ခဏလေး စောင့်ပေးပါ......
  • Share this
  • Sumbit to Digg
  • Sumbit to StumbleUpon
  • Sumbit to Delicious
  • Sumbit to Technorati
  • Sumbit to Reddit
  • Sumbit to Mixx
  • Sumbit to Twitter
  • Sumbit to Furl
  • Sumbit to Design Float
  • Sumbit to Blinklist
  • Sumbit to Yahoo Buzz
  • Sumbit to Google Bookmarks

http://messengerforbuddhist.blogspot.com/ အားရည်ရွယ်သည်။

လူမိုက်၊ ငတုံး၊ ဒီလို အာလုပ်သံနဲ့ ဆုံးမ လိုက်တာ စိတ်မရှိနဲ့၊ မင်းက ဘာသာမဲ့ လုပ်ကြဖို့ ဆော်သြတဲ့သူ ဆိုကတည်းက သည်လို စိတ်မျိုး မပေါက်ခင်က မိရိုးဖလာ ဗုဒ္ဓဘာသာဝင် လောက်တော့ ဖြစ်ခဲ့ဘူးတယ်လို့ ယူဆတယ်။ ဘာမှလဲ ကြားဖူးနားဝမရှိပါလား။ ခုလို မိုက်ကန်း တာဟာ အဲဒီ ဗဟုသုတ ခေါင်းပါးမှုနဲ့ သဒ္ဒါတရား နည်းပါးမှုတွေ အပေါ်မှာ အခြေခံတာပဲ။ ငါလဲ ငယ်တုန်းက ကွန်မြူနစ်တွေကို အထင်ကြီးပြီး ဘာသာမဲ့ လုပ်ဖူးတယ်။ အထက်တန်း ကနေ တက္ကသိုလ်ပြီးတဲ့အထိပေါ့။ ဒါပေမဲ့ ငါက ဘုန်းကြီးကျောင်းထွက်ကွ၊ ပြီးတော့ ဇာတ်ကြီး ဆယ်ဖွဲ့ထဲက ဇာတ်တော်တော်များများကိုလည်း ၁၃နှစ် သားလောက်ကတည်းက စွဲစွဲလန်းလန်း ဖတ်ခဲ့တာ၊ ခုကြီးလာတော့ ပိဋကတ် မြန်မာပြန်နဲ့ အင်္ဂလိပ်ဘာသာပြန် ပိဋကတ်တွေ ဖတ်တယ်၊ ဇင်တရားတွေ ဖတ်တယ်။ အထူးသဖြင့်တော့ ဓမ္မပဒကို အခေါက်ခေါက် ဖတ်တယ်။ ခရစ်ယန်ကျမ်းလဲ ဖတ်တယ်၊ ကိုရမ်လဲ ဖတ်တယ်၊ ဘဂ၀ါဂီတ (ဟိန္ဒူကျမ်း)ကိုလည်း ဖတ်တယ်။ နောက်ဆုံးတော့ ဗုဒ္ဓဟာ ဘာကြောင့် ကြီးကျယ် မြင့်မြတ် ရသလဲ ဆိုတာကို ရေးရေး သဘော ပေါက်လာတယ်။ အထူးခြားဆုံးက လူသားကဖြစ်တဲ့ အပူ မှန်သမျှက ကင်းလွတ်အောင် နေတတ်တဲ့၊ နေနေတဲ့ သူ ဖြစ်တာပဲ၊ တထာဂတ လို့ ခေါ်သကွယ့်။ မင်း မေးထားတာတွေ အားလုံးကို အောက်မှာ ဖြေထားတယ်၊ အသေအချာဖတ်၊ ပြီးရင် စိတ်လိုက်မာန်ပါ ထ ဆဲမနေနဲ့။ ငါ့ကို ဆဲရင် မင့်ဟာမင်း မှန်ထဲကြည့် ဆဲသလိုပဲ ဖြစ်မယ်။ ငါက အဆဲနဲ့ မတုန့်ပြန်ဘူး။ မင့်အဆဲကို မယူဘူး။

(၁)အဘယ်ကဲ့သို့ ကုသိုလ်ကောင်းမူကို ပြုပြီး နိဗ္ဗာန်ရောက်နိုင်မလဲ?????

ကောင်းမှုပြုရုံ(ဒါန)နဲ့ ဘယ်နိဗ္ဗာန်ကိုမျှ မရောက်ပါ။ သီလဆိုတဲ့ အကျင့်၊ ဘာအကျင့်တွေလဲဆိုတော့ မဂ္ဂင်ရှစ်ပါး အကျင့်တဲ့၊ အကျင့်ရပ်မသွားအောင် အထောက်အပံ့တွေ များလာအောင် ဘာဝနာပွားတဲ့။ ဒါနပြုတဲ့အတွက် စိတ်ချမ်းသာမှု ရတယ်၊ တဖက်သားမှာလဲ အကျိုးရှိ သွားတယ်။ အခုကောင်းရင် နောင်ကောင်းဖို့ ပူစရာ မလိုဘူး။ သိပ်လောဘ မထားနဲ့။ သူများကို ကူညီမိရင် တွေးမိတိုင်း သတိရစရာပေါ်လာတိုင်း နှစ်သိမ့်မှုပီတိဖြစ်ရတယ်၊ စိတ်ချမ်းသာတယ်၊ တော်ပြီပေါ့။

မဂ္ဂင်ရှစ်ပါးကတော့၊
မှန်ကန်တဲ့ အယူ
မှန်ကန်တဲ့ အတွေးအကြံ
မှန်ကန်တဲ့ အပြော
မှန်ကန်တဲ့ ဆောင်ရွက်မှု
မှန်တဲ့ အသက်မွေးဝမ်းကြောင်း
မှန်ကန်တဲ့ အားထုတ်မှု
မှန်ကန်တဲ့ အောက်မေ့နိုးကြားမှု
မှန်ကန်တဲ့ တည်ကြည်မှု စူးစိုက်မှု တဲ့။
ကဲ ကြည့်၊ မဂ္ဂင်ရှစ်ပါး မှာ ဒါနဆိုတာ သီးခြားမပါဘူး။ မှန်ကန်တဲ့ ဆောင်ရွက်မှုထဲမှာ ထည့်လိုက်ပေါ့။ လိုအပ်တဲ့သူကို ပေးကမ်းစွန့်ကြဲတယ်ဆိုတာ ကောင်းတဲ့အလုပ်ပဲ။

