မုံရွာမြို့၊ ချင်းတွင်း ရတနာ ဈေးကြီး မီးလောင်မှု မြင်ကွင်း

ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်နိုင်ပါသည်။
မုံရွာမြို့ ချင်းတွင်း ရတနာဈေး မီးလောင်ကျွမ်းလျှက် ရှိရာ ယခု အချိန် အထိ ငြိမ်းသတ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

“ဆိုင်ခန်း ၂ တန်း ကုန်သွားတယ်လို့ ပြောတယ်” ဟု ဒေသခံ တဦးက ပြောသည်။ ယနေ့ နံနက် ၂း၃၀ နာရီခန့်က အစပြု လောင်ကျွမ်း သည်ဟု ဆိုသည်။ မည်သည့် အတွက်ကြောင့် မီးလောင်မှု ဖြစ်ပွားရသည်ကို မသိရသေးပေ။ ပြီးခဲ့သည့် ရက်ပိုင်း အတွင်း ကလည်း မြန်မာပြည်၏ အကြီးဆုံး လက်ကား ဈေးကြီး တခုဖြစ်သော ရန်ကုန်မှ မင်္ဂလာဈေး မီးလောင်ကျွမ်းခဲ့သည်။ မြန်မာနိုင်ငံတွင် ဈေးကြီးများ မကြာခဏ လောင်ကျွမ်းလျှက် ရှိသည်။

ဆုံးရှုံးမှု ကြီးသည့် မီးလောင်မှုများ

ရန်ကုန် မင်္ဂလာဈေး - ၂၀၁၀ မေ (ပျက်စီးသည့် ဆိုင်ခန်းပေါင်း ၈၄၅ ခန်း )

မော်လမြိုင်မြို့ မြို့မဈေးကြီး - ၂၀၀၈ ဒီဇင်ဘာ ( ၁၁၂၄ ခန်း )

ရန်ကုန် သင်္ဃန်းကျွန်း ဈေးကြီး - ၂၀၁၀ ဖေဖော်ဝါရီ (၆၅၁ ခန်း)

မန္တလေး ရတနာပုံဈေး - ၂၀၀၈ ဖေဖော်ဝါရီ (၁၅၂၁ ခန်း)

နံနက် ၂း၄၅ နာရီခန့်တွင် လျှပ်စစ်မီး လာပြီး မကြာမီ ဖောင်းခနဲ အသံနှင့် အတူ မီးစတင် လောင်ကျွမ်းခဲ့ကြောင်း၊ ပုလဲ၊ မြင်းမူ၊ အလုံ၊ ဆားလင်းကြီး တို့မှ မီးသတ်ယာဉ်များ လာရောက် ငြိမ်းသတ်လျှက် ရှိကြောင်း၊ ၈ နာရီခန့်တွင် မီးညွန့် ကျိုးသွားကြောင်း၊ ၉း၄၅ အထိ ငြိမ်းသတ် နေရဆဲ ဖြစ်ကြောင်း ဈေးဝန်းကျင်တွင် နေထိုင်သူများကို ကိုးကားပြီး Weekly Eleven အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form