ကျွန်နော်ကတော့ ကိုယ့်အဆင့်ကိုယ်ပဲ နားလည်အောင် အမြဲ ကြိုးစားပါတရ်

ဒီနေ့လည်း ကျွန်နော် ကံမကောင်းပါဘူး၊၊ ဘယ်တော့မှလည်း ကောင်းမှာ မဟုတ်ဘူး။ မေးလ်လေးများ Check လိုက်ရင် ပျှော်စရာတို့ ကြည်နူးစရာတို့ မဖတ်ရတာ ကြာပါပြီ။

အကိုတွေ တင်သွားတဲ့ သတင်းတွေ ပို့စ်တွေမှာလည်း ဒီသုံးစားမရတဲ့ နွားအဖွဲ့ (နအဖ) ရဲ့ ခိုး ဆိုး လုယက် နေတာတွေပဲ နေတိုင်း မြင်တွေ့ နေရတယ်။

ကျွန်နော်နဲ့အတူ အားလုံးလည်း နားလည်ပြီးသားပါ။ တန်ဖိုးထားတာနဲ့ တန်ဖိုးရှိတာ...။ လူတိုင်းက အခြေနေတစ်ခုမှာ ရွေးချယ်စရာ နှစ်ခုက နေတစ်ခုကို သူတို့ဘဝအတွက် ရွေးကြရပြီဆိုရင် ဘယ်သူမဆို သူတို့ဘဝမှာ သာယာပျှော်ရွှင်မှု့ပေးတဲ့ လမ်းကိုပဲ ရွေးတတ် ကြတာပဲ။ မထူးဆန်းတဲ့ ဖြစ်ရိုးဖြစ်စဉ်ပါ။ နားလည်ပေးပါတယ်။ ဒါပေမဲ့ ကျွန်နော်နားမလည်နိုင်တာကတော့ နှစ်ပေါင်းနှစ်ဆယ်ကျော် သူတို့ပြောတဲ့ ဘာမှ ဖြစ်မလာသေးတဲ့ ဦးတည်ချက်တွေထဲက စာကားလုံးလှလှတွေရေးပြီး ဆောင်ပုဒ်လှလှတွေထဲက ခေတ်မှီ ဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်သစ်တစ်ရပ် တည်ဆောက်ရေး ဆိုတာလေ။

မြန်မာပြည် အလွမ်းပြေ ရုပ်ရှင်ဇတ်ကားတွေ ကြည့်လူတိုင်း FW နဲ့ ကျော်ကြည့် နေလည်း လူတိုင်း ကြားနေရတဲ့ အဲ့အသံကို မှတ်မိ နေတုန်းပါ၊၊ ကျွန်နော် ကတော့ ကျွန်နော့် သက်တမ်း တစ်လျှောက် ကျင့်သုံးခဲ့တဲ့ ပေါ်လစီက ကျွန်နော် ဘာကောင်မှ မဟုတ်ပေမဲ့ တတ်အားသမျှ ကောင်းကျိုးတစ်ခုပြုချင်တယ်။ ကိုယ့်ကိုကိုယ် သိပ်ပြီး ယဉ်ကျေး သိမ့်မွေ့ပါတယ် ဆိုပြီးလည်း အော်မနေတတ်ပါဘူး။

ရိုင်းသင့်ရင်ရိုင်းခဲ့တယ်၊ ဆိုးသင့်ရင်ဆိုးခဲ့တယ်၊ ရင်းသင့်ရင်ရင်းခဲ့ပါတယ်။ ဒါပေမဲ့ ကိုယ်ဘာလုပ်လုပ် ဘာမှဖြစ်မလာရင် ဘာမှ ပြောမနေဘူး။ အကြောင်းပြချက်တွေ စာသား လှလှလေးတွေ၊၊ သူများတွေလိုလဲ တက္ကသိုလ် ကောလိပ်တွေထိ စာတွေ မသင်ခဲ့ရဘူးတော့ ဆယ်တန်းတုန်းက စာလေး မှတ်မိသေးတယ်။

Definitions of power!
Power is capacity to do work!