(၂) နိဗ္ဗာန်ကို ဘယ်သူဖန်တီးထားတာလဲ (သို့) ဘယ်သူဖန်ဆင်းထားတာလဲ..(ကျိန်းသေတာတော့ နိဗ္ဗာန်ကို ဂေါဓမကိုယ်တိုင် ဆောက်လုပ်ထားခြင်းမဟုတ် တဦးတယောက်ဆိုလျှင်လဲ သူ၏အမည်ကို ဖော်ပြပေးပါ)
ငတုံး၊ နိဗ္ဗာန်ဆိုတာ ကစားကွင်းမဟုတ်ဘူး၊ ဒစ္စနေလန်းဒ် မဟုတ်ဘူး။ သူ့အလိုလို သဘာဝအတိုင်းတိုင်း ရှိနေတာ၊ အလိုလို ငြိမ်းချမ်း နေတာ၊ အဲဒါကို နိဗ္ဗာန်လို့ ခေါ်တာ၊ နိဗ္ဗာန်လို့ စကားအရာ အမည်တပ်ပေး ထားတာ၊ ပရမတ်မှာက ဘယ်ဟာမှ ဘာမှမဟုတ်ဘူး။ ဗုဒ္ဓက အဲဒီရှိပြီးသားကြီးကို သိပြီးသားကြီးဖြစ်အောင် ဒီလက်ရှိကမ္ဘာသက်တမ်းမှာ ဘယ်ဆရာရဲ့ အကူမှမပါပဲ ကျင့်ကြံပေါက်မြောက် သွားတာ။ အဲဒီနောက် အိုကြီးအိုမ သေခါနီးအထိ တပည့်တွေ သတ္တ၀ါတွေကို ကျင့်မှရတယ်ဆိုတာကို ဆုံးမ လမ်းညွှန်သွားတာ၊ ဘယ်သူ့ကိုမှ ပုခုံးနဲ့ထမ်းပြီး ပို့ပေးတာမဟုတ်ဘူး။ ကိုယ့်ကိုယ်ကို အားကိုးကြ၊ တခြား အားကိုးစရာမရှိဘူးလို့ အရင်းခံအထိ ပြောသွားတာ။ မင်းက ဘယ်နှစ်ဦးလောက်များ စေတနာမှန်မှန်နဲ့ ကူဘူးသလဲ၊ ပြန်စဉ်းစား။ မင်းလို ခွေးလှေးလောက် သတ္တ၀ါက ဗုဒ္ဓကို ညစ်ကျယ်ကျယ် လျှောက်ပြောတာ မင်း သေတဲ့အထိ သေပြီး ဟိုဖက်ရောက်အောင် ဆက်ခံရမှာစိုးလို့ ငါ သတိပေးလိုက်တာ။ ကိုယ်နားမလည်သေးရင် နားလည်အောင် အားထုတ်၊ သိသူကို မေးမြန်းမှတ်သား။ မေတ္တာစိတ် အကြင်နာစိတ် သူတပါးကို မစော်ကားလိုစိတ် မွေး။ နောက်ဆုံး ကိုယ်မယုံလဲ ဒီအတိုင်းနေ၊ အာမချောင်နဲ့။

(၃) လူသတ်သမား နိဗ္ဗာန်ရောက်နိုင်မလား???
လူသတ်သမား အမြင်မှန်ရပြီး အကျင့်မှန်ကျင့်ရင် နိဗ္ဗာန် ရောက် နိုင်တယ်။ အင်္ဂုလိ မာလ သုတ်ကိုဖတ်၊ အဲဒါကို ဆင်ခြင် စဉ်းစား။ မင့်အတွက်လဲ လမ်းမဆုံးသေးဘူး။

(၄) မိန်းမ ငါးယောက် ယူထားတဲ့သူ နိဗ္ဗာန် ရောက်နိုင်မလား????(ဥပမာ ဂေါတမလို လူမျိုးပေါ့)
မင်း ဗမာလူမျိုး ဟုတ်ရဲ့လား။ ငါတို့တတွေ (တိုင်းရင်းသား အားလုံး) မှာ ဂါရ၀တရား ဆိုတာ နားလည်ကြတယ်။ မင်းကတော့ မင်းမိဘရဲ့ မျက်နှာကို ချေးနဲ့သုတ်တဲ့ အကောင်မျိုးပဲ။ ဒါပေမဲ့ မင့်ကို သနားသောအားဖြင့် ဖြေလိုက်တယ်။

ဆက်ဖတ်။

မိန်းမ ငါးယောက် မကလို့ တစ်ရာပဲ ယူယူ အမြင်မှန်ရ၊ အကျင့်မှန်ကျင့်ရင် နောက်ဆုံးမဂ်မရောက်ခင် အနာဂါမိမဂ်မှာ ကာမ တဏှာကို အပြီးပယ် သတ်တယ်။ နိဗ္ဗာန် ဆိုတာ ရောက်ဖို့ ဆိုက်ဖို့ အခက်ဆုံး ဖြစ်တယ်၊ အဲဒီလောက် အဖိုးထိုက်တဲ့ အရာကို စတိလောက် ကျင့်ရုံနဲ့ မရဘူး။ လနဲ့ချီပြီးလဲ ကြာနိုင်သလို နှစ်နဲ့ချီပြီးလဲ ကြာနိုင်တယ်၊ အယူအကျင့်မမှန်ရင် ဘ၀ပေါင်းများစွာ ကြာနိုင် တယ်။ တကယ် ကျင့်တဲ့သူဟာ ရမှ အကျင့်က နေထတယ်၊ ဒီကြားမှာ မရခင် သေသာ သွားချင်သွားမယ်၊ အကျင့်ကနေ မထဘူး။ နာမည်ကြီးချင်သူတချို့သာ တစ်နှစ် နှစ်နှစ် တောရဆောက်တယ်၊ ဘာညာနဲ့ ပြီးတော့ တရားလည်ဟော၊ စာအုပ်တွေထုတ်နဲ့။ ဒါ ဗုဒ္ဓ အဆုံးအမနဲ့ မညီဘူးဆိုတာ သူတို့ သိတန် သလောက် သိတယ်။ ဗုဒ္ဓက ရဟန်း ကိစ္စ မပြီးပဲ မဂ်မဆိုက်ပဲ တရား မဟောရဘူးလို့ ပညတ်ထားတယ်၊ ဟောရင် အဲဒါ ယုတ်မာသော လောဘလို့ ပိဋကတ်မြန်မာပြန်မှာ အတိအလင်း ပါတယ်။ ဘုန်းကြီး တချို့လုပ်တာကြည့်ပြီး ဗုဒ္ဓကို စော်ကားရင် မင်း အမှန်ပဲ ကံကြီးထိုက်မယ်။ မင့်မိခင် ဖခင်လဲ မင်းလို သားမျိုး မွေးမိတဲ့ အတွက် ကြီးစွာသော အရှက် ရလိမ့်မယ်။ မင်း အသေအချာ စဉ်းစားပြီး၊ ဇာတ်မြှုပ်နေ၊ ဆက် မစော်ကားနဲ့၊ စော်ကားမိတာကို တောင်းပန်ရဲရင်တော့ မင်းလဲပဲ အာဂလူထဲ အပါအ၀င် ဖြစ်မယ်။

(၅) အရက်သမား နိဗ္ဗာန်ရောက်နိုင်မလား????
(ဘာလို့လဲဆို မြန်မာပြည်မှာ အရက်သမား တကယ်များတာ သူတို့အတွက် စာနာ ထောက်ထားပြီး မေးခွန်းမေးပေးတာပါ) အထက် မေးခွန်းမှာ ဖြေခဲ့သလိုပဲ၊ အရက်သမားလဲ တနေ့မှာ ကျွတ်တန်း ၀င်နိုင်တာပဲ။ အသိမှန် အကျင့်မှန်ပြီး ဇွဲရှိရင်၊ ၀ိရိယရှိရင် သေချာပေါက် နိဗ္ဗာန်ရောက်မယ်လို့ တထစ်ချမှတ်။

