အသစ် ထွက်မည့် Microsoft systems တွေမှာ မြန်မာ ဘာသာ ထည့်သွင်း ပေးရေး စာပို့ တောင်းဆို သွားမည်

နောက်ပိုင်းအသစ်ထွက်မည့် Microsoft Windows operating systems တွေမှာ Myanmar language တစ်ခုအနေနဲ့ ထည့်သွင်းပေးရန် Microsoft ကော်ပိုရေးရှင်းသို့ စာဖြင့်စုပေါင်းပေးပို့ တောင်းဆိုမည့် အစီအစဉ် တစ်ခုအား Myanmar's NET မှ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်းသိရသည်။

လူဦးရေ ၅ သိန်းကျော်ရှိသည့် ဘာသာစကားကို Microsoft Windows တွင် ထည့်သွင်းပေးရမည် ဆိုသော official policy ရှိသဖြင့် ထိုအချက်ပေါ်မူတည်ပြီး Mr Bill Gates နှင့် Mr Steve Ballmer တို့ထံသို့ စာပို့တောင်းဆိုသွားမည် ဖြစ်သည်။ Microsoft ဌာနချုပ်တွင် အလုပ်လုပ်ကိုင်နေသော မြန်မာလူမျိုးများမှလည်း ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ Microsoft Windows ကွန်ပြူတာအသုံးပြုသူ လူဦးရေ ၅ သိန်းကျော်မက ရှိသော်လည်း အမေရိကန်မှ မြန်မာနိုင်ငံကို စီးပွါးရေးပိတ်ဆို့ထားမှုကြောင့် မြန်မာနိုင်ငံကို software မရောင်းရသဖြင့် မြန်မာဘာသာ ထည့်သွင်းရန် မလိုဟု Microsoft မှ ခံယူထားကြောင်း Myanmar's NET စာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။

မြန်မာတွေကွန်ပျုတာနည်းပညာမှာ အမြန်ဆုံးတိုးတတ်ပြီး နိုင်ငံတကာကို ယှဉ်နိုင်ဖို့အတွက် Microsoft ရဲ့ Windows Operating systems ထဲမှာတခါထဲပါဝင်ထည့်သွင်းလာပေးဖို့အတွက် လက်မှတ်ဝိုင်းဝန်းရေးထိုး ကူညီပေးနိုင်ရန် အောက်ပါလင့်သို့ သွားရောက်နိုင်ကြောင်း ဖော်ပြလိုက်ပါသည်။

Link

HRmyanmar

http://kyeesaytaman.blogspot.com/ တွင် ဒေါ်အောင်ဆန်းစုကြည် နှင့်အဖွဲ့အား နှိပ်ကွပ်ရေးဖွဲ့ထားတာကြည့်ပြီး ဒေါသအရမ်းဖြစ်မိပါသည်။ ထိုကဲ့သို့ မမှန်မကန်တဲ့သတင်းကို နားမလည်သူတစ်ယောက်သာ ဖတ်မိလျှင် အထင်လွဲပြီး အမှားကို အမှန် ထင်နေမှာပဲဆိုတဲ့ အတွေးနဲ့ မှန်ကန်သော သတင်းအချက်အလက်များနှင့် လူ့အခွင့်အရေးအတွက် တဖက်တလမ်းမှ ကြိုးပမ်းချင်သဖြင့် Saturday, May 02, 2009 မှာ ဒီ blog စတင်ရေးသားပါသည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form