကျန်းမာရေးချို့တဲ့လာသည်အထိ။ ဒေသစွဲများမှာယနေ့ ထိ မပျောက်သေး။ အမှန်ကိုလုပ်သည်။ သူနောက်ဆုတ်လိုက်က နောင် နှစ်ပေါင်းများစွာထိ ရခိုင်ညီညွတ်ရေးမရနိုင်သည်ကို သူမြင်သည်။ သဘောထားကြီးကြီးနှင့်တောင့်ခံနေ သည်။ မည်သို့ မျှ တိုက်မရသည့်အဆုံးကိုယ်ကျင့်တရားနှင့် တိုက်ခိုက်ခံလာရသည်။သို့ နှင့်တိုင် သူနောက် မတွန့် ခဲ့ပေ။ အချိန်တန်ရပ်သွားလိမ့်မည်ဟုသာယူဆထားသည်။မေတ္တာမပျက်ခဲ့။

အင်ဂျီအိုတချိုးချဉ်းကပ်လာသည်။ ဂလိုဘေလိုင်ဇေးရှင်းအရလက်ခံသည်။၂၀၀၉ခုနှစ်တွင်လုပ်ငန်းကော် မတီ တစ်ခုဖွဲ့ ဖို့ လျှောက်လာသည်။ဆရာတော်၏လုပ်ငန်းမှာကူညီဆောင်ရွက်ပေးဖို့ ပြောလာသည်။ ဆရာတော်စီမံ ခန့် ခွဲသည့်အတိုင်းလိုက်နာဆောင်ရွက်မည်ဆိုသည်။သည်ကော်မတီဖွဲ့ ဖို့ ကိစ္စစစ်တွေသံဃာများကမလုပ်ဖို့  သတိပေးသည်။ ဆရာတော်ကအသက်လည်းကြီးလာပြီမိမိတို့ ပရဟိတလုပ်ငန်းများကိုကူညီမည့်သူများကို မငြင်းစကောင်းဟုဆိုကာနှစ်၂၀နီးပါးရှောင်ရှားလာခဲ့သောလုပ်ငန်းကော်မတီတစ်ခုကို၁၈-၁၁-၀၉နေ့ တွင် ဖွဲ့ ခဲ့သည်။ ထိုအဖွဲ့ ထဲက အစိုးရမွေးထားသူများကဆရာတော်လုပ်ငန်းကို အစအဆုံးလေ့လာသည်။ တိုက်ခိုက်ရန်စစ်ရေးပြင်ဆင်သည်။မာယာသုံးသည်။အားနည်းချက်များဘယ်နေရာရှိသနည်းလေ့လာသည်။

ဒုက္ခပေးမည့်သူများကလုပ်အားပေးနေသူများနှင့်ဆရာတော်ကိုသွေးခွဲသည်။ကျောင်းဝင်ပြသည်။တချို့ မွေး ကင်းစများသေဆုံးပြီးလျင်ဆေးမှူး၊သူနာပြုများနှင့်ညှိလျက်အလောင်းကိုကျောင်းပရ၀ုဏ်ထဲ၌အကြောင်း အမျိုး မျိုးကြောင့်မြှုပ်နှံထားခဲ့သည်ကိုဖော်ထုတ်သည်။ဆရာတော်၏မယ်တော်ကိုလည်း ကျောင်းဝင်းထဲမှာပင်မြှုပ်နှံ ဂူသွင်းထားသည်။ဝိနည်းအရအပြစ်မရှိ။ဆရာတော်အားပုဂ္ဂလိက၀တ္ထုငွေလှူဒါန်းသည်ကိုမှတ်သားထားသည်။ ဆရာတော်၏တူမအရင်းဖြစ်သူအသက်၂၀ကျော်အရွယ်မာလာ ဆရာတော်ကိုပြုစုဘို့ ကျောင်းမှာ ရောက်နေသည်ကိုဆရာတော်နှင့်ဖောက်ပြားနေသည်ဟုဝါဒဖြန့်သည်။

