သန်လျင် GTC ကျောင်းက ရင်ဖွင့်သံ

ကျွန်တော်တို့က သန်လျင် GTC ကျောင်းကပါကျွန်တော်တို့ရဲ့ ခံစား နေရတာတွေကို ပြောပြချင်လို့ပါ ကျွန်တော်တို့ ကျောင်းရဲ့ စည်းကမ်းက မတရား တင်းကျပ်နေလို့ပါဗျာ
စည်းကမ်း ရှိတာနဲ့ စည်းကမ်း အတင်းကျပ်တာနဲ့ မဆိုင်ဘူး ထင်တယ်နော် အခုကျွန်တော်တို့ ကျောင်းကို ပါချုပ် အသစ် ပြောင်းလာပါတယ် အရင် ပါချုပ် ဆရာမကြီးကမှ အခု ဆရာကြီးထက် စာရင် ပိုသဘော ကောင်းအုန်းမယ် ခင်ဗျာ အခု ပါချုပ်ကဗျာ ကျွန်တော် တို့ကို လပတ်တောင် တခုံမှာ နှစ်ယောက် ဖြေခိုင်းတယ် ဘယ်တက္ကသိုလ်မှ မရှိပါဘူး လပတ်ကို ဖြေခိုင်းတာ။ ထားပါ ရပါသေးတယ် ကျောင်းသားတွေကို ပညာတတ် စေချင်လို့ သဘောထားလို့ ရပါသေးတယ် နောက်ပိုင်း ကျတော့ဗျာ ဆံပင် နဲနဲရှည်တာနဲ့ ကျောင်းသားကဒ် သိမ်တယ် နားကပ်တတ်လည်း သိမ်းတယ် ဆံပင် ဆေးဆိုလည်း သိမ်းတယ် ယူနီဖောင်း မပြည့်စုံလည်း သိမ်းတယ် အကုန်ဘဲဗျာ အဲတော့ ကျောင်းသားတွေက ကြောက်ပြီး တောလမ်းတွေက ၀င်ရော ကျောင်းသားတွေ မြွေကိုက် မှာတောင် ဆိုးရတယ် တောလမ်းမှာဆို သတ္တ၀ါတွေ အကုန်ရှိတယ် ကျောင်းသား ဆိုတာ လူငယ်ဘဲလေ လွတ်လွတ် လပ်လပ်တော့ နေချင်တာပေါ့ လူငယ်ဘဲ နဲနဲတော့ ဆံပင်ရှည်ချင် ကြတာပါ ကျွန်တော် တတ်နေတာ အထက်တန်းကျောင်းမှ မဟုတ်တာ အထက်တန်း ကျောင်းလို လာအုပ်ချုပ်တော့ သေရောပေါ့ဗျာ။

ကျောင်းသား တယောက်မှာ အရေးကြီးဆုံးက ကျောင်းစာရပြီး ကျောင်းနေရတာ ပျော်ဖို့ဘဲ အခုတော့ ကျောင်းနေရတာ မပျော်ကြတော့ ဘယ်လို လုပ်ကြမလည်း တက္ကသိုလ် တတ်တယ် ဆိုတာပျော်ဖို့ မကောင်းဘဲ စိတ်ညစ်ဖို့ ကောင်းနေတယ် GTC ကျောင်းချင်း အတူတူ မှော်ဘီတို့၊ လှိုင်သာယာတို့ ကတောင် ပျော်စရာ ကောင်းသေးတယ်ဗျာ လွတ်လပ်တယ်။ သူတို့ ဆီမှာ ကျောင်းသားကဒ် သိမ်းတာလည်း မရှိဘူး ကျွန်တော်တို့ ကျောင်းက ပါချုပ်ကတော့ ရောင်းစားဖို့လား မသိတော့ဘူးဗျာ ကျွန်တော် ကျောင်းသားတွေလည်း တောလမ်းက၀င် နေရတာတွေ့ စေချင်တယ် မိန်းကလေးတွေပါ ၀င်တာနော် မယုံရင် လာကြည့် နိုင်ပါတယ် ခင်ဗျာ ကျွန်တော်တို့လည်း ဂိတ်ပေါက်က ၀င်ချင်တာပေါ့ တက္ကသိုလ် ကျောင်းသားဆိုပြီး ရင်ကော့ပြီး အခုတော့ ရင်တောင် မကော့ရဲဘူး ကျောင်းသားကဒ် သိမ်းမှာဆိုးလို့။ နောက်ပြီးတော့ ပါချုပ်ပြောင်းမှာ ဒုကျောင်းအုပ် ကလည်း ကျောင်းသားတွေဆီက သိမ်းမယ် ဆိုဘဲ ကျောင်းသားကဒ်၊ တော်တော်ဆိုးတယ် ခင်ဗျာ ကျွန်တော်ရဲ့ ဘ၀က တော်တော် ဆိုးပါတယ် တက္ကသိုလ် တတ်ရတယ်နဲ့ မတူဘူးဖြစ်နေတယ် ဘယ်လို လုပ်ရမလည်း မသိတော့ဘူးဗျာ။

အခု ပါချုပ်ကတော့ အရင်က နာမည်ကြီးခဲ့တဲ့ ဇာနည်အောင် ဆိုတယ် ပါချုပ်ထက် ဆိုးမလားသိဘူး ခင်ဗျာ၊ ကျွန်တော်တို့ ကျောင်းသားတွေ ကိုယ်စား ကျွန်တော်တို့ ဖွင့်ပြော ရတာပါဗျာ ဘာရယ်တော့ မဟုတ်ပါဘူး ကျွန်တော်တို့ သန်လျင် ကျောင်းသားများ ခံစားနေရတာကို ရင်ဖွင့်တာ ပါဗျာ။ *Forward* လေး လုပ်ပေးကြပါနော်။

ပေါက်ကွဲ သံစဉ် အဖွဲ့

5 Comments

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form