နွားရိုင်းတွေ ခွေ့တဲ့ပွဲမှာ ငါတို့ ပြည်သူတွေက မြေဇာပင်ဖြစ်ရတယ်

စစ်ကျွန်အဖြစ်မှ လွတ်မြောက်ရန် တိုက်ပွဲဝင်နေကြသော ယုံကြည်ချက် ညီအစ်ကိုတော် အပေါင်းတို့ ခင်ဗျား

၂၀၁၀ အတာ သင်္ကြန် အကြတ်နေ့ ဗုံးပေါက်ကွဲမှုကြောင့် နောက်ထပ် သေဆုံးမှုများမှာ ပိုမိုတိုးပွားလာနေပါသည်။ အဆိုပါ ဗုံးပေါက် ကွဲမှုကြောင့် နအဖ စစ်အစိုးရ၏ လက်အောက်ခံ စစ်တပ်မှ အရာရှိအရာခံများ ၊ မယက ဥက္ကဌ ၊ စည်ပင်ဝန်ထမ်း ၊ရယကများနှင့် အပြစ်မဲ့သော ပြည်သူများ သေဆုံးခဲ့ပါသည်။ နအဖစစ်အစိုးရ၏ လက်အောက်ခံများ သေဆုံးခြင်းမှာ ၀မ်းနည်းဖွယ်ရာ မရှိသော်လည်း ကျွန်တော်များ ဒီမိုကရေစီ ဘက်တော်သား အပေါင်းတို့မှ လူသားချင်း စာနာသောအားဖြင့် ကောင်းမွန်သော ဘုံဘ၀များသို့ ရောက်ရှိ စေရန် ဆုတောင်းပေးခဲ့ကြပါသည်။ သေဆုံး သွားကြကုန်သော အပြစ်မဲ့ ပြည်သူ များအတွက်မူ ရင်ထဲအသည်းထဲမှ လှိုက်လှုက်လှဲလှဲ ၀မ်းနည်းကြရပါသည်။ နောက်နောင်ဘ၀များတွင်လည်း စစ်အစိုးရ၏ နှိပ်စက်ညှဉ်းဆဲ သတ်ဖြတ်ခြင်းခံရသော အဖြစ်ဆိုးများမှ ကင်းဝေး ကြစေရန် ဆုတောင်းမေတ္တာ ပို့သအမျှပေးဝေ ခဲ့ကြပါသည်။

ယနေ့ အထိ ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူဦးရေမှာ အယောက်၄၀ကျော်ပြီ ဖြစ်ကြောင်း ခိုင်လုံသော သတင်းရပ်ကွက်မှ ရရှိပါသည်။ ၁၉.၄.၂၀၁၀ နေ့ အထိ ရေဝေးသုဿန်တွင် ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူများကို သဂြိုဟ်ခဲ့ရာ ၁၀ဦးတိတိ ရှိပြီဖြစ်ကြောင်း၊ ထိန်ပင် သုဿန်၌ သဂြိုဟ်မှု ဦးရေမည်မျှရှိသည်ကို အတိအကျ မပြောဆိုနိုင်သေးကြောင်း၊ ဒဏ်ရာရထားသူ များမှာလည်း နောက်ထပ် သေဆုံး နိုင်ဖွယ်ရာ ရှိကြောင်း ကြားသိ ခဲ့ရပါသည်။ ယနေ့မွန်းလွဲပိုင်း ၂ နာရီ တွင် ရေဝေး သုဿန်၌ မီးသဂြိုလ် ခဲ့သော သေဆုံးသူ လူငယ်လေးမှာ မောင်ပိုင်ပိုင်ဦး အသက်(၁၈)နှစ်ဖြစ်ကြောင်း၊၄င်းလူငယ်လေးသည် ဗုံးပေါက်ကွဲမှုကြောင့် ဦးခေါင်း နောက်စေ့တွင် ဒဏ်ရာရရှိခဲ့ပြီး ၁၇.၄.၂၀၁၀ နေ့လည် ၁း၄၅ အချိန်တွင် ရန်ကုန်ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြောဌာန၌ သေဆုံးသွားခြင်း ဖြစ်ပါသည်။

ဗုံးပေါက်ကွဲမှု၏ နောက်ဆက်တွဲ သတင်းများမှာ နအဖ စစ်အစိုးရ၏ ခေါင်းဆောင် သန်းရွှေ၏ မြေး ဗိုလ်ချုပ်မှုးလေး ဖိုးလပြည့်အား စစ်ဖက်မှ ဗိုလ်ချုပ် တစ်ဦး၏ သားဖြစ်သူမှ လုပ်ကြံခြင်း ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လျှက်ရှိပါသည်။ ယင်းပေါက်ကွဲမှု မဖြစ်ပွားခင် ၂ ရက် အလိုတွင် စရဖ ထောက်လှမ်းရေး အဖွဲ့မှ သတင်း ကြိုတင်ရကြောင်း၊ ယင်းဖေါက်ခွဲရေး ဗုံးကို X20 မဏ္ဍာပ်ပေါ်မှ နေ၍ LINCONL ကုမ္ပဏီမှ ဆေးလိပ်များ၊ အရက် ပုလင်းများ ကြဲချရာတွင် ရော၍ ပစ်ချကြောင်း၊ ဖေါက်ခွဲမှု ပြုလုပ်သူများမှာ နအဖ စစ်အစိုးရ စွပ်စွဲ ပြောဆိုနေသော တိုင်းရင်းသား အဖွဲ့အစည်း၊ ကျောင်းသား အဖွဲ့အစည်းများ မဟုတ်ဘဲ နအဖ စစ်အစိုးရ စစ်တပ်မှ လူများ အချင်းချင်း လုပ်ကြံမှု ဖြစ်ပါကြောင်း ခိုင်လုံ သေချာ တိကျသော သတင်း ရပ်ကွက်များမှ ပေးပို့လာပါသည်။

လေးစား ဦးညွှတ်လျှက်
Burma paparazi
ပေးပို့လာသူ့ Burma Paparazi အား ကျေးဇူးတင်ပါသည်။

source by : Facebook

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form