နအဖအား စားဖားလုပ်၊ ၀ါဒဖြန့်သော လူအချို့၏ အမြင်တွင် ဆရာတော်ဟာ တောင်ပိုင်းသား။ ရမ်းဗြဲသားက စစ်တွေမှာ လူတွင်ကျယ်လာလုပ်သည်။ ဆရာ တော်ကို ဖယ်လိုက်လျင် စစ်တွေကကျောင်းကော်မတီက လုပ်ငန်းတစ်ခုလုံး ပိုင်လာမည်။ ယခုခေတ်မှာ ရေပန်းစား နေသော အင်ဂျီအိုများနှင့် ဆက်စပ် လုပ်လျင် သူတို့ အဆင်ချောမည်။ ဤသို့ ရိုးရိုးတွေးသည်။ သို့ သော်-

နအဖအမြင်မှာတော့ဆရာတော်ကရခိုင်သမိုင်းသုတေသီ၊ရည်ရွယ်ချက်ကြီးမားသူ။ရခိုင်ရာဇ၀င်၊သမိုင်းပိုသိပြီးေ၇ှးဟောင်းပစ္စည်းအများအပြားပိုင်ဆိုင်သူ၊ပြည်တွင်းပြည်ပရခိုင်နိုင်ငံရေး၊တော်လှန်ရေးသမားများနှင့်အဆက်အစပ်ရှိသူ၊ကလေးမွေးခြင်းမှာဟန်ပြအလုပ်။၂၀၁၀ရွေးကောက်ပွဲနောက်ပိုင်းတိုင်းရင်းသားအခွင့်ရေးအနည်း ငယ်မျှပေးရုံနှင့်အခွင့်အရေးကိုသုံးပြီးဒုက္ခပေးနိုင်သူ။ ဒါကြောင်းသူ့ ကိုရှင်းပစ်ရမည်။ ဘယ်အချိန်ရှင်းမလဲ။ ဘယ်လိုရှင်းမလဲ။ စက်တင်ဘာမတိုင်ခင်ရှင်းရမည်၊သူ့ ကိုရှင်းလိုက်ခြင်းအားဖြင့်သံဃာတွေလှုပ်ရဲတော့မည် မဟုတ်။အကျင့်စာရိတ္တကို ထိုးနှက်တိုက်ခိုက်ပြီးရှင်းပစ်က နောင်နလန်ထူနိုင်တော့မည်မဟုတ်။ ရှင်းသည့်အခါ စစ်တွေသားများကို အသုံးချမည်။ သို့ ပါမှ ရခိုင်ပြည်တောင်ပိုင်းနှင့်မြောက်ပိုင်းပြဿနာပိုကြီးလာမည်။ အဘယ်ကြောင့်ဆိုသော်ဆ၇ာတော်အားရခိုင်တောင်ပိုင်းက အကြွင်းမဲ့ယုံကြည်ထောက်ခံနေဆဲဖြစ်သော ကြောင့်ပင်။ဟုတ်သည်ရှိမဟုတ်သည်ရှိ နအဖ စားဖားတို့ကဆရာတော်ကိုတူမနှင့်ယိုးစွပ်ကထဲကပင် စစ်တွေသားများအပေါ် ရခိုင်တောင်ပိုင်းမှ လူတွေကလုံးဝအမြင်မကြည်ကြ။ အံကြိတ်တောက်ခေါက်ကြသည်။ ဗမာစစ်ဝါဒီတို့ ၏သည်းခြည်ကြိုက်ပင်။ တောင်ပိုင်း မြောက်ပိုင်း သွေးကွဲလေ စစ်ဝါဒီ နအဖ ကြိုက်လေပင်။ သည်အထဲ ၂၇ ဂျူလိုင် ၂၀၁၀ နေရဉ္ဇရာ သတင်းရေးပုံကြောင့် နိုင်ငံခြား ရောက်နေသူများ ဆတ်ဆတ်ခါ နာကြသည်။