(၆) ရောက်နိုင်မယ်ဆိုရင်လဲ လူသတ်သမား/မိန်းမအများကြီးယူသော်သူ/အရက်သမား က မည်ကဲ့သို့ ခံယူချက်ကို မွေးပြီး အကျင့်သီလကိုစောင့်ထိန်းပြီး နိဗ္ဗာန်ရောက်နိုင်မလဲ????
ဘယ်လို ကျင့်ရမလဲ ဆိုတဲ့ အမေး ရောက်လာရင် အတော် အောင်မြင်ပြီ။ ကျင့်ချင်ရင် ကျင့်နည်းကို နာခံရတယ်။ သာမာန်ဘုန်းကြီးကို မကြည့်နဲ့၊ မကပ်နဲ့။ ၀ိပဿနာ စခန်းတွေ ရှိတယ်။ မဟာစည်၊ စွန်းလွန်း၊ ချမ်းမြေ့ ရိပ်သာ၊ ကျောက်သင်္ဘော၊ ဆရာကြီး ဦးဘခင်တည်ထောင်တဲ့ အပြည်ပြည်ဆိုင်ရာ ၀ိပဿနာ စခန်း၊ သူ့တပည့် ဦးဂိုအင်ကာထောင်တဲ့ ၀ိပဿနာစခန်း (သူ့စခန်းက လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက နိုင်ငံပေါင်း ၄၀ကျော်မှာ ဖွင့်ထားတယ်။ အဓိကက နည်းလမ်း (တရားထိုင်နည်း)ကို ကျကျနန လေ့လာ၊ ထိုင်ရင် အလွယ်လိုက်ပြီး တ၀က်တပြက် ပဒုမ္မာကြာ ထိုင်နည်း မထိုင်နဲ့၊ ဗမာ ထိုင်နည်းလို့လဲ တချို့ အင်္ဂလိပ် တရားထိုင် စာအုပ်တွေမှာ ညွှန်းကြတယ်။ ဗမာတွေ ပြီးစလွယ်လိုက်ခဲ့လို့။ တခါတည်း အပင်ပန်းခံပြီး ပဒုမ္မာကြာ အပြည့်ပုံ၊ ဗုဒ္ဓ ဆင်းတုတော်ကိုကြည့်၊ အဲဒီ အတိုင်းထိုင်။ အဓိက အာနာပါနကို လေ့ကျင့်။ ပထမပိုင်းမှာ စိတ်ကို ချည်တိုင်မှာ ချည်ဖို့ အလွန်ခက်ခဲကြောင်း တွေ့လိမ့်မယ်။ မလျှော့နဲ့။ ဆက်ပြီးကျင့်၊ များများ အချိန်မပေးနိုင်ရင် ၁၅ မိနစ်ဆိုလဲ ၁၅မိနစ်ပဲ။ စိတ်အင်အားတွေ တက်လာလိမ့်မယ်။ တဖြည်းဖြည်းနဲ့ လောဘ၊ ဒေါသ ထွက်တော့မယ်ဆိုရင် နည်းနည်းလေးဖြစ်ဖြစ် ကြိုသိလာလိမ့်မယ်။ ဒါဆို ထိန်းချုပ်ဖို့ အချိန်တိုးတိုးရလာမယ်။ နဂိုက ထစ်ကနဲရှိ စိတ်က ထောင်းကနဲ ထရာကနေ၊ တဖြည်းဖြည်း ငြိမ်လာလိမ့်မယ်။ လေ့ကျင့်မှ သိတယ်။ ဒါ ဗုဒ္ဓရဲ့ ကျေးဇူးပဲ။ ငါအခု အကျင့်ပြတ်နေလို့ မင့်စာဖတ်ပြီး နည်းနည်း စိတ်တိုချင်တယ်။ မင်းပြောတဲ့ ဘုန်းကြီးတွေ အဆဲသန်တာ ကိုယ်တွေ့ဆိုရင် မင်းလဲ ဆင်ခြင်၊ မင်း ဗုဒ္ဓအပေါ် ဘာမသိညာမသိနဲ့ စော်ကားတာ ဗုဒ္ဓက ဘာမှမလုပ်ဘူး၊ မတုန့်ပြန်ဘူး၊ ပတ်ဝန်းကျင်ကသာ သိသွားရင် အရိုးတခြား အသားတခြား ဖြစ်သွားနိုင်တယ်။ (အသားလွတ် ခြိမ်းခြောက်တာလို့ထင်ရင် ကြေငြာသာကြည့်လိုက်မောင်၊ မင့်ကို အခွံနွှာချင်တဲ့လူတွေ တပုံပဲ)။ ဘာသာရေးဟာ အလွန်ဆွပေးလို့ ကောင်းတယ်ဆိုတာ မင်းလဲ ရိပ်မိမှာပါ။ ဒီတော့ အခုအချိန်ကနေ ပညာရှိမဖြစ်ခင် အတုခိုးတဲ့အနေနဲ့ မင်းပါးစပ်ကို နိုင်သလောက် ပိတ်ထား။ စိတ်ကောင်းမွေး၊ အကျင့်သီလ ဆောက်တည်၊ မသတ်ဘူး၊ မခိုးဘူး၊ သူများ သားမယား၊ မှားယွင်းတဲ့ ကာမ မဆက်ဆံဘူး၊ စိတ်နဲ့တောင် မပစ်မှားဘူး၊ လိမ်ညာမပြောဆိုဘူး၊ မူးရင်မှားတတ်တဲ့ သေရည်သေရက်ကို မသောက်ဘူး၊ ဆိုတဲ့ အခြေခံသီလ လုံရင်ကို ကိုယ်ရောင်ကိုယ်ဝါ ထွက်ပြီ၊ ငါ ဒီသီလတွေ လုံပါကလားလို့ တွေးပြီး စိတ်ချမ်းသာမှုရပြီ။

(၇) နိဗ္ဗာန်မှာ ဘာရှိလဲ????
နိဗ္ဗာန်မှာ ငြိမ်းအေးမှုကလွဲလို့ ဘာမှမရှိဘူး။ လောကဓံအတိုက်ခံရပါများမှ ငြိမ်းအေးမှုတန်ဖိုးကို သိတာ။ ဆိတ်ဆိတ်ငြိမ်ငြိမ်လေးထိုင်ပြီး အတွေးစတွေဖြတ်ကြည့်၊ နည်းနည်းဖြတ်နိုင်ရင် နည်းနည်း ပိုအေးတာ တွေ့လိမ့်မယ်။ နိဗ္ဗာန် မင့်စိတ်ထဲမှာရှိတယ်။ လောကီနဲ့တွဲပြီး ရှိနေတယ်။ ဒါပေမဲ့ အတူတူမဟုတ်ဘူး။ တခုက ဆင်းရဲတယ်။ တခုက ချမ်းသာတယ်၊ အေးတယ် ငြိမ်းတယ်။ လူတိုင်းရဲ့ ပင်ကိုယ်သဘာဝမှာ နိဗ္ဗာန်လဲပါတယ်၊ ငရဲလဲပါတယ်။ အဲဒါကြောင့်မို့ ရှိပြီးသားကို သိပြီးသားဖြစ်အောင် ကျင့်ရတာ။ ပါရမီရှိသူ ရင့်သူများဟာ ဗုဒ္ဓလက်ထက် တော်တုန်းက တမဟုတ်ခြင်းတောင် နိဗ္ဗာန်ကို ဆိုက်တာ ရှိတယ်။ မင့်မှာလဲ ပါရမီမပါဘူးလို့ ပြောလို့မရဘူး၊ စောစောကပြောခဲ့တဲ့ အင်္ဂုလိမာလဟာ ဘုရားနဲ့မတွေ့ခင် လူတစ်ထောင်နီးပါး (၉ ၉ ၉ )ကို သတ်၊ လက်ညှိုးဖြတ်တဲ့ လူဆိုး၊ သူကတော့ ကံကောင်းလို့ ဗုဒ္ဓနဲ့ တွေ့တယ်။ ငါကတော့ ဗုဒ္ဓရဲ့ခြေဖ၀ါးက မြူမှုံလောက်သာ အသိရှိတယ်။ သို့ပေမဲ့ အခုငါပြောတဲ့ အစကိုနင်းပြီး မင်းရဲရဲလျောက်သွားပါ။ အဖြေကို မင်းကိုယ်တိုင် သိလာလိမ့်မယ်။ မိဖကျေးဇူးကို ဆပ်ရာ အရောက်ဆုံးလဲ ဖြစ်မယ်။ အေး ကွန်မြူနစ်ကိုတော့ သွားပြီး မယောင်နဲ့၊ ဒို့ယဉ်ကျေးမှု၊ ဒို့ဘာသာအခံနဲ့ ဘယ်လိုမှ မအပ်စပ်ဘူး။ စနစ်က ကောင်းချင် ကောင်းလိမ့်မယ်။ စဉ်းစားပြီး ချရေးထားတာ။ တကယ် လုပ်တဲ့ စခန်းမှာကြတော့ လူဟာ လူပဲဆိုတာ ထည့်ရ လိမ့်မယ်။ မရဘူး။

