အကြတ် နေ့ ဗုံး နှင့် ပတ်သက်၍ ဗိုလ်ချုပ်မှုးကြီး နှင့် အင်တာဗျူး(အတို့ အထိ)

ကလန် သံဗျင် မီဒီယာ | ဒီနှစ် ကျမှ မဏ္ဍပ် တွေ ကို ထူးထူးခြားခြား အင်းလျား လမ်းကနေ ဘာဖြစ်လို့ ကန်တော်ကြီးကို ပြောင်းလိုက် ရတာလဲ။

ဗိုလ်ချုပ်မှူးကြီး အော်ဒါ လား ။ အဖြေက ရှင်းပါတယ် ၊ ကျုပ်က စစ်သား ဆိုတော့ အမြဲတမ်း စစ်ရေး အမြင်နဲ့ပဲ ကြည့်တယ်လေ ဗုံးခွဲမယ့် ကား ၀င်လို့ ထွက်လို့ လွယ်အောင်ပါ။ အဲ.. မဟုတ်ပါဘူး။ ခင်ဗျားကလဲ ဘာတွေ လျှောက်မေးမှန်း မသိဘူး ။ အင်းလျားကန် ရေ က PH7 ပဲရှိတယ် ။ ကန်တော်ကြီးရေက PH 10 အနည်းဆုံး ရှိတယ် ။ ပြည်သူတွေ ကျန်းမာရေး နဲ့ ညီညွှတ်အောင်လို့လေ။ နောက် ကျူပ်က လူငယ်တွေဆို စေတနာ ထားတယ်။ ရေမပက်ချင်တဲ့ အတွဲတွေဆို မျှော်စင်ကျွန်းတို့ ၊ မြေပဒေသာထဲတို့ သွားနှပ်လို့ရတယ် ။ အင်းလျားမှာဆို လူငယ်တွေ ဒါမျိုး အခွင့်အရေး ဘယ်ရပါ့ မလဲ ။ မဏ္ဍပ်အောက် ၀င်တိုးရတာ … ဟိ ဟိ

မီဒီယာ အမျှော်အမြင် ကြီးပါပေ့ ဗိုလ်ချုပ်မှူးကြီးရယ်။ ဒါနဲ့ စကားမစပ် ။ X2O မဏ္ဍပ် မှာမှ ရွေးပြီး ဗုံးပေါက်တာ ဗိုလ်ချုပ်မှူးကြီးရဲ့ ယတြာ အစီရင်လို့ ပြောကြတဲ့ စကားတွေနဲ့ ပတ်သက်ပြီးတော့ရော။

ဗိုလ်ချုပ်မှူးကြီး ခင်ဗျား ကလဲ မီဒီယာ သမားလို့ မပြောရဘူး ကောလ ဟာလ တကယ် ယုံတာပဲ ။ အမှန်က နိုင်ငံရဲ့ စီးပွားရေး ကို ကျုပ်က ကယ်တင် လိုက်တာပါဗျာ။ ဒေါက်တာ ဂျိုးဇက်စတိုင် ဂလု လာတုန်းက က သင်္ကြန် မဏ္ဍပ် တွေ က တိုင်းပြည်ရဲ့ GDP ကို နစ်နာတယ်လို့ အကြံပေးသွားလို့ ကျုပ်က နဲနဲလှန့် လိုက်တာပါ။ နောက်နှစ်ဆို လူငယ်တွေ မဏ္ဍပ် ထိုင်ရဲမှာ မဟုတ်တော့ဘူး ။ ဟိုတယ်ပဲ သွားတော့မှာ ။