ထိုးစစ်ဆင်လေပြီ။ ဆရာတော်အားကိုးယုံကြည်သောကော်မတီတွဲဖက်အတွင်းရေးမှူးကိုထွန်းသိန်း(မာတင်ဇံ အင်ဂျီအိုမှကျောင်းပြရန်ငှားပေးထားသူ)ဦးဆောင်ပြီး၊၂၂-၇-၁၀နေ့ တွင်တရားစွဲလိုက်သည်။ တိုင်ချက်မှာ နအဖ အကြိုက်ပင်။အဓိက----

၁။ငွေကြေးအလွဲသုံးစားမှု(အင်ဂျီအိုနှင့်ရခိုင်သားကိုရန်တိုက်ခြင်း)

၂။မာတုဂါမနှင့်ဖောက်ပြားမှု(နောင်ရခိုင်စာပေသမိုင်းလောက၊ရဟန်းဘောင်မှရာသက်ပန်ထွက်ခွါ၊လူတော မတိုးစေခြင်း)

၃။အလောင်းဖျောက်မှု(လူမဆန်စေခြင်း၊ယုံကြည်မှုကင်းမဲ့စေခြင်း)

၎။နိုင်ငံရေးမှု(သံဃာတော်များနိုင်ငံေ၇းမှရှောင်ကြဉ်၊သမိုင်းသုတေသီများကိုထိန်းချုပ်ခြင်း)

၂၇-၇-၁၀နေ့ ၊ရခိုင်နှင့်ပတ်သက်လို့ ဗမာစစ်ဝါဒီများအောင်ပွဲခံသောရက်မြတ်..၊ဆရာတော်နှင့်မဟာမုနိကျောင်း သားတို့ ၏အမင်္ဂလာနေ့ ၊

ဆရာတော်အပေါ်ပုဂ္ဂလိကခံစားချက်နှင့်ထိုးနှက်သူတို့ အတွက်မဟာအောင်ပွဲနေ့ မှ ဟုတ်ပါလေစ..။

ဘာပြောပြော….

အခုတော့…ဆရာတော်(သို့ မဟုတ်) သမိုင်းပညာရှင် တစ်ယောက်ကို ထောင်ထဲပို့ နိုင်ခဲ့လေပြီ။ မည်သူမြတ်လေသနည်း။ စစ်တွေမြို့ နယ်သံဃနာယကပင် အရိပ်မကျလိုက်။ ရွှေဥနည်းလို့ ငန်း ကိုတော့ ရှင်းပစ်လိုက်ပြီ။ ငန်းရိုးပင် ကိုက်ခွင့်ရပါ့မလား…။ငန်းသားစားခွင့်ကိုတော့ ရမည်မထင်ပါ…။ကျောင်းနှင့်လုပ်ငန်းအားလုံး စစ်ဝါဒီများအကုန် ယူကြပေမည်။ မဟာပထ၀ီမြေကြီကိုပင် သည်အတိုင်းထားမည်မဟုတ်၊ ရာဇ၀င်တော့ရိုင်းလေတော့မည်လား။ အမှန်တရားကိုဖုံးကွယ်ဖို့  မီဒီယာများကိုသုံးပြီး ဆရာတော်ကိုအပြစ်ဖို့ ၊ဂုဏ်သိက္ခာကိုယခုထက်ပိုပြီးဝိုင်းချကြ အုံးမှာလား။ သင်တို့ သည်လို လူမဆန်တဲ့အလုပ် များများလုပ်လေ တောင်ပိုင်းနှင့်မြောက်ပိုင်းကွဲလေ၊ စစ်ဝါဒီ များ ထကလေ…။