(၈) နိဗ္ဗာန်နှင့် နတ်ပြည်၏ ကွာခြားချက်ကို ဖော် ပြပေးပါ. နတ်ပြည်ကိုရောက်လျှင် နတ်သမီး ဘယ်ညာ အပါးငါးရာယောက်ဖြင့် နေရမည်ဆိုတာ တကယ်လား လေရွှီးထားတာလား????
(နတ်သမီးဘယ်ညာ အပါးငါးရာဆိုလျှင် စာရေးသူ စိတ်ဝင်စားမိတယ် အပါးငါးရာ မလိုပါဘူး ဟိုဘက် ငါးယောက် ဒီဘက် ငါးယောက် ဆိုရင် တော်ပါပြီ ဟီဟီ) မဖောက်နဲ့ ကောင်ကလေး၊ အဲဒါကို ရှင်းဖို့ဆိုရင် ကာဠာမသုတ်ကို ဖတ်။ ဗုဒ္ဓက သူပြောတာ သူဟောတာ မို့လို့လဲ အလွယ်မယုံနဲ့ ဆိုတာ ထည့်ပြော ထားတယ်။ ကိုယ်နဲ့ တိုက်ကြည့်၊ ကျင့်သုံးကြည့်။ ကျင့်ကြည့်လို အဲဒီတရားဟာ ငြိမ်းအေးမှုကို ဆောင်ချဉ်းပေးတယ်၊ လောဘ၊ ဒေါသ၊ မောဟကို ပယ်ဖျောက်ပေးတယ်၊ စိတ်ချမ်းသာမှုကို ပေးတယ်၊ ပူပင်ကြောင့်ကြရတာတွေ ကင်းဝေးတယ် စသဖြင့် ကိုယ်တိုင် ခံစား သိရှိလာရင် ကောင်းတဲ့တရားကို ကျင့်သုံး၊ မကောင်းတာကို လွှင့်ပစ်၊ ဘယ်သူ့မျက်နှာမှ မကြည့်နဲ့တဲ့။ ဗုဒ္ဓက သံသယဖြစ်ခွင့်ပေးတယ်၊ ဒါ့ကြောင့် ပိဋကတ်ထဲပါကာမျှဖြင့် အားလုံးဗုဒ္ဓအဟော လုပ်မပစ်ကြနဲ့။ နတ်ပြည် ရှိလား ငါ့ကို မေးရင် ငါမသိဘူး။ ငါမသိလဲ အရေးမကြီးဘူးလို့ ဖြေမယ်။ အခု မြန်မာပြည်မှာ နားလည်နေတဲ့ နတ်မျိုးရှိခဲ့ပြီး ဘာသာတရား ကိုင်းရှိုင်းတဲ့ ဗမာတွေ ဘုရား ဒါယကာ မင်းတွေကို (ဗုဒ္ဓဘာသာဝင်တွေ အဆိုအရ) အယူ တိမ်းမှားနေတဲ့ နယ်ချဲ့မိစ္ဆာတွေက နိုင်လိုမင်းထက် သတ်ဖြတ် နှိပ်စက်ပြီး မြန်မာပြည်ကို ကျွန်သဘောက်ဘ၀ ဆွဲချတာကို မကူမကယ်ပဲ ဇိမ်ခံပြီး ကြည့်နေ လိမ့်မယ်လို့လဲ မထင်ဘူး။ ဒီဘက်ခေတ် (ဟိုတခေတ်တော့ထားလိုက်၊ အလှမ်းဝေးလို့) မှာ နတ်နဲ့တွေ့ဘူးသူလဲ မရှိဘူး၊ တခါမှလဲ အသံမကြားဘူးကြဘူး။ ဒါ့ကြောင့် အဲဒါတွေကို ဘုရားဟောလို့ မှတ်ပြီး ဗုဒ္ဓကို ကံဓကောဇမတိုက်နဲ့၊ မှားမယ်။ ဗုဒ္ဓက အခုကိုယ့်မှာ ဘာဖြစ်နေသလဲဆိုတာသာ ကြည့်တဲ့၊ ဥပမာအနေနဲ့ အဆိပ်လူး မြှားမှန်တဲ့ လူကို ဆောင်ပြတယ်၊ ဘယ်သူပစ်သလဲ၊ ငဖြူလား၊ ငနီလား။ မြတ်တဲ့အမျိုးလား၊ ယုတ်တဲ့ အမျိုးလား၊ စသဖြင့် အဲဒီမေးခွန်းတွေ ဖြေမှ မြားအနှုတ်ခံမယ်၊ ဆေးအလိမ်းခံမယ်လို့ ကလန်ကဆန် လုပ်နေမယ် ဆိုရင် အဲဒီ အဖြေမရခင် သေဖို့သာပြင်တဲ့။ အခု ကိုယ့်မှာရှိနေတဲ့ အပူကို၊ ဒွိဟကို၊ စိုးရိမ် ကြောင့်ကြမှုကို အခု အေးအောင် လုပ်ရမှာဖြစ်တယ်။ တခြားဟာ စဉ်းစားဖို့မလိုဘူး။ ကျင့်လို့ မဂ်ဆိုက်တဲ့ အခါမှာ နတ်ပြည် ရှိမရှိ ကိုယ်တိုင် သိလာလိမ့်မယ်။ တဏှာကို ဖြတ်၊ မဖြတ်နိုင်ရင် လျော့အောင်လုပ်။

(၉) မိန်းမမယူဘဲ သင်္ကန်းခြုံပြီး ဖာချနေသော ဘုန်းကြီးများ ဖာမချဘဲ ကိလေသာကို မိမိစိတ်ဖြင့် မိမိလက်ဖြင့် ပြုလုပ်နေသော ဘုန်းကြီးများ နိဗ္ဗာန်ရောက်နိုင်ပါသလား????
အဲဒီနှစ်မျိုးလုံးဟာ အာပါတ်သင့်တယ်။ အပြစ်ရှိတယ်။ ရဟန်းဝတ်မချွတ်သော်လည်း ရဟန်းမမည်တော့ဘူး။ ပါရာဇိကကံ ထိုက်တယ် လို့ခေါ်တယ်။ ပိဋကတ်တော်ထဲက ၀ိနယပိဋကတ်မြန်မာပြန်ကို ရှာ ဖတ်ကြည့်၊ အင်တာနက်မှာ မြန်မာလို တင်ထားတာတွေလဲ ရှိတယ်။ အဲလို ဘုန်းကြီးတွေရှိတာ အမှန်ပဲ။ ဒါပေမဲ့ သူ့ထို်က်နဲ့သူ ခံကြရလိမ့်မယ်။ ဗုဒ္ဓ လက်ထက်မှာလည်း အဲဒီအမှုတွေပေါ်ခဲ့တယ်၊ တိရိစ္ဆာန်နဲ့စပ်ယှက်တဲ့ ရဟန်းလဲ ရှိတယ်။ အားလုံးကို ပညတ် ထားခဲ့တယ်။ သူတို့တတွေကိုလဲ သံဃအဖွဲ့အစည်းကနေ မောင်းထုတ် ခဲ့တယ်။

(၁၀) မိသားစုရဲ့ ကိုယ်ရေး ကိုယ်တာကိုသာ ဂရုစိုက်ပြီး တောမထွက် အိမ်၌ပင် တနေ့ တနာရီစာမျှ ကမ္မာဌာန်း ရူတဲ့လူများကော နိဗ္ဗာန် ရောက်နိုင် မလား??? (သို့) နိဗ္ဗာန် မရောက် နောက်ဘ၀ ရောက်မယ် ဆိုရင်လဲ ဘယ်ဘ၀ကို ရောက်နိုင်မလဲ?????