အဟမ်း ……. ပြောကောင်းကောင်းနဲ့ လျှောက်ပြောနေ လိုက်တာ နိုင်ငံရဲ့ စီးပွားရေးတို့ စတိုင်း ဂလု တို့ … အမှန်တော့ ဘယ်သူမှ မသေပါဘူး။ ကျုပ်လူလို ဖြစ်နေတဲ့ နိုင်ငံခြား သတင်းဌာန က တစ်ယောက် နှစ်ယောက်နဲ့ ဘလောက်ဂါလေး တစ်ယောက် နှစ်ယောက် ကို ခေါ်ပြီး ရုပ်ရှင်တွေ ထဲကလို သွေးတုတွေ ၊ ဘာတွေ နဲ့ လုပ်လိုက်တာပေါ့ ။ ထွက်လာတဲ့ ဓာတ်ပုံတွေ ပဲ ကြည့်ပါလား။ ဘယ်မှာ သေတဲ့ လူတွေ တွေ့ရလို့တုန်း အော်စကာ ဆုရ တဲ့ The Hurt Locker ထဲက ဇာတ်ဝင်ခန်းတွေနဲ့ မတူဘူးလား။ ဂျာနယ်လစ် ဖြစ်ပြီး ဒါလေးတောင် မရိပ် မိဘူးလား။ ဘယ်မှာ သေနေတဲ့ လူတွေ တွေ့ရလို့ တုန်း သေတဲ့ လူတွေက ပြည်သူတွေဆို ခင်ဗျားတို့ ပြည်ပ မီဒီယာ တွေက လျှောက်ပြီး ဖုန်းတွေ လျှောက်ဆက် လျှောက်မေး လုပ်ကြအုံးမှာလေ အခု သေတာ စပ်တပ်နဲ့ ရဲ အရာရှိတွေ ဆိုတော့ ဘယ်သူမှ မမေးတော့ ဘူးလေ။ တစ်ချက်ခုတ် နှစ်ချက် ပြတ်ပေါ့ ။ ကိုးယောက် သေတယ် ဆိုတာ ကတော့ ကျုပ်က ကိုးဂဏန်း ကို ခရဇီဖြစ် လို့ ဘိုလို ပြောရင် Crazy in Number Nine ပေါ့ဗျာ။ နောက်နှစ်ကျရင် အော်စကာ ဆုပေးပွဲမှာ ကျုပ်ရဲ့ Crazy in Number Nine ဆိုတဲ့ ၂၀၁၀ ရန်ကုန် သင်္ကြန် ဗုံးကွဲမှု မှတ်တမ်း ဒေါက်ကျူမန်ထရီ လုပ်ရိုက် ထားတာကြီး ကို အော်စကာပေးဖို့ ရွေးအုံးမှာ….

အနောက်က ဇီးတော်ဖီ ဆရာကြီး. အဲ ..စီးပွားရေး ဆရာကြီးရဲ့ အကြံဉာဏ် ကို ကျုပ်က ဦးလည်မသုန် အကောင်အထည် ဖော်လို့ ပီဂျေ ထော်လီလား ပီဂျေ ဂေါ်လီ ဆိုလားပဲ စောစော စီးစီး စာနာတယ်လို့ ၀မ်းနည်းတယ်လို့ ထုတ်ပြောတာပေါ့။ ကိုယ့်လူ ကလဲ ဂျာနယ်လစ် ဖြစ်ပြီး အုံး မသုံးဘူး။

မီဒီယာ ဗိုလ်ချုပ်မှူးကြီးက ဗုံးတွေ ပေါက်ပြီးရင် ဘာဖြစ်လို့ ပြည်ပက အဖွဲ့အစည်းတွေရဲ့ လက်ချက်လို့ စွပ်ဆွဲ ရတာလဲ ။

ဗိုလ်ချုပ်မှူးကြီး ဒါက ဘာရယ် မဟုတ်ပါဘူး၊ အရင် မောင်ခင်ညွှန့် လုပ်ခဲ့တာလေ။ ကျုပ်လဲ ဒီအတိုင်းပဲ လိုက်လုပ် ရတာပေါ့ ။ ပြည်တွင်း ကျတော့ မျက်နှာတွေ က မြင်နေတွေ့ နေရတာဆိုတော့ အားနာဖို့ ကောင်းတယ်လေ ။ ပြည်ပကတော့ ကျုပ်က စွပ်ဆွဲ လိုက်ရင် အရမ်းပျော်ပြီး ဒင်နာတွေပေး ပါတီတွေ ပေးနဲ့ ကလေး ကင်ပွန်းတပ်တွေတောင် ပေးကြတယ် ဆိုပဲ ။ ကျုပ်က မစွပ်ဆွဲတဲ့ အဖွဲ့ဆို ခင်ဗျားတို့ ဆီမှာ အိပ်လို့တောင် မပျော်ဘူးဆို ။ အခုတောင် ကျုပ်က နာမည်နဲ့တကွ ထုတ်မပြောသေးလို့ မကျေနပ်ကြဘူး
ဖြစ်နေတယ် ဆိုပဲ။ ကျုပ်ကို စွပ်ဆွဲတာ ကြန့်ကြာမှုနဲ့ နိုင်ငံတကာ တရားရုံးမှာတောင် တရားစွဲဖို့ ခင်ဗျားတို့ ဆီက အတိုက်အခံတွေ ဒီနေ့ ညဈေး မှာ အစည်းအဝေး ထိုင်မယ် ဆိုလားပဲ…….

