လျှပ်တပြက် ဂျာနယ် ဖိုတိုရှော့နဲ့ သုံးပြီး ပြည်သူကို လိမ်လည် သတင်း ထုတ်ပြန်နေ

Mr. Kurt Campbell နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ သုံးဦး ပုံကို လျှပ်တပြက် ဝိုင်းတော်သားတွေ ဖိုတိုရှော့နဲ့ သုံးပြီး ပြည်သူကို လိမ်လည် သတင်း ထုတ်ပြန် နေတာပါ။ ပြည်သူဆီက အခကြေးငွေ ယူပြီး မှန်ကန်တဲ့ သတင်း မထုတ်ပြန်ရဲရင် ပုံမှန် အတိုင်း ဘုရားသွား ကျောင်းတက် သတင်းပဲ ဂျာနယ်မှာ ထည့်ပါလား။

ဤ ပုံကို ကြည့်လိုက် ပါက လျှပ်တပြက် ဂျာနယ် က နအဖရဲ့ လက်ကိုင်တုတ် ဂျာနယ် ဆိုတာ သိသာ ထင်းရှား နေတဲ့ သက်သေ တခုပါဘဲ..။ ဘာကြောင့်များ လူထု ချစ်မြတ်နိုးတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုသူတို့ ကြောက်လန့် နေကြတာလဲ ဆိုတာတော့ စဉ်းစားစရာ တစ်ခု ပါဘဲ..။

အမှန်တရားကို တကယ် ချစ်မြတ်နိုးတဲ့ လူတွေကတော့ လူထု ခေါင်းဆောင်ကို ချစ်မြတ်နိုးပြီ လေးစား ချစ်ခင်ကြတာပါ...။ အမှန်တရားကို ဖုံးကွယ်နေကြတဲ့ စစ်အုပ်စု အာဏာရှင်တွေကတော့ တော်တော် လေးကိုကြောက်လန့် နေကြတာပါ..။

ဒါကြောင့် ကျမတို့ ခေါင်းဆောင်ပြောတဲ့ စကားလေးအတိုင်းဘဲ အမှန်တရား အတွက် လုပ်တဲ့ သူတွေဟာ ရှုံးရင်လဲ နိုင်တာပဲ.. နိုင်ရင်လဲ နိုင်တာပဲ.. ဘယ်တော့မှ မရှုံးဘူး.. ဆိုတာကိုတော့ စစ်အုပ်စု အာဏာရှင် တွေနဲ့သူတို့ရဲ့လက်ကိုင်တုတ် သတင်း ဂျာနယ်တွေ အထူးသဖြင့် လျှပ်တပြက် ဂျာနယ် အယ်ဒီတာ အဖွဲ့နှင့် စစ်အုပ်စုအာဏာရှင်တွေကို မျက်နှာ ရအောင် လုပ်တတ်သော ဦးမြတ်ခိုင်ကို ဒီပို့စ်လေးနဲ့ ပြောကြားလိုက်ပါသည်။

မမြတ်လေးငုံ ဘလော့ဂ်မှ ပြန်လည် ကူးယူ ဖော်ပြသည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form