ဒါပေမဲ့ သူ့ထို်က်နဲ့သူ ခံကြရလိမ့်မယ်။ လူဝတ်ကြောင်နဲ့ ကျင့်ရင်လဲ အကျင့်မှန် အကျင့်သန်ခဲ့ရင် ခုဘ၀မှာပဲ မဂ်ဖိုလ်ဆိုက်နိုင်တယ်၊ စွန်းလွန်းဆရာတော် လိုပေါ့။ သောတပတ္တိမဂ်၊ သဂဒါဂါမိမဂ်၊ ဒီမဂ်နှစ်ခုရတဲ့အချိန်အထိ ကာမတဏှာမပြတ်ဘူး။ အခုဘုန်းကြီးအများတကာ့အများစုဟာ ဘာမဂ်မှ မဆိုက်ကြဘူး၊ ကျောင်းကို မက်တယ်၊ အလှူဝတ္ထုကို မက်တယ်၊ လှတာ ချောတာကို ကြည့်ချင်တယ်၊ အစားအစာ ကောင်းတာကို စားချင်ကြတယ်၊ ကားစီးချင်ကြတယ်၊ တီဗွီကြည့်ချင်ကြ၊ ရေဒီယို ဆောင်ချဉ်ကြ၊ တယ်လီဖုန်း ဆောင်ချင်ကြနဲ့ တချို့များ လက်ပတ်နာရီတောင် ပတ်နေကြပြီ၊ ကင်မရာ ဆောင်နေကြပြီ။ နောက်ဘ၀ ကိစ္စကတော့ တကယ်လို့ နောက်ဘ၀ ရှိခဲ့ရင် အခု ဘ၀ ကောင်းမွန်စွာ နေထိုင် ကျင့်ကြံသွားတဲ့ ပုဂ်ဂိုလ်ဟာ ကောင်းတဲ့ မြင့်မြတ်တဲ့ ဘ၀ကို ရောက်မယ်။ ဒီလိုဘ၀တွေကို မြင်နိုင်စွမ်းဟာ မဂ်လေးတန် ဖိုလ်လေးတန်ဆိုက်ရုံနဲ့တောင် မရဘူးလို့ ကြားနာဘူးတယ်။ ပြုသူအသစ် ဖြစ်သူအဟောင်းတဲ့၊ မြန်မာစကားမှာရှိတယ်။ အခုမကောင်းတာ ကောင်းတာ ပြု၊ ဒီကံအသစ်ဟာ နောက်ဘ၀မှာလည်း အကျိုးထင်ရှားပေါ်လိမ့်မယ်တဲ့။ ဖြစ်သူအဟောင်းကတော့ ဟိုဘ၀က ပြုခဲ့တဲ့ ကံဟောင်းကြောင့် အခုဘ၀မှာ ခုလို ဘ၀မျိုးကြုံရတာလို့ဆိုတယ်။ အဲလို မလိုချင်တဲ့ဘ၀မျိုး ကြုံရရင် သတိထား၊ ကံကောင်းအောင် ကောင်းတဲ့ကာယအလုပ်၊ ၀စီအလုပ်၊ မနောအလုပ်နဲ့ ပြန်ဆယ်။ ဒါ ဗုဒ္ဓ အလိုကျ နည်းလမ်းပဲ။ လက်စားခြေဖို့များ မစဉ်းစားနဲ့။ အခု ဂျပန်က ဘုန်းကြီး တပါးဆိုရင် တရားကို ရက်ပ်နဲ့ သီဆိုနေပြီ၊ ဒီမှာတော့ ဘုန်းကြီးဆိုတာ စီးပွားလုပ်တယ်၊ အခွန် ကင်းလွတ်ခွင့် ရတယ်။ သားမယားယူကြတယ်။ မင်းပြောသလို ဖာခန်းနဲ့လဲ လုံးပုံပါပဲ။ အရက်ကလဲ တစွပ်စွပ်ပေါ့။ ဒါတွေနဲ့စာလိုက်တော့လဲ ဒို့ဘုန်းကြီးတွေ ဗုဒ္ဓစကား အကုန်နားမထောင်ပေမဲ့ အများကြီး တော်သေးတယ်လို့ ဆိုရလိမ့်မယ်။ အကျင့်ဖက်ကို မလိုက်သော်ငြားလည်း နှိုင်းယှဉ်ကြည့်ရင် ဒို့နိုင်ငံက ဘုန်းကြီးတွေဟာ ကမ္ဘာမှာ အတော်ဆုံး၊ စည်းကမ်းအရှိဆုံးပါပဲ။ ၀ိပဿနာစခန်းက ဆရာတော်တွေကတော့ ထိပ်ဆုံးက ပေါ့ကွာ။

ငတုံး တိရိစ္ဆာန် ကို ချွတ်သူ ကိုညွန့်ရွှေ

36 comments:

mr.no666 said...

ကောင်းလိုက်တာ အကိုရာ ဒါတောင် ဒီကောင် အမှတ်တရားရမှာ မဟုတ်ဘူး။ ကျေးဇူးတင်တယ်ဗျာ.

Nge Naing said...

ကိုဒီရေ

ဒီပို့စ်လေးကို ပြန်တင်ပြပေးတာ ကျေးဇူးတင်ပါတယ်။ ရေးသူ ကိုလည်း ကျေးဇူးတင်ပါတယ်။ ရေးသူရဲ့ စေတနာကိုလည်း သိပ်ပြီးလေးစားပါတယ်။ ဒါပေမဲ့ စာရေးသူ ရည်ရွယ်တဲ့ ကိုယ်တော်ချောအတွက်တော့ အကျိုးရှိမရှိဆိုတာ မသေချာဘူး။ သေချာတာက ဖတ်သူအားလုံးအတွက် ဗဟုသုတ ရပြီး အကျိုးရှိမှာကတော့ သေချာပါတယ်။ ကိုယ်တော်ချော မေးလို့ ဖြေဖြစ်တဲ့ စာတွေ ဖြစ်လို့ ကိုယ်တော်ချောမှာလည်း အနည်းငယ်တော့ ကုသိုလ်ရနိုင်ကောင်းပါတယ်။ အဲဒီကုသိုလ်နဲ့ ကိုယ်တော်ချောတယောက် သူ့လုပ်ရပ်ကို သူဆင်ခြင်တုံတရားနဲ့ အမြင်မှန်ရလာပါစေလို့ပဲ ဆုတောင်းပါတယ်။

မြန်မာမွတ်စ်လင်မ်စည်းလုံးခြင်း၏အင်အား said...
This comment has been removed by the author.
evy said...

အားရလိုက်တာအစ်ကိုရာ.စေတမန်ဆိုတဲ့လူရေးထားတာကိုပြန်ချေပထားတာ.နောက်လဲစာတွေဆက်ရေးပါ..အားပေးနေမယ်..

Aung said...

ကိုညွန့်ရွှေရှင်းပြမှ ဂျပန်ဘုန်းကြီးတွေထက် မြန်မာဘုန်းကြီးတွေ စည်းကမ်း၇ှိကြတာသိရတာ ကျေးဇူးပါ။ ကူးသွားတယ်။
ဘကြီးအောင်

ASHINARSARA said...

သာဓု ... သာဓု ...သာဓု ...

Dramer said...

အခုလိုပြန်လည် ချေပလိုက်တာ ၀မ်းသာပါတယ်ခင်ဗျာ။ကျွန်တော့် တို့ မှာဒေါသတွေထွက်လိုက်ရတာဗျာ၊ဒါတောင်ဒီကောင်နားလည်မှာမဟုတ်ပါဘူးဗျာ။အားလုံးကလဲအစ်ကို့ ကိုကျေးဇူးတင်နေမှာပါ ။၊

julymoe said...

အစ်ကိုရေ အဲဒိလူရဲ့ ပို့စ်ကို တစ်ခုနှစ်ခု ဖတ်ကတည်းက ဒေါသထွက်ပြီးဆက်မဖတ်နိင်တော့ဘူး
ကာယကံ ၀စီကံ မနောကံတွေနဲ့ ရေးသားစော်ကားထားတာကြောင့်သူ့ ကြောင့်တော့အကုသိုလ်မယူချင်တော့ပါဘူး .
အကုသိုလ်အကျိုးအပြစ်ကိုမသိသေးသရွေ့ ကတော့သူ့ လမ်းသူသွားမှာပါဘဲ

Thet Yee said...