ဖမ်းတော့မည်ကိုသူသိသည်။ရှောင်နေဖို့ ပြောသည်။သူအမှားမရှိရှောင်စရာမလိုတဲ့။ငါရခိုင်အတွက်လုပ်သည်။ ငါ့အတွက်တခုမှမပါ။သည်ကလေးများကိုထား၍လည်းငါမသွားနိုင်။ထောင်ကျလည်းမတတ်နိုင်။သူတို့ ဖန်တီး ခြင်းသာဖြစ်သည်။ထို့ ကြောင့်ငါရှောင်စရာမလိုဟုပြောသည်။ခပ်အေးအေးပင်လုပ်စရာရှိသည်ကိုဆက်လုပ်နေ သည်။ဥာဏ်နီဥာဏ်နက်နှင့်ကောက်ကျစ်သူများအတွက်သာကြောက်ရမည်။သူ့ ကိုသူယုံသည်။ယုံကြည်ချက် နှင့်မတုန်မလှုပ်အချုပ်ထဲသို့ လိုက်သွားခဲ့ခြင်းပင်။ရခိုင်ရာဇ၀င်သမိုင်းအတွက်၊ရခိုင်ရင်သွေးငယ်များအတွက် သူစိတ်မကောင်းဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ သို့ ရာတွင်သူတို့ ကသခင်၊ကိုယ်ကကျွန်။ မတတ်နိုင်ရေးချ မတတ်နိုင်။

သတိမမူဂူမမြင်။စားခွက်တစ်ခုကြောင့်ခွေးတစ်မျိုးလုံးသိက္ခာကျစေမည့်အဖြစ်။ရင်ထုမနာဖြစ်မိသည်။ နောက်ကွယ်က ဗမာစစ်ဝါဒီများမပြုံးဘဲ ၀ါးလုံးကွဲပမာ ဟားတိုက်ရယ်မောနေပေလိမ့်မည်။ ယခုနှစ်များအတွင်း ရခိုင်အချင်း ချင်းသစ္စာဖောက်လို့ ကျဆုံးခဲ့ရသည့်တော်လှန်ရေးရဲဘော်များလာပေပြီ။။အော်..အဖရခိုင်ပြည်..။

အမှုအခြေအနေများကိုနောက်ထပ်ပို့ မည်။မှတ်မှတ်ရရ ရင်ခွင်ပိုက်ရို့ နားခိုရာ မဟာမုနိဗုဒ္ဓ၀ိဟာရ ဗီဒီယိုခွေ များလည်းထွက်ခဲ့ပါသည်။

နောက်ထပ်သိရသတင်း။(၁-၈-၁၀နေ့ နေ့လည်၁း၀၀နာရီ)

၂၂-၇-၁၀နေ့ တွင် နပခတိုင်းမှူးကိုယ်တိုင်အမှတ်(၁)ရဲစခန်း၌တနေကုန်နေ၍ဆရာတော်ဖမ်းဆီးရေးအတွက် စီစဉ်ညွှန်ကြားနေခဲ့သည်။ယင်းနေ့ တွင်ပင်ဆရာတော်လိုအပ်ချက်မှန်သမျှကူညီဆောင်ရွက်ပါမည်ဆိုသော မဟာမုနိဗုဒ္ဓ၀ိဟာရမိဘမဲ့ကလေးကျောင်းကော်မတီ၏တွဲဖက်အတွင်းရေးမှူး ကိုထွန်းသိန်း ဦးဆောင်သည့် ကော်မတီဝင်များက တိုင်းမှူးအသင့်ယူလာသောဦးပညာစာရကိုစွဲဆိုမည့်တိုင်ချက်အားလက်မှတ်ထိုးပေးခဲ့ ကြသည်။ထို့ ပြင်ဆရာတော်နှင့်ဖောက်ပြားပါသည်ဆိုသော ဆရာတော်၏တူမ မာလာ(အသက်၂၀နှစ်ဝန်းကျင်) နှင့်မဟာမုနိမှကျောင်းသား(၄)ဦီးအားရဲစခန်းသို့ ခေါ်ကာဖောက်ပြန်သည်မှာမှန်ပါကြောင်းအဓမ္မလက်မှတ်ရေး ထိုးဝန်ခံစေခဲ့သည်။ဗီဒီယိုမှတ်တမ်းယူထားလိုက်သည်။