စွမ်းအင်ဆိုတာ အလုပ်ပြီးမြောက်ခြင်းဆိုတဲ့ စာပုဒ်လေးပါ၊၊ အဲ့လို ဆိုရင် ဘာတွေ အော်နေအော်နေ ဘာမှ ဖြစ်မလာတာ ဘာမှ မဟုတ်ဘူးလို့ပဲ ကျွန်နော် သဘောထားတယ်လေ၊၊

ကိုယ်ရှင်သန်တဲ့ ပါတ်ဝန်းကျင်တစ်ခုမှာ ဘာမှ မဟုတ်လို့မှ ကိုယ့်ကို လိုလားတဲ့ အခြေအနေ မရှိတော့တာကို ကိုယ့်ကိုကိုယ် မရှက်တမ်း နားလည်သဘောပေါက်သွားတဲ့နေ့ အဲ့နေရာတစ်ခုရဲ့ နားလည်မှု့ အပြည့်ပေးခဲ့ပီ...။ အလိုက်တသိနဲ့ပဲ အဝေးဆုံးမှာ နေတတ်ပါတယ်...။ ကိုယ်မှ ဘာမှ မတတ်နိုင်တာ ဘယ်တော့မှ မနှောက်ယှက်ဘူး၊၊ ခုလည်းကြည့် IT Men is Banned ဆိုတဲ့ စာကြီးဖတ်လိုက်ရတော့ ဒဂရ်ကို ကျွန်နော် စိတ်မကောင်း ဖြစ်မိပါတရ်၊၊ သန်လျင် GTC ကျောင်းက ရင်ဖွင့်သံ တွေ ဆိုတဲ့ ကိုကြီးဒီရေ တင်သွားဒဲ့ ပိုစ်လေးရယ် ကျွန်နော်ကြိုးစားပီး လက်တစ်ဖက်နဲ့ရေးခဲ့တဲ့ စာတွေ သူတို့ နားမလည် ခဲ့ရင်တောင် သူတို့ ပြောခဲ့ပြီး ဘာမှ ဖြစ်မလာသေးတဲ့ ဦးတည်ချက် တွေထဲက စာကားလုံး လှလှတွေနဲ့ ဆောင်ပုဒ် လှလှတွေ ထဲက ခေတ်မှီ ဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်သစ် တစ်ရပ် တည်ဆောက်ရေး ဆိုတာလေ၊၊

သူတိုပြောတာနဲ့ ကိုက်ရဲ့လားဗျာ၊၊

IT Men ကဘာတွေလုပ်နေလို့လည်း၊၊

သူတပါးကို နားလည်ပေးတာ မလည်ပေးတာထက် ဘယ်သူတွေ ဘယ်လိုပဲ ကျွန်နော့ကို သဘောထားပါစေ ကျွန်နော်ကတော့ ကိုယ့်အဆင့်ကိုယ်ပဲ နားလည်အောင် အမြဲ ကြိုးစားပါတရ်၊၊

ခင်ဗျားတို့ နွားအဖွဲ့ ( န အ ဖ ) လည်းအချိန်တန်ပီလို့ ကျွန်နော်ထင်တရ်၊၊

IT Men is Banned

Posted: 14 Jan 2010 10:20 AM PST

Cbox မှာ အော်ခဲ့ကြ၊ မေးလ်တွေ ပို့ကြတော့မှ itmen ကို ပုဂံက ဘန်းလိုက်ပြီဆိုတာကို သိခဲ့ပါတယ်။ စစကြားချင်း အရမ်းအံ့သြမိပါတယ်။ ဘာကြောင့်လဲ၊ ဘာတွေပါလို့လဲလို့ ဘန်းတဲ့အကောင်တွေကို ပြန်မေးချင်တယ်။ အစကတည်းက ဘန်းခံရမှာကြောက်လို့ ဘာမှမပါအောင် ရှောင်ပြီး ရေးခဲ့ပါတယ်။ ကျွန်တော် ယူဆတာက ဘန်းခံရရင် အလွယ်တကူနည်းနဲ့ ၀င်လို့မရတော့ဘူး။ အဲဒီအခါမှာ နည်းပညာပြန့်ပွားမှု နည်းသွားမယ်လို့ ယူဆပါတယ်။ ဒါကြောင့်လည်း ဘာမှမပါအောင် ရှောင်ရေးခဲ့ပါတယ်။ တစ်ချို့ကိစ္စတွေများ ရေးချင်လိုက်တာ လက်ကိုယားနေတာ။ အဘန်းခံရရင် စာဖတ်သူတွေ ဘလော့ဂ်ကို ၀င်ရတာ အခက်အခဲ ဖြစ်မှာ မို့ မရေးခဲ့ပါဘူး။

