ကြံ့ဖွံ့ ပါတီ မတရား မဲဆွယ်ပြီ

၀၀၉| ရှမ်းပြည် မြောက်ပိုင်းမှာ ရှိတဲ့ ကျေးရွာတချို့မှာ ကြံ့ဖွံ့ ပါတီကနေ အသက်(၁၀) နှစ်ကျော် အထက် မည်သူကိုမဆို အားလုံးကို ဖောင်( Form) ပုံစံ နှင့် ပါတီ ကဒ် တွေကို ပေးဝေပြီး မဝင် မနေရ စနစ်နဲ့ မဲဆွယ် စည်းရုံး နေတယ် ဆိုတဲ့ အကြောင်းကို ခိုင်လုံတဲ့ သတင်း ရပ်ကွက်က ပေးပို့ လာပါတယ် ခင်ဗျာ။

အကြောင်းစုံမှာ - ကြံ့ဖွံ့ ပါတီမှ တဆင့် ကျေးရွာ အဆင့်ဆင့်ရှိ ရယကများ၊ ထိုမှ တဆင့် ရွာသူ၊ ရွာသားတွေ ကို ဖောင်နှင့် ကဒ်ပုံစံများ ဝေကာ ကြံ့ဖွံ့ ပါတီသို့ မဝင်မနေရ ပုံစံ မဲဆွယ် စည်းရုံးနေကြောင်း ကြားသိ ရပါသည်။ ထိုပြင် ကြံ့ဖွံ့ ပါတီကို ဝင်ထားပြီး သူများ ဘယ်ပါတီကိုမှ ဝင်ရောက်ခွင့် မရှိကြောင်း ပြောတယ်လို့ သိရပါတယ်။

တခြားပါတီများ စီးရုံးမှု မဆင်းမှီ ကျေးရွာများရှိ ကျေးရွာ ရယကများမှ တဆင့် ပါတီ စည်းရုံးရေးကို လက်ဦးမှု ရယူ နေခြင်း ဖြစ်ပါကြောင်းနှင့် ဤသို့သော အကြောင်းအရာများကို အများ ပြည်သူများ အမှန်ကို သိရှိစေရန် ရှမ်းပြည်နယ်ရှိ ကျွန်တော်တို့ အမာခံမှ သတင်း ပေးပို့ လာပါတယ်။ ပူတွဲပါ ဓါတ်ပုံများမှာ ရွာသူ၊ ရွာသားများကို ဖောင်ဖြည့်ရန် အတွက် ပေးဝေ ထားသော ဖောင်ပုံစံနှင့် ကဒ်ပုံစံ များဖြစ်ပါသည်။

သတင်း ပေးပို့ ပေးသော မိတ်ဆွေနှင့် ၀၀၉ အား အထူး ကျေးဇူးတင်ရှိပါတယ် ခင်ဗျာ။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form