ဆရာတော်အားဖမ်းဆီးပြီးနောက်နေ့ (၂၈-၇-၁၀)နေ့ တွင်ရဲမင်းကြီးက စစ်တွေမြို့ နယ်သံဃနာယကအဖွဲ့ ကိုပင့် ဖိတ်ကာ ဆရာတော်ဦးပညာစာရကိုဖမ်းဆီးရသည့်ပြစ်မှုများနှင့်စပ်လျဉ်း၍ရှင်းပြသည်။ထို့ နောက် “တပည့်တော်တို့ ဦးပညာစာရကိုဖမ်းချင်လို့ ဖမ်းရတာ မဟုတ်ပါဘူးဘုရား၊ မဟာမုနိမှာစာပြနေတဲ့ ကျောင်း ဆရာဦးထွန်းသိန်း နဲ့ နောက်တယောက်ကတိုင်တန်းလို့ အရေးယူရတာပါဘုရား “ဟုလျှောက်ထားခဲ့သည်။ အိမ်ကြက်ချင်းအိုးမဲသုတ်၍ ခွပ်ခိုင်းခြင်းဖြစ်သည်။

မနေ့ က(၃၁-၇-၁၀နေ့ )တွင်နပခတိုင်းမှူးကိုယ်တိုင်မဟာမုနိဗုဒ္ဓ၀ိဟာရသို့ ရောက်လာသည်။အသက်၂နှစ်မှ ၇နှစ်ထိကလေးငယ် ၄၅ဦးကိုကားပေါ်တင်ခေါ်သွားသည်။မည်သည့်နေရာခေါ်သွားသည်ကိုမည်သူမျှမသိရ။ သို့ သော်ပါလာသောစစ်သားတစ်ဦးက ကျောင်းအလုပ်သမားများကိုပြောကြားခဲ့သည်မှာ မင်းတို့ စိတ်နဲ့ ဘာမှ မလုပ်ကြနဲ့ ။အားလုံးနိုင်ငံတော်ပိုင်ဖြစ်သွားပြီ။ဒီကကလေးတွေအားလုံးနောင်တပ်မတော်သားတွေဖြစ်ကြမှာပါ ဟုပြောသွားခဲ့သည်။

ယနေ့ (၁-၈-၁၀)နေ့ ညနေပိုင်းတွင်လည်းစစ်မှုထမ်းရန် အလယ်တန်းနှင့်အထက်တန်းကလေးများလာယူမည် ဟုသိရသည်။

သတိလက်လွတ်ငှက်တောင်ကျွတ်ခြင်းမှကင်းဝေးကြပါစေ။

ရခိုင်ပြည်ညီညွတ်ရေးအတွက်ဝိုင်းဝန်းဆောင်ရွက်ကြပါ။

ဆက်လက်ပေးပို့ ပါမည်။

ခိုင်သူရိန်

31 July 2010 Narinjara news.

အစားအသောက် သုံးဆောင်ရန် ငြင်းပယ်နေသဖြင့် ရမ္မာဝတီ အရှင်ပညာစာရ အခြေအနေ စိုးရိမ်ရ

7/31/2010

ဖမ်းဆီးချိန်မှ စတင်ပြီး အစားအသောက် သုံးဆောင်ရန် ငြင်းပယ်နေသဖြင့် ရခိုင်သမိုင်း သုတေသီ အရှင်ပညာစာရ၏ အခြေအနေမှာ စိုးရိမ်ဖွယ်ရာ အဆင့်သို့ ရောက်ရှိနေကြောင်း သတင်းရရှိသည်။

