7ဂျူလှိုင် ရဲ့ ခေါင်းလောင်းသံ

ညီ/ညီမလေးများသို့ သမိုင်းမှာ မသင်ခဲ့ရတဲ့ မြန်မာ ကျောင်းသား သမိုင်း တွေထဲက နေ့စွဲ တစ်ခု....

မြန်မာတိုင်း မြန်မာတိုင်း အတွက်......
မေ့မရ နိင်ခဲ့တဲ့ နေစွဲ တစ်ခု........
အဲဒီနေ့မှာ သားနဲ့
ဝေးခဲ့ရတဲ့ မိဘတွေ ရှိတယ်။
မိဘနဲ့ ဝေးခဲ့ရတဲ့ သားတွေ ရှိတယ်။
မျက်ရည်တွေ အော်သံတွေနဲ့
ခမ်းမ တစ်ခုလုံး
ပြည့်နှက် ကျယ်လောင်တဲ့
မြည်ဟိန်း သံတွေက
ကျောင်းပရ၀ုဏ် တစ်ခု လုံး ပဲ့တင်ထပ်
ခြေချင်းထပ် နေတဲ့ ခြေရာတွေ
သူပုန် စခန်း တစ်ခုကို
နှိပ်နှင်းမှုထက် ပိုကဲစွာ
ထင်ရာစိုင်း ရိုင်းခဲ့ကြတဲ့
စနစ်ဆိုးရဲ့ သားကောင်တွေ
ဘယ်သမိုင်းမှာ သင်ခဲ့ရလဲ
ဘယ်သမိုင်းမှာ ထင်ခဲ့ရလဲ
အိမ်ကြက်ချင်း
အခွင့်အရေး ယူချင်သူ
လူတန်းစားတွေကြောင့် အပြစ်မဲ့တဲ့
အနာဂါတ်ရဲ့ သားကောင်းတွေ (ကျောင်းသားများ)
အခုတော့
နံရံ တစ်ခု အပိုင်းအစမှာ
ကိုယ်ပေါ်က သွေးတွေနဲ့
7 ဂျူလိုင် မမေ့နဲ့လို့ မော်ကွန်းထိုး
မငြိုးနိင်တဲ့
မိုးစက်တွေလို ပြည်သူ အတွက်လို
့အော်ကြွေးရင်း
ကြွေလွင့်ခဲ့ရတဲ့ ပန်းပွင့်တွေ
ရောက်လာတော့မယ့်
7ဂျူလိုင်ဆို (၄၂) နှစ်
ကြာညောင်း ခဲ့ပေမဲ့
သမိုင်း တစ်ခုရဲ့ နေ့စွဲတွေက
လတ်ဆက်ဆဲ......
ပေးဆပ်ခဲ့တဲ့သွေးစက်တွေက
လတ်ဆက်ဆဲ........
မြေကမ္ဘာအောက်က အလွှာထုထဲမှာ..........
သူတို့ (သေဆုံး ခဲ့ရတဲ့ ကျောင်းသားတွေ........)
ကြွေးကြော်နေကြတယ်။
သူတို့ ရပ်တည်နေကြတယ်........
အမျိုးသား ပြန်လည်သင့်မြတ်ရေး........
ပြည်သူ့ ဘ၀လွတ်မြောက်ရေး......
လူအခွင့်အရေး..................
ဒီမိုကရေစီအရေး.............
မပြီးနိင်သေးတဲ့ခရီးကို...........
အမျှ မဝေကြပါနဲ့လို
့ဆိုသူက ဆိုရင်း.......
ဆက်လျှောက် နေကြစဲ................

7ဂျူလှိုင်မှာ ကျဆုံးခဲ့သော ကျောင်းသား ကျောင်းသူ အပေါင်းအား ဦးညွှတ်ဂုဏ်ပြုလျှက် ခေါင်းလောင်းသံ
Previous Post Next Post

Contact Form