သန်းရွှေ ပုံတူ ထုထားတဲ့ ဆင်းတုကို သွားပူဇော်တဲ့ Mr.Pak Ui-Chun

N Korea
မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ပတ်ဝေ့ချွန်း ဗိုလ်ချုပ်သန်းရွှေရဲ့ ကျောက်စိမ်း ဆင်းတုတော်အား သွားရောက်ကြည်ညိုစဉ် “အင်း.... တစ်ယောက်ယောက်နဲ့ တူနေသလိုလို”

ရန်ကုန်မြို့ကို ယနေ့ရောက်ရှိလာတဲ့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ပတ်ဝေ့ချွန်းဟာ ဒီကနေ့ ရွှေတိဂုံဘုရားကို သွားရောက် ဖူးမြော်ခဲ့ပါတယ်။ ထိုသို့ သွားရောက်ဖူးမြော်ရာမှာ ဗိုလ်ချုပ်သန်းရွှေပုံနဲ့ တူအောင် ထုလုပ်ထားတယ်ဆိုတဲ့ ကျောက်စိမ်းဆင်းတုတော်ကို သွားရောက်ဖူးမြော်ခဲ့ပါတယ်။ အဆိုပါကျောက်စိမ်း ဆင်းတုတော်ဟာ ဗိုလ်ချုပ်သန်းရွှေ မျက်နှာနဲ့ တူအောင် ထုလုပ်ထားတာ ဆိုပြီး ပြည်တွင်း၊ ပြည်ပနဲ့ ရန်ကုန်မြိုနေ ပြည်သူလူထုကြားမှာ ပြောဆိုနေကြပါတယ်။ ယခင် ကုလသမဂ္ဂအတွင်းရေးမှုးချုပ် မစ္စတာဘန်ကီမွန်းနဲ့ မြန်မာ့နိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီ တို့လာရောက်ခဲ့စဉ်မှာ အဆိုပါ ကျောက်စိမ်းဆင်းတုတော်ကို သွားရောက် ဖူးမြော်ခဲ့ပါတယ်။

Than Shwe Image
ယခင် မစ္စတာဘန်ကီမွန်းနှင့် မစ္စတာဂမ်ဘာရီတို့ ရောက်ရှိစဉ်..

ထိုစဉ်က မြန်မာ့အရေးအတွက် ဆင်ဖမ်းမယ်၊ မြင်ဖမ်းမယ် ဆိုပြီး ဒေါင်းတင်မောင်းတင် လာရောက်ခဲ့တဲ့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် မစ္စတာဘန်ကီမွန်းနဲ့ မြန်မာ့နိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီတို့ဟာ မိမိတို့ ပြောလိုသော စကားများ အရာမထင်ပဲ စစ်အာဏာရှင်များရဲ့ စကားကိုသာ နားထောင်ပြီး လက်ချည်းဗလာ ပြန်သွားခဲ့ရပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနမှ ထွက်ပေါ်လာသော သတင်းများအရ နိုင်ငံတကာသံတမာန် အထူးပုဂ္ဂိုလ်များ လာတိုင်း နအဖစစ်ဗိုလ်ချုပ်များအား မတွေ့ဆုံခင် အဆိုပါ ကျောက်စိမ်းဆင်းတုတော်အား သွားရောက်ဖူးမြော်စေကြောင်း သိရှိရပါတယ်။ ရန်ကုန်မြို့ခံများနဲ့ ဝေဒပညာရှင်များ ပြောဆိုချက်အရ လာရောက် လည်ပတ်သော နိုင်ငံတကာမှ ပုဂ္ဂိုလ်များအား ဗိုလ်သန်းရွှေနှင့် တူသော ကျောက်စိမ်းဆင်းတုတော်အား ဖူးမြော်စေခြင်းဖြင့် တမင် ယတြာချေ နံနှိမ်ထားခြင်း ဖြစ်ကြောင်း ပြောဆိုကြပါတယ်။

ယခုတစ်ဖန် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးအား သွားရောက်ဖူးမြော်စေပါတယ်။ သို့ပါသော်လည်း ယခုမြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးမှ ယခင် မစ္စတာဘန်ကီမွန်းနှင့် မစ္စတာဂမ်ဘာရီတို့ကဲ့သို့ တစ်လေးတစ်စား ဖူးမြော်ချင်း မဟုတ်ပဲ စိတ်ဝင်စားဟန်မပြ ကြည့်ရုံသာ ကြည့်နေတဲ့ အတွက် နအဖရဲ့ မြောက်ကိုးရီးယားအပေါ် နာမ်နှိမ် ဖျံကျမည့် အစီအစဉ်များ အောင်မြင်နိုင်ပါ့မလား မသူတော်ချင်းချင်း မိစ္ဆာအချင်းချင်း မြွေမြွေချင်း ချေမြင်နေကြသလားဆိုတာ ကိုစောင့်ကြည့်ရမှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရင်း....