အမည်မဖေါ်လိုသူ လူကြီး တဦးက “ ဆရာတော်ရဲ့ အခြေအနေက စိုးရိမ်ရတဲ့ အနေအထားကို ရောက်ရှိနေတယ်လို့ အတွင်း သတင်းအရ သိရပါတယ်။ အခု ဆရာတော်ဟာ အစားအစာ မသုံး ဆောင်တာ ၅ ရက်ခန့် ရှိနေပြီ ဖြစ်တဲ့ အတွက် အားအင်တွေ အထူး ကုန်ခန်းနေပြီး အသက် အန္တရာယ်ကို ထိခိုက်နိုင်တဲ့ အထိ အခြေအနေ ဆိုးရွားနေတယ်လို့ သိရပါတယ်” ဟု ပြောသည်။

ဆရာတော် အရှင် ပညာစာရအား နအဖ စစ်အာဏာပိုင်များက စွဲချက် အမျိုးမျိုးဖြင့် လွန်ခဲ့သော ဇူလိုင်လ ၂၇ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် ဆရာတော် သတင်းသုံးနေရာ စစ်တွေ အာကျိတ်တောင် ကုန်းရှိ မဟာမုနိ ဗုဒ္ဓ၀ိဟာရမှ ဒုတိုင်းမှူး တင်လိုင်ကိုယ်တိုင် ဦးဆောင်ပြီး ၀င်ရောက်ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးခံရသည့် အချိန်မှ စတင်ပြီး ဆရာတော်မှာ အစားအသောက် သုံးဆောင်ရန် ငြင်းပယ် နေခြင်း ဖြစ်ကြောင်း သူက ပြောသည်။

“ ဆရာတော်ကို အ၀တ်တထည် ကိုယ်တခုနဲ့ ပစ်ထားပြီး ဆဲဆိုတာတွေ ရိုက်နက်တာတွေ ရှိတယ်လို့လည်း ကြားရပါတယ်။ အမျိုးမျိုးစွပ်စွဲချက်တွေနဲ့ ကိုယ်ထိ လက်ရောက်စော်ကြားပြီး အကြိမ်ကြိမ် စစ်ဆေးမေးမြန်းမူတွေ ပြုလုပ်တယ်လို့ သိရပါတယ်။ ဆရာတော်ဟာ ဘာမှ ပြန်မပြောတဲ့ အပြင် အစားအသောက် သုံးဆောင်ရန်လည်း ငြင်းပယ်ထားတယ်လို့ သိရ ပါတယ်။”

ဆရာတော် အရှင် ပညာစာရအား ဖမ်းဆီးစဉ်က ပြည်နယ်၊ မြို့နယ် အဆင့် သံဃာ့ မဟာနာယက ဆရာတော်ကြီးများ၏ ခွင့်ပြုချက်ကို မယူသည့် အပြင် ဖမ်းဆီးရာတွင်လည်း သမရိုးကျ မဟုတ်ဘဲ ဒုတိုင်းမှူး ကိုယ်တိုင် ဦးဆောင် ဖမ်းဆီးသဖြင့် ဖမ်းဆီးခံရခြင်း နောက်ကွယ်တွင် လျို့ဝှက် နက်နဲသော အခြေအနေများ ရှိနိုင်ကြောင်း စစ်တွေတွင် လေ့လာသုံးသပ်သူများက ပြောဆို နေကြသည်။

၎င်းပြင် စစ်အာဏာပိုင်များသည် ဆရာတော်အား ဖမ်းဆီးပြီးနောက် ဆရာတော် စာကြည့်တိုက်မှ ဆရာတော် နှစ်ပေါင်းများစွာ စုဆောင်း သိမ်းဆည်းထားသော ရှေးဟောင်း ရခိုင်ယဉ်ကျေးမူ အမွေအနှစ် မြောက်မြားစွာကို သိမ်းဆည်း ယူဆောင်သွားခဲ့သည်ဟု သိရသည်။