ပုဂံက ဘန်းတဲ့အကောင်သေး၊ အကောင်ကြီးများ ခင်ဗျား။ ကျွန်တော်ကတော့ ကျွန်တော်တို့လူငယ်တွေ တော်ပါစေ၊ တတ်ပါစေတော့ ဆိုပြီး တတ်နိုင် သလောက်လေးနဲ့ ကိုယ်သိသလောက်လေးကို ဘလော့ဂ်လုပ်ပြီး ရှယ်ယာလုပ်နေပါတယ်။ ခင်ဗျားတို့ကတော့ ဒီတိုင်းပြည် ကတော့ လူငယ်တွေ တတ်သွားမှာ၊ တော်သွားမှာ အရမ်းကြောက်နေတယ် ထင်ပါရဲ့နော်။ လက်ရှိအစိုးရကို Anti လုပ်နေတဲ့ ဘလော့ဂ်တွေ၊ site တွေကို ဘန်းတာကို မပြောလိုပါဘူး။ အိုင်တီနည်းပညာတိုးတက်ဖို့ ရေးသားနေကြတဲ့ ဘလော့ဂ်တွေ၊ site တွေထိ ဘန်းတာကိုတော့ နားမလည်ဘူး။ ခွင့်မလွှတ်နိုင်တော့ဘူး။ နည်းပညာအရ မဖြစ်နိုင်တာ ဘာမှမရှိဘူး။ မင်းတို့တွေ ဘယ်လိုပဲ ဘန်းဘန်း၊ ရအောင် ကျော်နေကြတာပဲ။ ကျော်လို့ ရနေတာပဲ။ မင်းတို့တာဝန်က သခင်ခိုင်းတဲ့အတိုင်း ဘန်းပေးရမှာပေါ့ ဟုတ်ဘူးလား။ ကျော်ရမှာကတော့ ငါတို့ရဲ့ တာဝန်ပေါ့ကွာ။

By IT Men at itmen.myanmarbloggers.org

နဲ့ ပုဂ္ဂိုလ်ရေးရာ ခင်မင်ခြင်း လုံးဝ ( လုံးဝ ) မရှိပဲ လူ့အသိစိတ်ဓါတ်ဖြင့် ဖော်ပြသင့်တဲ့ အကြောင်းရာကို ဒီအိမ်မှာဖော်ပြခြင်းသာ ဖြစ်ကြောင်း အလေးအနက် အသိပေး အပ်ပါသည်၊၊

Co2zeиith

ကျနော့ နာမည်က ထွဋ်ကိုကို ၁၄ ၀၈ ၁၀၈၂ စနေနေ့ မနက် ၉ နာရီမှာ လူ့ဘဝ ကို မိတ်ဆက် တ၇် ကျနော်က သာမန်အညတြ လူသား တစ်ယောက်ပါ၊၊ အမျိုးသားရေး အတွက် တိုက်ပွဲဝင်နေသော စစ်မှန်သော ဒီမိုကရေစီ ရရှိရေးအတွက် ကြိုးပမ်းနေကြသော မည်သည့်အဖွဲ့အစည်းမဆို မည်သည် လူပုဂ္ဂိုလ်မဆို အားလုံးဘက်မှ ကျနော် အမြဲတမ်း ရပ်တည်ပါသည်။ ကျနော့် အကြောင်းက ရင်းနှီးနှီး ပေါင်းကြည့်ရင် သိလာမှာပါ၊၊ ကျနော် ခံယူနားလည် ထားတာက ဒုက္ခဆိုတာ spring နဲ့ တူတယ်၊၊ ကိုယ်ကမာရင် သူကပျော့ သွားလိမ့်မယ် ဒါပေမဲ့ ကိုယ့်မှာ လုံလောက်တဲ့ အင်အားရှိမနေရင်တော့ သူက ပိုပြီးမာနေလိမ့်မယ်၊၊ သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ ဆိုပေမဲ့ သင်ဆိုးလျှင် ကျွန်ုပ် သင့်ထက် ပိုဆိုးတတ်ပါသီ ဆိုဒဲ့ လမ်းမျိုးပဲ ရွေးတတ်တရ်၊၊

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form