ခေါက်ရိုး ကျိုးနေတဲ့ နအဖရဲ့ လိမ်ဆင် ( photayokeking )

နအဖရဲ့ အတွင်းရေးတွေကို ဖေါ်ထုတ် ပေးနေတဲ့ ဗိုလ်မှူး စိုင်းသိန်းဝင်းနဲ့ ဗိုလ်မှူး အောင်လင်းထွဋ် တို့ကို နအဖဟာ “အနာပေါ် ဒုတ်ကျ” “ယမ်းပုံ မီးကျ” ဒေါသတကြီးနဲ့ သတင်းစာ ရှင်းလင်းပွဲမှာ လိမ်ညာကာ ဖြေရှင်းချက် ပေးနေကြပါတယ်။ တကယ်တော့ ခေါက်ရိုးကျိုးနေတဲ့ နအဖရဲ့ လိမ်ညာ ပြောဆိုမှု တွေကို ဘယ်သူကမှ အယုံအကြည်မရှိဘဲ ပြည်သူဘက် ရပ်တည်ပြီး နအဖကို တော်လှန်နေတဲ့ မျိုးချစ် ပြည်သူ့ တပ်မတော်သားများအား တိုင်းသူ ပြည်သားများ အားလုံးက ဝမ်းပမ်းတသာ လက်ကမ်း ကြိုဆိုလျှက် ရှိကြပါတယ်။ ဗိုလ်မှူး အောင်လင်းထွဋ် အနေနဲ့ သူတာဝန် ထမ်းဆောင်ချိန်မှာ တိတိကျကျ မှန်မှန် ကန်ကန် လုပ်ကိုင် ခဲ့ပါကြောင်း ယခုလို သက်သေ အထောက်အထားများနဲ့ တကွ တင်ပြရင်း နအဖကို ဆက်လက် စိန်ခေါ်လျှက် ရှိပါကြောင်းနဲ့ မြန်မာ ပြည်သူလူထုနှင့် အတူ စစ်အာဏာရှင် စနစ် ကျဆုံးသည့် အထိ တိုက်ဖျက် သွားမယ် ဆိုတဲ့ အကြောင်း ပြောကြားရင်း ပေးပို့ လာပါတယ်။ အခုလို ပေးပို့လာတဲ့ ဗိုလ်မှူး အောင်လင်းထွဋ်ကို လေးစားစွာ ဂုဏ်ပြုရင်း စားဖတ် ပရိတ်သတ် များအား ဖေါ်ပြ ပေးလိုက် ပါတယ်။

ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီး ကြည့်နိုင်ပါသည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form