၂၀၁၀ ရွေးကောက်ပွဲ အလိုမရှိ

လှိုင်သာယာ မြို့နယ် ၊ ( ၇ ) ရပ်ကွက် ၊ အန်အယ်ဒီ အဖွဲ့ဝင် ဦးတင်ယု နေသည့် ရပ်ကွက် တံတားဖြူ မှတ်တိုင်ရှိ ဦးပုံည လမ်းထိပ် ဆိုက်ကားဂိတ် နားတွင် ရှိသော လမ်း ဆိုင်းဘုတ် တွင် နအဖ ပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲ အလိုမရှိ၊ ၂၀၀၈ အခြေခံ ဥပဒေ ဖျက်သိမ်းပစ် ၊ စစ်အစိုးရ အလိုမရှိ စသော စာများပါသည့် စာသားများ ရေးသား ထားသည့် စာရွက်များ လိုက်လံ ကပ်သည့် လှုပ်ရှားမှုများကို အကောင်းဆုံး မြေသြဇာ အဖွဲ့မှ လိုက်လံ ပြုလုပ်ခဲ့ကြပါတယ်။

ထို့အပြင် လှိုင်သာယာမြို့နယ် အောင်မြေရိပ်သာ ဘုရား ပေါ်တွင်လည်း ၂၀၁၀ အလိုမရှိ စာသားများကို ဆော့ပင် အနီ/အပြာ များဖြင့် လိုက်လံ ရေးသား ကြပါတယ်။

အထက်ပါ (၇ ) ရပ်ကွက် ဦးပုံည လမ်းသွယ် အောင်မင်းခေါင် ( ၁ ) လမ်း၊ အိမ်အမှတ် ( ၂၉၉ ) တွင် မြို့နယ် ကြံ့ဖွံ့ အတွင်းရေးမှူး ဦးဉာဏ်ဝင်း နေထိုင်သည်ဟု သိရှိ ရပါတယ်။

လူထုတရပ်လုံး အတွက် စတေးခံ
အကောင်းဆုံး မြေသြဇာအဖွဲ့

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form