မြန်မာနိုင်ငံ၏ ပထမဆုံး ဘားကမ့်ပ် ပွဲကျင်းပ

ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်နိုင်ပါသည်။
တင့်လွင် / မိုးမခ | “ဘားကမ့်ပ် ရန်ကုန်”ဟု အမည်ပေးထားသည့် အသိပညာ အတတ်ပညာ ဖလှယ်သည့်ပွဲကို ဇန်န၀ါရီ ၂၃ နှင့် ၂၄ ရက်နေ့များတွင် ရန်ကုန်မြို့ လှိုင်တက္ကသိုလ် နယ်မြေ မြန်မာ အင်ဖိုတက် ၀င်းအတွင်း ကျင်းပလျက် ရှိသည်။

ထိုဘားကမ့်ပ်ပြပွဲတွင် အိုင်တီနှင့် အခြားနည်းပညာ၊ အတတ်ပညာ အသိပညာ အစရှိသည်တို့ကို ဖလှယ်ကြ ဆွေးနွေးကြသည့် ပွဲဖြစ်သည်။ မြန်မာနိုင်ငံတွင် တကြိမ်မျှ မကျင်းပဘူးသေးပဲ မြန်မာနိုင်ငံမှ အင်တာနက်၊ အိုင်တီနည်းပညာ စိတ်ဝင်စားသူ ၊ ထို နည်းပညာဖြင့် အသက်မွေးသူ လူငယ်များက ဦးစီးဦးဆောင်ပြုကာ အိုင်တီကုမ္ပဏီအတော်များများက စပွန်ဆာပေး ကူညီကြသည့် ပွဲလည်းဖြစ်သည်။

ပထမဆုံးပြုလုပ်သည့် ဘားကမ့်ပ်ရန်ကုန်ပွဲကို ကွန်ပျူတာ၊ အိုင်တီနည်းပညာ စိတ်ဝင်စားသူ၊ ကဗျာစိတ်ဝင်စားသူ၊ ဘလော့ဂ် စိတ်ဝင်စားသူ နှင့်ကွန်ပျူတာ နည်းပညာ တက္ကသိုလ် ကျောင်းသားများ အစရှိသည့် နယ်ပယ်အသီးသီးမှ လူငယ်လူကြီးအများအပြား တက်ရောက် ခဲ့ကြသည်။ မျှော်လင့်ထားသည့် ပရိသတ် ဦးရေထက် များပြားခဲ့ပြီး ဖွင့်လှစ်သည့် ပထမနေ့တွင် လူ ၁ ထောင်နီးပါး လာရောက်သည်ဟု သိရှိရသည်။

အဆိုပါပွဲကို စပွန်ဆာပေးသည့် ကုမ္ပဏီ၊ အဖွဲ့အစည်းများထဲတွင် မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်များ အသင်း Redlink communication Co.Ltd, Inforythm Maze, KMD, Creative, ABC Edimax, EnGenius, Success Technology, MBS Myanmar Blogger Soceity, Neuro Power by Access Spectrum တို့ဖြစ်ကြသည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form