အရမ်းဝမ်းသာရပါတယ်
အဲလို အချက်ကျကျ ပြန်ရှင်းပြနိုင်မှဘဲ အကိုရေ
ညီမတို့ ဗုဒ္ဓဘာသာတွေအားလုံးလဲ သိသင့် မှတ်သားထားသင့်ပါတယ်။
ဒါမှသာ အခြားဘာသာခြားတွေရဲ့ အထင် အမြင်သေးမှု စော်ကားမှူတွေက လွတ်မှာပါ။
ဗုဒ္ဓံသရဏံ ဂစ္ဆာမိ
ဓမ္မံသရဏံ ဂစ္ဆာမိ
သံဃံသရဏံ ဂစ္ဆာမိ

jet myo said...

အကိုရှင်းပြတာ အရမ်းကျေးဇူးတင်ပါတယ် ။ ကျနော်က
တော့ အားလုံးကို မေတ္တာထားပါတယ် ။ မေတ္တာ တန်ခိုး
ဟာ ဆုပ်ကိုင်ပြလို့မရပေမယ့် အရမ်းစွမ်းအားကြီးတယ် လို့ တောင်တန်းသာသနာပြု ရေဆူ ဆရာတော် ဦးဥတ္တမသာရ
ကဟောပြောခဲ့ဖူးပါတယ် ။

Anonymous said...

ရေးထားတာတွေကတော့ ထိမိပါ့။ ကောင်းတယ် ။ဒါမှ အဲဒီနလပိန်းတုံး အကျွတ်တရား ရမှာ။ ကလေးလိုလို ခွေးလိုလိုနဲ့ လိုရာဆွဲတွေးပြီ ဘလော့ဖြစ်ပြီးရော ဆိုပြီးရေးထားတာ ။

သဇင်ဏီ said...

ရိုင်းစိုင်းတဲ့တိရိစ္ဆာန်တွေကို အဆိပ်ပါတဲ့အမဲသားမကျွေးဘဲ မေတ္တာတရားနဲ့ လမ်းမှန်သိအောင်ချပြပေးနိုင်တဲ့ လူသားတွေက မွန်မြတ်တဲ့ဘာသာတရားကို ကိုးကွယ်နေကြတာပါ..း)
လေးစားပါတယ်.. ဗိုလ်ကြီး

monarch said...

မောင်ညွန့်ရွှေဆိုဒ်ကိုအခုမှတွေ့တော့တယ်။ မောင်ရင့်ကိုလည်း သူကပယ်ပယ်နယ်နယ်ပဲ။ အဓိကတော့ဒီငတုံးက အမြင့်မြတ်ဆုံးဗုဒ္ဓကို စော်ကားတာပဲ။ ကိုယ်တို့လည်းဘလော့တင်မလို့ စဉ်းစားမိပေမယ့်မကျွမ်းကျင်ဘူး။ အချိန်နဲ့ငွေလည်းမတ်နိုင်ဘူးလေ။ အကူညီလိုရင်တော့ စာပေဖက်က ကူညီပါ့မယ်။ အားပေးတယ်

swe said...

ကိုညွန်.ရွှေ သို.
မဖြူ ပြောလို. ဂျပန်ရောက်နေတာသိရတယ် ရုံးပြန်မရောက်တာ ကြာပြီ- ဘယ်သူတွေရှိသေးလဲမသိတော့ဘူး
မပြုံးနဲ့လဲ မတွေ.တာကြာပြီ ပြန်ရင် ဂျစ်နဲ့တော့ အမြဲတွေ.ဖြစ်တယ်။ ဟိုတစ်လောက internet ပေါ်က ဆွေးနွေးပွဲတစ်ခုမှာ ရခိုင်/ရိုဟင်ဂျာ debate ဖတ်ရင်းတွေ.လိုက်တယ်။

ယူကေ ကိုလာလည်ရင်ပြောပါ - email ပေးလိုက်မယ်။

anti said...

(၂) နိဗ္ဗာန်ကို ဘယ်သူဖန်တီးထားတာလဲ (သို့) ဘယ်သူဖန်ဆင်းထားတာလဲ..(ကျိန်းသေတာတော့ နိဗ္ဗာန်ကို ဂေါဓမကိုယ်တိုင် ဆောက်လုပ်ထားခြင်းမဟုတ် တဦးတယောက်ဆိုလျှင်လဲ သူ၏အမည်ကို ဖော်ပြပေးပါ)
.....ဆိုတဲ့အမေးကိုအဖြေပေးထားတဲ့ကိုညွန့်ရွှေးဟာအရူးလာ?ငတုံးလား?နိဗ္ဗာန်ဆိုတာ ကစားကွင်းမဟုတ်လို့တရာကွင်းလား?သူ့အလိုလို သဘာဝအတိုင်းရှိနေတာဆိုရင်ခင်ဗျာဘယ်မှာသွားရှာမလဲ?ခင်ဗျာတိုဗုဒ္ဓရဲ့ဇရပ်မှာလား?ဂေါ်တမက ကိုယ့်ကိုယ်ကို အားကိုးကြ တခြားအားကိုးစရာမရှိ့ဘူလို့ပြော်သွာလား?ဘယ်တုန်ကပြော်သွားလဲ?နိဗ္ဗာန်ကို သဘာဝလိုပြော်တယ်ဆိုတော လောက ကလဲသဘာဝဆိုတာမေးဖို့မလိုတောပါဘူနော်.....သဘာဝဆိုတာဘာလဲခင်ဗျာသိလာ?ခင်ဗျာတာကိုဘယ်သိပါ့မလဲ................မှတ်ထား...သဘာဝဆိုတာဖြစ်မယ်ပျက်မယ်နှစ်မိုးဘဲရှိတယ်.......ဆိုတောသဘာဝနဲ နိဗ္ဗာန် ငရဲ ဘာမှမဆိုင်ဘူ......နိဗ္ဗာန်တို့ ငရဲတို့ဆိုတာ လူသာတိုရဲ့ကျင့်ကြံအားထုတ်မူ့ရဲ(့ရလပ်ဒ်)ရသင့်ရထိုက်တဲ့အကိုးကိုသတ်မှတ်ရာနေရာ......ဒါကိုလဲခင်ဗျာတို့လက်ခံထားပါတယ်ဆိုတာကိုတွေ့ရတယ်....ကောင်းတာလုတ်ရင်နိဗ္ဗာန်ရမယ် မကောင်းတာလုတ်ရင်ငရဲရမယ်ဆိုတာလေ.......ကယ်တစ်ခုမေးမယ် အခုမကောင်းတာလုတ်တဲ့လူဟာ တစ်ကယ်လို့ နိဗ္ဗာန်သွားမယ်ဆိုရင် သူ့ကိုဘယ်သူတာမလဲ?......ဂေါ်တမလာ.ခင်ဗျာလာ.ခင်ဗျာရဲ့အဖေလာ?.......ခင်ဗျာတို့ပြော်တလိုဆိုရင်.....သဘာဝဆိုတာပေါက်လွတ်ပဲစားဖြစ်နေပြီးလေ.....ဥပမာအားဖြစ်သဘာဝအရမြေးပြင်တခုလုံ၊လူ့ရူ့ထောင့်အရဇရပ်ပေါ့်ဗျား........ကဲအဲဒီကိုသွားဖို့ကိုမလာပါနဲမင်းမသွားရဘူးလို့ဘယ်သူတားမလဲ?စဉ်စားကြည့်စေးချင်ပါတယ်......အခု
ဦးသန်းရွှေအိမ်းကိုဝင်မယ်ထာခင်ဗျာဝင်လို့ရမလား?........ဘာဖြစ်လို့လဲ?..............ဆိုတောနိဗ္ဗာန် ငရဲကိုဝင်ဖို့ဆိုတာကဘားလိုအပ်လဲသိလား?............အေမှတ်ထားအဲဒီနှစ်ခု နိဗ္ဗာန် ငရဲ ကိုဝင်ဖိုဆိုတာအဲဒီနှစ်ခုကိုဖန်ဆင်းထားတဲ့ဖန်ဆင်းရှင်းဆိုတာရှိ့ရမယ် တရားသူကြီးဆိုတာရှိ့ရမှာပေါ့်.............ဒီတောခင်ဗျာတို့ပြော်တဲ့သဘာဝဆိုတာရေးနစ်သေသွားပါပြီးဗျာ..........အိတ်မက်တွေးထဲကနိုးထကြပါတောဗျာ........နောက်တစ်ခုကိုညွန့်ရွှေးခင်ဗျာအပေါ်မှာရေထာတဲ့ဘာသာတွေးကိုလေ့လာခဲ့ပြီးပြီးဆိုတာခင်ဗျာလိမ်းတာပါ.......အဲဒါဘာတဘော်လဲ?ခင်ဗျာကိုယ်ကိုခင်ဗျာကပညာတတ်ကြီးလို့ပြချင်တာလာ?တစ်ကယ်တော့ခင်ဗျာက....နွားချီးပိုးကောင်ပါ........ဘာဖြစ်လိုလဲသိလား?ခင်ဗျာရေထားတာကခင်ဗျာတိုရဲ့ဗုဒ္ဓတစ်ခုထဲကိုပဲခြေခံနေပါတယ်ဗျာ......ရှင်းရှင်ပြော်ရရင်ခင်ဗျာရေထားတာအရူးအာဘော်လောက်တောင်မရှိပါဘူဗျာ.........သော်သင့်ပြီး....နောက်တွေ့တာပေါ့်နော့်..................................ကိုးစားလိုက်ပါအုန်ဗျားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

