ပုသိမ်-ချောင်းသာ ကားလမ်းရှိ ကျောက်ချောင်းကြီး တံတား ပြိုကျမှု ဖြစ်ပွားခဲ့

ပြိုကျမှုဖြစ်ပွားခဲ့သည့် ပုသိမ်-ချောင်းသာကားလမ်းရှိ ကျောက်ချောင်းကြီးတံတား
ပုသိမ်မှ ချောင်းသာသို့ သွားသည့် လမ်းပေါ်ရှိ ကျောက်ချောင်း ကြီးတံတားမှာ မတ်လ ၁၅ ရက်နေ့ နံနက် ၈ နာရီ အချိန်တွင် ပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။အဆိုပါ တံတားမှာ ချောင်းသာ ဘက်မှလာသော ဘတ်စ်ကား တစ်စီး ဖြတ်ပြီးနောက် ကုန်ကားတစ်စီး ထပ်မံ ဖြတ်သန်းချိန်တွင် ပြိုကျမှုဖြစ်ပွားခဲ့ ခြင်းခဲ့ခြင်းကြောင့် ကုန်ကားမှာ ချောင်း ထဲသို့ပြုတ်ကျသွား ခဲ့ကြောင်းမျက်မြင် တွေ့ကြုံ ခဲ့ရသူ တစ်ဦးက ဆိုပါသည်။

”ချောင်းသာကို အသွားပြန်လုပ်တဲ့ ကားတိုင်း ကျောက်ချောင်းကြီး တံတားကိုဖြတ်ရပါတယ်။ ကျွန်တော်တို့ ချောင်းသာက မတ်လ ၁၆ ရက်နေ့က ပြန်အလာ ကျောက်ချောင်းကြီး တံတားဖြတ်မလို့ စောင့်နေတုန်းမှာ ကျွန်တော်တို့ ကားရှေ့က ဖြတ်သွား တဲ့ကုန်ကားကြီးနဲ့ အတူ တံတားကြီး တစ်ခြမ်း ပြိုကျသွားပါတယ်။ တံတား ကသစ်သား တံတား ဖြစ်ပြီး တံတား အဟောင်းပါ။ တံတားပြိုကျသွား တော့ ကုန်ကားကြီးက ချောင်းထဲကို ကျသွားပါတယ်။ ပထမ တံတားတစ်ခြမ်း ပြိုကျပြီး နောက်ထပ် မိနစ် ၂၀ အ ကြာမှာ နောက်ထပ် တံတား တစ်ခြမ်း ကထပ်ပြီး ပြိုကျ သွားပါတယ်။ မြင်ရ တဲ့ မြင်ကွင်း ကတော့ ထိတ်လန့်စရာပဲ။ တော်သေးတယ် လူတွေ ဘာမှ မဖြစ်ဘူး”ဟု မတ်လ ၁၅ ရက်နေ့တွင် ချောင်းသာမှ ပြန်လာသူ တစ်ဦးက သူ ၏ တွေ့ကြုံရမှုများကို ပြောပြခဲ့ သည်။

ကျောက်ချောင်းကြီး တံတားမှာ တံတားအရှည် ၃၃၀ ပေရှိပြီး တံတား ခံနိုင်ဝန်မှာ ယာဉ်နှင့် ကုန်အပါအ၀င် ၈ တန် ဖြစ်ကြောင်း သိရသည်။
ယမန်နေ့ထုတ် ကြေးမုံ သတင်းစာ မှ

source by : FREEDOM NEWS GROUP

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form