မီဒီယာ ကားမောင်း သင်တန်းနားမှာ ဗုံးပေါက်တော့ ပြည်သူတွေက ထိတ်လန့် ကြပေမယ့် ဗိုလ်ချုပ်မှူးကြီးရဲ့ မြေး ဖိုးလပြွှတ် ဆိုလား ဖိုးလပြည့် ဆိုတာ ရေကစားတောင် မပျက်ဘူးဆို။

ဗိုလ်ချုပ်မှူးကြီး သြော်ဒါက ကျုပ် ကြိုပြောထားလို့ … မဟုတ်ပါဘူး ။ ကဲဟာ.... ဒီပါးစပ် ကလဲ ယောင်ပြန်ပြီ ဒီလို လေ သူက တစ်ချိန်မှာ တိုင်းပြည် ခေါင်းဆောင် ရမယ့် လူဆိုတော့ ရာဇ အိနြေ္ဒ ရှိတဲ့ သဘောပေါ့ ။

မီဒီယာ ဒါဆို ဗိုလ်ချုပ်မှူးကြီးက ရွေးကောက်ပွဲ ပြီးရင် အောင်လင်းသိန်းတို့ ဦးဝေသု တို့ သိမ်းမင်းဖြိုး ဒေါ်ချွတ်ခြုံကျ ငြိမ်းကျော် တို့ကို အာဏာ လွှဲပေးမှာ မဟုတ်ဘူးလား။

ဗိုလ်ချုပ်မှူးကြီး ဘယ်ကလာ ဒီလူတွေ အလုပ် မရှိဘူး ဆိုတာနဲ့ ကျုပ်က နေ့တွက် ကလေး နဲနဲပါးပါး ပေးပြီး လူစည်အောင် လုပ်ခိုင်း ထားတာပါ။

မီဒီယာ ဗုံးကွဲလို့ သေသွားတဲ့ သူတွေနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီးက ၀မ်းနည်း စကားတွေ ပြောမိတာ မကြားဘူးနော်။

ဗိုလ်ချုပ်မှူးကြီး မကြားဆို .. သေမှ မသေဘဲဟာ ကျုပ်က ဘယ်လို ပြောရမှာတုန်း။ အတက်နေ့ က ရေဝေးက ခေါင်းတွေကို သွားကြည့် ပါလား အလွတ်တွေ ချည်းပဲ။ ဘန်ကောက် မှာ ရှပ်နီ တွေ ခေါင်းထမ်းပြီး တိုင်းခန်း လှည့်လည်တာ တီဗွီမှာတွေ့ရလို့ ကျုပ်လဲ အားကျပြီး လုပ်မိတာ ပါဗျာ။ ပြည်ပ သတင်း ဌာနတွေက သင်္ကြန် ဆို အမြဲနားပြီး ချင်းမိုင်မှာ သွားသွား လန်း နေကြလို့ ကျုပ်က အလုပ်ရှုပ်အောင် လုပ်လိုက်တာ။ ကျုပ်အကြံ မပိုင်ဘူးလား … ခင်ဗျားတို့လည်း သတင်းရ ၊ ပြည်သူတွေလဲ အပျော်အပါးတွေလျှော့ ၊ ကျုပ်လဲ ၀ါသနာပါရင် လုံခြုံရေး အကြောင်းပြပြီး ရွေးကောက်ပွဲတောင် မလုပ်လို့ ရသေး။ အခုဆိုကြည့် လေ ဒေါက်တာ ချိန်ဝင်းတို့ ၊ လွတ်ပြောင် နယ်မြေတို့ ဦးညောင်ညောင် တို့ကို ဗုံးခွဲဖို့ ထောက်ပံ့ ထားတယ် လေသံပစ်ထားတော့ အထဲက မ၀င်ဘူး၊ ၀င်မယ် ဆိုတာတွေ ဆွဲထိန်းလို့ ရတာပေါ့ ။ မဟတ်ဘူးလား ..(ကျော်ဟိန်း စင်တင်ပေးသည့် မင်းသမီး များ အိုင်တင်ဖြင့်)