anti said...

koko

anti said...

အပေါက်တွေ ပိတ်နေကြပါလားးးးးးးးးးးးးးး.........။

anti said...

အပေါက်တွေ ပိတ်နေကြပါလားးးးးးးးးးးးးးး.........။

Myat Min said...

Anti ဆိုတဲ့ကောင်နဲ့ စေတမန် blog ကိုရေးတဲ့ကောင်(တစ်ယောက်တည်းဖြစ်ချင်လည်း ဖြစ်မှာပေါ့)... မင်းတို့ ဗုဒ္ဓဘာသာကို မစော်ကားပါနဲ့

Myat Min said...

Anti ဆိုတဲ့ကောင်နဲ့ စေတမန် blog ကိုရေးတဲ့ကောင်(တစ်ယောက်တည်းဖြစ်ချင်လည်း ဖြစ်မှာပေါ့)... မင်းတို့ ဗုဒ္ဓဘာသာကို မစော်ကားပါနဲ့…
မင်း.. တို့ဗုဒ္ဓဘာသာ အကြောင်းကို တကယ်သိချင်ရင် ငါ ကူညီပေးပါ့မယ်…
နောက်ပြီး ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး ဆွေးနွေးချင်ရင် ဆရာတော် ဦးဇောတိက၊ အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ) ၊ အရှင်ဇာဝန(ရွှေပြည်သာ)၊ ဦးကောသံလ (ဓမ္မစေတီ)၊ လူပုဂ္ဂိုလ်ထဲကဆိုရင် ဦးဆန်းလွင်(မွတ်စလင်မှ ဗုဒ္ဓဘာသာသို့ပြောင်းလာသူ)၊ ဒေါက်တာမင်းတင်မွန် စတဲ့ ရဟန်းပညာရှိ၊ လူပညာရှိ များနဲ့ ဆက်သွယ်ပြီး မင်း တကယ်သိချင်ရင်မေးမြန်းနိုင်တယ်။ ဒေါက်တာမင်းတင်မွန်လို နိုင်ငံခြားမှာ Ph.D ယူထားတဲ့ သူတွေတောင်မှ ဗုဒ္ဓဘာသာကို အသက်နဲ့ထက်တူ ကိုးကွယ်ယုံကြည်နေကြတာ။ မင်းလို ဖြုတ်ဦးနောက်လေးနဲ့ ၊ မတောက်တခေါက် ဘာသာရေးအသိလေးနဲ့ အများတကာ ကိုးကွယ်နေတဲ့ ဗုဒ္ဓဘာသာကို မစော်ကားပါနဲ့။ တို့ ဗုဒ္ဓဘာသာက ဘယ်ဘာသာကိုမှ မစော်ကား၊ မပုတ်ခတ်ဘူး၊ ကမ္ဘာမှာ အငြိမ်းချမ်းဆုံး၊ အအေးချမ်းဆုံး၊ မေတ္တာအကြီးမားဆုံး ရပ်တည်နေတာ။ မင်းထက်မစော်ကားပါနဲ့….

Myat Min said...

နိဗ္ဗာန်ဆိုတဲ့ ပရမထတရားကို မင်းသိချင်ရင် ရှင်းပြပေးမယ်... မင်းညဏ်မှီရင်တော့ နိဗ္ဗာန်ဆိုတဲ့ ပရမထတရားကို သဘောပေါက်မှာပါ... ညဏ်မမှီရင်တော့ ဘယ်နားလည်သဘောပေါက်မှာလဲ.. တို့ဗုဒ္ဓဘာသာ တရားဂုဏ်တော် ၆ ပါးထဲမှာလည်း ပစ္စတံ္တ ဝေဒိတဗ္ဗော ၀ိညူဟိ ဆိုတဲ့ ပညာရှိသူတော်ကောင်းများသာ သိရှိခံစားနိုင်ခြင်းဆိုတဲ့ အချက်က ပါပြီးသားလေ။ နလပိန်းတုန်းတွေ အသိညဏ်မမှီတဲ့လူတွေ၊ တိရိစ္ဆာန် အရိုင်းအစိုင်းကောင်တွေတော့ ဒို့ဗုဒ္ဓတရားတော်ကို ဘယ်သိနိုင် ခံစားနိုင်မှာလဲ...

Myat Min said...

နိဗ္ဗာန်ဆိုသည်မှာ
နိဗ္ဗာန်သည် စိတ်ကူးယဉ် သဘောတရားတစ်ခု မဟုတ်ပေ။ ယင်းသည် မည်သည့် လောကီအာရုံနှင့်မျှ နှိုင်းယှဉ်ဖော်ပြ၍ မရနိုင်သည့် အဆုံးစွန်သော ပြီးပြည့်စုံမှု တစ်ရပ်သာ ဖြစ်သည်။ နိဗ္ဗာန်ဟူသည် မည်သို့သောအရာဖြစ်သည်ဟူသော အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ရှင်းလင်းစွာနားလည်ရန် မဖော်ပြနိုင်ပေ။

အဘယ့်ကြောင့်ဆိုသော် ပထမအကြောင်းမှာ အသုံးပြုသည့် ဘာသာစကား၏ ကန့်သတ်ချက်ကြောင့်ဖြစ်ပြီး၊ ဒုတိယအကြောင်းမှာ စာရေးသူကိုယ်တိုင် နိဗ္ဗာန်၏အဓိပ္ပါယ်ကို ဖွင့်ဆိုနိုင်ရန် လုံလောက်သည့် ကျင့်ကြံအားထုတ်မှု မရှိသောကြောင့် ဖြစ်နိုင်သည်။

ပွါးများအားထုတ်ခြင်းမရှိဘဲ မည်သည့်ဘာသာစကားဖြင့်မဆို နိဗ္ဗာန်၏ အဓိပ္ပါယ်မှန်ကို အပြည့်အစုံ ဖော်ဆောင်နိုင်မည်မဟုတ်ချေ။
အဓိပ္ပါယ်ဖွင့်ဆိုရုံမျှသည် တခါတရံ၌ ဖတ်ရှုလေ့လာသူများအား အဓိပ္ပါယ်အမျိုးမျိုး ကောက်ယူလျက် မှားယွင်းခြင်းဆီသို့ ဦးတည် သွားသည်။