ထိုအထဲတွင် ရခိုင်ရှေးဟောင်း ရွှေဒင်္ဂါး၊ ငွေဒင်္ဂါးများ၊ ရှေးဟောင်း ဘုရားများ၊ ပေစာ- ပရပိုက်စာ အပါအ၀င် တန်ဖိုးရှိ ပစ္စည်းများအားလုံးကို တစုံတရာ မှတ်တမ်းမှတ်ရာ မပြုစုဘဲ အားလုံးကို သိမ်းကျုံး ယူငင်သွားခဲ့သည်။

၎င်းပြင် ဆရာတော်နှင့် ပတ်သက်ပြီး တမင် သိက္ခာကျစေရန် သတင်းမျိုးစုံကို လူထု အကြားတွင် ရည်ရွယ်ချက် ရှိရှိဖြင့် ဖြန့်ဖြူးနေကြောင်း သိရသည်။

စစ်တွေမှ အမျိုးသမီး တဦးကလည်း “ ခုဒီသတင်းက စစ်တွေမှာ လူပြောအများဆုံး သတင်း တခု ဖြစ်နေပါတယ်။ ဆရာတော်မှာ မိန်းမရှိတယ်။ ကလေးတွေကို သတ်ပီး မြုပ်ထားတယ်။ ငွေတွေကို ကိုယ်ကျိုးအတွက် သုံးတယ်။ နိုင်ငံခြားဒေါ်လာတွေ ရတယ်။ နိုင်ငံရေး လုပ်တယ်။ မျိုးစုံပါဘဲ။ ဘယ်သူမှ တိတိကျကျ မပြောနိုင်ပါဘူး။ ခုလို စွပ်စွဲတဲ့ အပေါ် ယုံတဲ့ လူတွေရှိသလို မယုံကြည်တဲ့ လူတွေလည်း ရှိပါတယ်။” ဟု ပြောသည်။

ဆရာတော်အား တိုင်းတန်းရာတွင် မာဇေဒါ အန်ဂျီအိုမှ ဦးအောင်ဝင်းကျော်နှင့် ဘုန်းကြီးကျောင်းတွင် နေထိုင်နေသည့် မမာလာဆိုသည့် အမျိုးသမီးတို့ ပါဝင်ပြီး တိုင်ကြားသည်နှင့် တစုံတရာ စစ်ဆေး မေးမြန်းမူများ မရှိဘဲ စစ်အာဏာပိုင်များက ဖမ်းဆီး ထိန်းသိမ်းခဲ့သဖြင့် ယခု ဖမ်းဆီးမူအပေါ် တမင်အကွက်ချ စီစဉ်ခြင်း ဖြစ်နိုင်ကြောင်း လေ့လာသူများက သုံးသပ် ပြောဆိုသည်။

HRmyanmar

http://kyeesaytaman.blogspot.com/ တွင် ဒေါ်အောင်ဆန်းစုကြည် နှင့်အဖွဲ့အား နှိပ်ကွပ်ရေးဖွဲ့ထားတာကြည့်ပြီး ဒေါသအရမ်းဖြစ်မိပါသည်။ ထိုကဲ့သို့ မမှန်မကန်တဲ့သတင်းကို နားမလည်သူတစ်ယောက်သာ ဖတ်မိလျှင် အထင်လွဲပြီး အမှားကို အမှန် ထင်နေမှာပဲဆိုတဲ့ အတွေးနဲ့ မှန်ကန်သော သတင်းအချက်အလက်များနှင့် လူ့အခွင့်အရေးအတွက် တဖက်တလမ်းမှ ကြိုးပမ်းချင်သဖြင့် Saturday, May 02, 2009 မှာ ဒီ blog စတင်ရေးသားပါသည်။

Previous Post Next Post

Contact Form