မီဒီယာ ဗိုလ်ချုပ်မှူးကြီး ဒီလို အိုင်ဒီယာမျိုးတွေ ဘယ်ကနေ ဘယ်လိုရတာလဲ ။

ဗိုလ်ချုပ်မှူးကြီး ဒီလို အိုင်ဒီယာမျိုး ရဖို့က လွယ်ပါတယ်။ ဒေါက်တာ ဇော်ဂနီတို့ ၊ ဒေါက်တာ နေ၀န်း ပြောင်ပြောင်တို့ ဆိုရင် တပင်တပန်း သောမတ် ကြက်ဥ ဟဖ် ရိုက် တို့  ဖရန်ဆစ် ဖူဂျီယာမ တို့ အယ်(လ)ဗင် တော်ဖီ တို့ ရဲ့ စာအုပ် တွေ လျှောက်ဖတ် ဆံပင်တွေ အဖြူ ခံပြီး နိုင်ငံခြားက ဘွဲ့ တွေ ရအောင် ယူကြရသေးတယ်။ကျုပ်က သိုင်းဝတ္ထုတွေ၊ တရုတ် သိုင်းကားတွေ ထဲက ယူလိုက် တာပဲ။ တစ်ချက်ခုတ်တာ ဆယ်ချက် လောက်တောင်ပြတ် တဲ့ သိုင်းဝတ္ထုတွေ ဖတ်ထားတယ်လေ။

တယ်။ ကျုပ် က အဲလို မျိုးတွေ ကနေ အိုင်ဒီယာ ယူထား…တာ…။ (ထိုစကား အရောက်တွင် ထက်ထက်မိုးဦး ဇီးထုပ် ကြော်ငြာသည့် အိုင်တင်ဖြင့် လက်ချောင်း ကလေးများ ကို နောက်ပြန် ချိန်ဆက်ပြီး ကနွဲ့ကလျ ဝှေ့လျှက်)

မီဒီယာ ဒါနဲ့ စကားမစပ် ၊ ဗုံးကွဲတော့ ဗိုလ်ချုပ်မှူးကြီး ကိုယ်တိုင် ဒေါက်တာ သင်္ဘောကျင်း ရဲ့ CBOX မှာ မစ္စစ္စပီ သတင်းဌာနက အယ်ချုပ်ကြီး အမည်ခံပြီး မဟုတ်က ဟုတ်က တွေ လျှောက်ရေးတယ်ဆို။

ဗိုလ်ချုပ်မှူးကြီး ရာရာ စစဗျာ…. ကျုပ်လို နေ့ မအား ည မအား တိုင်းပြည် တာဝန် ထမ်းဆောင် သူက CBOX မှာ ဘယ်ရေး ချိန်ရပါ့ မတုန်း ။ မော်စကို က ကလေးတွေ ထင်ပါတယ်။ သူတို့လဲ သင်္ကြန်တွင်း ဆိုတော့ ပျင်းတာနဲ့ လျှောက်ရေး ကြတာနေ မှာပေါ့။ ဒီကလေးတွေလဲ ကျုပ် ကိုယ်တိုင် ဆိုင်ကော် လောဂျီကယ် ၀ဲဖဲ တွေ ၀ယ်ထရိန်း (သတင်းထောက် ၏ မျက်နှာသို့ ဗိုလ်ချုပ်မှူးကြီး ၏ တံတွေး အနည်းငယ် စင်သွားသည်) လုပ်ထားတော့ လက်သွေး ကြည့်တာ နေမှာပေါ့ ။ကျုပ်ရဲ့ အယူအဆ က တိုင်းပြည်ရဲ့ စတ္ထု မဏ္ဍိုင် မယိမ်း ယိမ်းအောင် CBOX မှ တစ်ဆင့် တည်ဆောက်မည်လို့ ခံယူထားတာကို ။

ဤ စာစု သည် သိုးဆောင်း စကား အရ (Satire) ခေါ် သရော်စာ အမျိုးအစား ဖြစ်ပါသည်။ အချက်အလက် အမှန် ၊ သတင်းမှန်များ ၊ ဖြစ်ရပ် မှန်များ နှင့် အပေါ် အခြေခံထားခြင်း မရှိသလို မည်သူကိုမျှလည်း သာစေ နာစေလိုစိတ် မရှိသည့် စိတ်ကူး ချယ်မှုန်းမှု တစ်ခု သက်သက် မျှသာ ဖြစ်ပါသည်။

မြန်မာ နှစ်သစ်မှာ ကလန် သံဗျင် ရဲ့ မိတ်ဟောင်း မိတ်သစ် အားလုံး ပျော်ရွှင် နိုင်ကြပါစေ။

ကျွန်တော် ကလန် သံဗျင်ပါ။

source by : Freedom News Group

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form