ဂရုဏာလက် လူမှု အကျိုးပြု လူငယ်များ၏ ကုသိုလ် အလှူဒါန

ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်ပါ။
ဂရုဏာလက် လူမှု အကျိုးပြု လူငယ်များ၏ ရေလှူပြီးနောက် ပိုလျှံသော အလှူငွေ တစ်သိန်း ခုနှစ်သောင်းအား ကမ်ပါး ပြို၍ ရွာတစ်ဝက် ပါသွားသော ခရမ်းမြို့နယ် အပိုင် မုတ္တမ ပင်လယ်ကွေ့ ကမ်းစပ်ရှိ ညောင်ပင်ကြီးစုရွာ မူလတန်း ကျောင်းရှိ ကျောင်းသား အယောက်(၆၀) ကျော် အတွက် စာအုပ်များနှင့် ခဲတံ များကို၎င်း၊ သန်လျှင်မြို့ အောင်ချမ်းသာပိုင် အေးသာယာ ရပ်ကွက်ရှိ ဆုထူးပန် ပရဟိတ မိဘမဲ့ ကျောင်းရှိ ကျောင်းသား(၃၆၅) ယောက် အတွက် စာအုပ်များနှင့် ခဲတံ များကို၎င်း၊

အခြား ကျောင်းများတွင် ကျောင်းနေရန် ခက်ခဲသော ကလေးငယ်များ အတွက် ကျောင်းစရိတ် များကို(၈.၆.၂၀၁၀) ရက်နေ့တွင် သွားလှူဒါန်း ကြမည် ဖြစ်သည့် အတွက် ကိုယ်တိုင် လိုက်ပါ၍ လှူဒါန်း လိုသော အလှူရှင်များ အနေဖြင့် ဂရုဏာလက် လူမှု အကျိုးပြု လူငယ်များနှင့် ဆက်သွယ် လှူဒါန်း နိုင်ပါကြောင်း အသိပေး အပ်ပါသည်။ ၈.၆.၂၀၁၀ ရက် နေ့တွင် သန်လျင်မြို့ ယခင် ဖို့မြေ မှတ်တိုင်ဟောင်း (အ.ထ.က(၃) ကျောင်း အနီးရှိ "ညီညီလှိုင်" လက်ဖက်ရည်ဆိုင်မှ မနက် ရှစ်နာရီခွဲတွင် ကားစတင် ထွက်ခွာမည် ဖြစ်သဖြင့် လိုက်ပါလိုသော အဖွဲ့ဝင်များနှင့် စေတနာရှင် အလှူရှင်များ အနေဖြင့် အချိန်မှီ လာရောက် ကြပါရန် အသိပေး အပ်ပါသည်။

ပေးပို့သော မိတ်ဆွေအား ကျေးဇူးတင်ရှိပါသည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form