အမေ့ စိတ်ဓါတ်ကို အလေးအမြတ် ပြုရင်း ကျောင်းသားများ ဂုဏ်ပြု သွေးလှူ


ဂုဏ်ပြုလွှာပါ ကဗျာ

တိုင်းပြည်ကို အမေက
ဘ၀နဲ့ အသက် ပေးထားတယ်။
ကျတော်တို့ မှာ ပြန်ပေးစရာ

ကျတော်တို့ မှာပြန်ပေးစရာ
လက်ထဲ မှာရော ဘ၀ထဲမှာပါ
ဘာမှ မရှိဘူး။
ရင်ထဲမှာတော့ အများကြီး
စုန်နေဆန်နေတဲ့ သွေးကြော တွေထဲမှာ
အများကြီး။
ဘယ်တော့ မှမကုန်ခမ်းနိုင်တဲ့
သွေးတွေ...
လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၅)နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် အဖြစ် သွေးလှူဒါန်း ခဲ့ကြသော ကျောင်းသား လူငယ်နှင့် ဒီမိုကရေစီ အင်အားစု (၆၅) ယောက်အား အဖွဲ့ချုပ် ခေါင်းဆောင် သတင်းစာ ဆရာကြီး အဘ ဦးဝင်းတင် ကိုယ်တိုင် လက်မှတ် ရေးထိုး၍ ဂုဏ်ပြုလွှာများ ပြန်လည် ပေးအပ် ခဲ့ပါတယ်။ အဆိုပါ သွေးလှူဒါန်း ခဲ့ကြသော ကျောင်းသား လူငယ်များကို ဒေါ်အောင်ဆန်းစုကြည်မှ မိမိ မွေးနေ့ အထိမ်းအမှတ် အဖြစ် ယခုလို သွေးလှူဒါန်း ခဲ့ကြသော အလှူရှင်များ အားလုံးကို မိမိအနေဖြင့် အထူး ကျေးဇူးတင်ကြောင်းနှင့် သူတပါး အသက်ရှင်သန် ရပ်တည် နိုင်ရေး အတွက် မိမိသွေးကို ဖောက်ထုတ် လှူဒါန်းခြင်းသည် မွန်မြတ်သော အလုပ် ဖြစ်ပါကြောင်း အမှာ စကား ပါးလိုက် ပါတယ်။ ယခုလို လူထု ခေါင်းဆောင်မှ အရေးတယူ အမှာ စကား ပါးခဲ့ခြင်းကြောင့် သွေးလှူရှင် ကျောင်းသားများက အလွန်တရာ ဂုဏ်ယူ ၀မ်းမြောက် နေကြတယ် ဆိုတာ အမေ ဒေါ်အောင်ဆန်း စုကြည်ကို သိစေချင် ပါတယ်။ အမေ ချစ်တဲ့ မြန်မာပြည်ကို အမေ့သားတွေ ကလည်း အလွန် ချစ်ကြောင်းနဲ့ လိုအပ် လာပါက အသက်ကိုပင် ပေးဆပ်ဖို့ ၀န်မလေး ကြကြောင်း အမေ့ စိတ်ဓါတ်ကို အလေးအမြတ် ပြုရင်း သွေးလှူရှင် ကျောင်းသား အားလုံးရဲ့ ကိုယ်စား အမေ သိပါစေကြောင်း ပြောကြား လိုပါတယ်။

မင်းသွေးသစ် (၂၀၀၇)
၂၀၀၇ မျိုးဆက် ကျောင်းသား သမဂ္ဂ
Previous Post Next Post

Contact Form