မိစ္ဆာအာဏာရှင် မင်းမိုက်တွေရဲ့ မြောက်တွေနဲ့ ပေါင်းပြီး မျောက်ဇာတ်ခင်းနေတဲ့ အကြောင်းကို ကိုရင်နော်ရဲ့ မျောက်မင်းမိုက် ကဗျာလေးနဲ့ ပြန်လည် တင်ပြလိုက်ပါတယ်။

မျောက်မင်းမိုက်

မြင့်မိုရ်မည် မျောက်မြို့မှာ
မောက်မာ မာန်မဲ မျောက်မိုက် မင်းမူ
မျောက်မူးမတ်၊ မျောက်မောင်းမ၊
မျောက်မြေး၊ မျောက်မြစ်၊
မျောက်မျိုးများ မြောက်မြောက်များ..။

မျောက်မင်းမိုက် မြော်မြင်မှုမဲ့
မည်းမည်းမြင် မိုက်မာန်မဲ
မောက်မောက်မာ မိန့်မှတ်
မှားမှားမှန် မူးမူးမိုက်
မျောက်မွဲများ မုန်းမာန်မြင့်မား..။

မျောက်များမှာ မျှော်မှန်း
မျောက်မင်းမြတ် မင်းမူမှ
မျောက်များ မြန်မြန် မြင့်
မျောက်မျိုး မြန်မြန် မြတ်
မျောက်မိမြေ မိုးမျှော်မည်..။

မျောက်မွဲများ မုန်းမာန်
မျောက်မင်းမိုက် မူးမေ့
မီးမွှေး မျောက် မီးမွှေး
မီးမှုတ် မျောက် မီးမှုတ်
မီးမြှိုက် မျောက် မီးမြှိုက်
မျောက်များမာန် မာန်များမြောက်
မင်းမိုက် မီးမျို..။

(ကိုရင်နော်)
http://www.koyinnawkhinlaynge.com/2009/03/blog-post_09.html

http://alinsek.blogspot.com

Than Shwe is building and renovating pagodas with the same purpose in mind, believing they possess supernatural properties to protect his position of power. This belief slots nicely into the Burmese tradition of yadaya, the form of magic employed to ward off evil spirits, ensure good fortune and confound enemies.

Some scholars say yadaya was first practiced by Ari monks of the Pagan period. According to the historian Maung Maung Tin, author of “Myanma Min Okchokpon Sadan” (“Treatise on the Administration of the Burmese King”), yadaya was “based on the belief that whatever circumstances arose could be managed by performing a certain act or ritual so that one can either avert misfortune or fulfill desires.”

From the "Pagoda Power" by ARKAR MOE
http://www.irrawaddy.org/article.php?art_id=16222&page=1

http://www.demowaiyan.co.cc/2010/07/blog-post_6468.html မှ ပြန်လည်ကူးယူးဖော်ပြသည်။

HRmyanmar

http://kyeesaytaman.blogspot.com/ တွင် ဒေါ်အောင်ဆန်းစုကြည် နှင့်အဖွဲ့အား နှိပ်ကွပ်ရေးဖွဲ့ထားတာကြည့်ပြီး ဒေါသအရမ်းဖြစ်မိပါသည်။ ထိုကဲ့သို့ မမှန်မကန်တဲ့သတင်းကို နားမလည်သူတစ်ယောက်သာ ဖတ်မိလျှင် အထင်လွဲပြီး အမှားကို အမှန် ထင်နေမှာပဲဆိုတဲ့ အတွေးနဲ့ မှန်ကန်သော သတင်းအချက်အလက်များနှင့် လူ့အခွင့်အရေးအတွက် တဖက်တလမ်းမှ ကြိုးပမ်းချင်သဖြင့် Saturday, May 02, 2009 မှာ ဒီ blog စတင်ရေးသားပါသည်။

Previous Post Next Post

Contact Form