နေ့စဉ်ဘ၀၌ ဆက်သွယ်ရေးအတွက် လူတို့သည် ဘာသာစကားကို အသုံးပြုကြရသည်။ ဘာသာစကားမရှိဘဲ တွေ့ကြုံသိရှိမှု တစ်စုံတစ်ရာကို မရှင်းပြနိုင်ချေ။ အရသာ၊ ခံစားမှု၊ စိတ်လှုပ်ရှားမှု၊ ပျော်ရွှင်မှု စသည်ကို ထုတ်ဖော်ပြောဆိုရန် စကားလုံးများ လိုအပ်သည်။

သို့ရာတွင် နိဗ္ဗာန်၏ အဓိပ္ပါယ်ကိုမှု စကားလုံးမျှဖြင့် အဓိပ္ပါယ်ဖော်ပြရန် မဖြစ်နိုင်ချေ။ အကြောင်းမှု ဘာသာစကားဟူသည်ပင် အမည်နာမ တစ်ခုမျှသာ ဖြစ်သောကြောင့်တည်း။ ဓမ္မအရသာနှင့် နိဗ္ဗာ၏ အနှစ်သာရကား အဆုံးစွန် ပရမတ္ထတရားဖြစ်၍ ဘာသာစကား၏ နယ်နိမိတ်ကို ကျော်လွန်သည်။ ဗုဒ္ဓ၀ါဒရှုထောင့်အရမှု အစစ်အမှန်တရား၌ အမည်သတ်မှတ်မှုမရှိ၊ ဘာသာ စကားမရှိ။

နိဗ္ဗာန်ဟူသည် မည်သည့်အရာ ဖြစ်ကြောင်း အမှန်အတိုင်းဆုံးဖြတ်ရန် လုံလောက်စွာ မရှင်းလင်းနိုင်ကြသောကြောင့် ဗုဒ္ဓ ဘာသာမဟုတ်သူ ပညာရှင်အချို့က နိဗ္ဗာန်ကို " နတ္ထိက၀ါဒ = ဘ၀ဆုံးပြတ် ချုပ်ငြိမ်းဝါဒ " အဓိပ္ပါယ်ဖွင့်ဆိုရန် ကြိုပန်း ခဲ့ကြသည်။

Myat Min said...

၎င်းအဆိုအရ နိဗ္ဗာန်ဟူသည် လုံးဝ ဘ၀ချုပ်ငြိမ်းပြတ်စဲသွားခြင်းထက်ပို၍ ဘာမျှအထူးအဓိပ္ပါယ်မရှိဟု ဆိုသည်။ သို့သော် အဆိုပါ ဘ၀ချုပ်ငြိမ်းပြတ်သွားမှုဝါဒမှာ ဗုဒ္ဓ၀ါဒ၏ မူရင်းရည်ရွယ်ချက် မဟုတ်ချေ။ များစွာ ဆန့်ကျင်နေကြောင်း တွေ့ရသည်။ ထို့အပြင် တစ်ချို့က နိဗ္ဗာန်ကို သုညတ ( ဆိတ်သုံးခြင်း ) ဟုလည်း အဓိပ္ပါယ် ဖွင့်ဆိုထားသည်များလည်း ရှိသည်။ ၎င်းအရ အရာ ခပ်သိမ်းမှာ သုညတဖြစ်ပြီး သက်ရှိ၊ သက်မဲ့အားလုံးသည် သုညတဖြစ်သည်။
နိဗ္ဗာန်တွင် ရုပ်၊ နာမ်ခန္ဓာ(၅)ပါး ဘာမျှ မရှိဟု ဆိုရာ၌ အချို့သော ဗုဒ္ဓဘာသာဝင်များသည် နိဗ္ဗာန်သို့ သွားရမည်ကိုပင် စိုးရွံ့ သလိုလို ဖြစ်နေကြသည်။ သူတို့သည် ကောင်းမွန်သော ခံစားမှုများကို လိုချင်သည်။ ယခုကဲ့သို့ ကောင်းတာများကို ခံစားတတ် သော ဘ၀များကို ထပ်လိုချင်သေးသည်။

နိဗ္ဗာန်သို့ ရောက်သွားပါက အားလုံးပြီးဆုံးသွားမည်ဟူသော အဖြစ်မျိုးကို သူတို့ မလိုချင်သေးပေ။ သူတို့သည် မျက်စိလေးလည်း ရှိချင်သေးသည်၊ မျက်စိရှိမှ လှတာလေးတွေ မြင်နိုင်ဦးမည်။ လှတာလေးတွေလည်း မြင်ချင်ကြသေးသည်။ နားလည်းရှိချင်သေး သည်၊ နားရှိမှာ အသံသာသာယာယာလေးတွေလည်း ကြားနိုင်မည်။ ကြားလည်း ကြားချင်ကြသည်။ အလားတူ ပင် သူတို့သည် တစ်ခုခုကို ရှိစေချင်နေသည်။

Myat Min said...

ထိုကဲ့သို့ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် အစရှိသည့် ရုပ်၊ နာမ်ခန္ဓာတွေ ဘာမျှမရှိဆိုသည့်အခါ နိဗ္ဗာန်သည် ဘာများ ပျော်ရွှင်စရာများ၊ ကောင်းမွန်သော ခံစားမှုများ ရှိအံ့နည်း။ လိုချင်ဖွယ် မရှိတော့။ ထိုသို့သော သူများအား အိပ်ပျော်နေသော ဘုရင်ကြီး တစ်ပါး၏ ဥပမာဖြင့် ရှင်းပြထားဖူးသည်။

ပင်ပန်းသည့် ခရီးရှည်မှ ရောက်ပြီးနောက် တစ်နေကုန်အိပ်မောကျနေသော ဘုရင်တစ်ပါးရှိသည်။ ၎င်းအိပ်မောကျနေစဉ် အခြွေ အရံများက ညစာအတွက် အရသာအရှိဆုံး အစားအစာနှင့် ဇိမ်ကျသည့် ထိုင်ခုံစားပွဲများ၊ တီးမှုတ် ကခုန် ဖျော်ဖြေမည့် မောင်းမ၊ မိဿံများ ကို ပြင်ဆင်ထားသည်။
စားဖွယ်၊ သောက်ဖွယ်တို့ဖြင့် အဆင်သင့်ဖြစ်သောအခါ ဘုရင်ကြီးအား နှိုးတော်မူလေ၏။ အခြွေအရံများ၏ အပြုအမူကြောင့် ဘုရင်ကြီးနှစ်သက်ခံရမည့်အစား မိမိကိုယ်နှိုးသည့်အတွက် ၎င်းတို့အား ဘုရင်က ကြိမ်းမောင်းသည်။ ထိုအခါ အခြွေအရံများက အရှင်မင်းကြီး၊ အဘယ်ကြောင့် ကျွန်ုပ်တို့ကို စိတ်ဆိုးပါသနည်း။

အမှန်စင်စစ် ကျွန်ုပ်တို့သည် အရသာအရှိဆုံးအစားအစာဖြင့် ( ပြင်ဆင်ထားသည့် ) ဤညစာအတွက် နှိုးရခြင်း ဖြစ်ပါသည်။
အမှန်စင်စစ် အရှင်မင်းကြီး အိပ်မောကျနေခြင်းသည် ပျော်ရွှင်ခံစားမှုနှင့် မသက်ဆိုင်ဘဲ ခံစားမှုမရှိသဖြင့် အိပ်မောကျနေခြင်း၌ ပျော်ရွှင်မှု မရှိနိုင်ပါ ဟုလျှောက်ထားကြသည်။
သို့ရာတွင် ငါ့ရဲ့အိပ်မက်မဲ့ အိပ်ပျော်မှုသည် အရသာမရှိသော်လည်း မောင်မင်းတို့ အရသာမွန်ထက် ငါပိုပြီး နှစ်ခြိုက်သည်။

Myat Min said...

ထိုပုံပြင်အား နမူနာယူခြင်းအားဖြင့် အာရုံခြောက်ပါးလုံး၌ မခံစားပဲ လွတ်နေခြင်းသည် အာရုံခြောက်ပါးလုံးကို ခံစားခြင်းထက် သာလွန်မှု ရှိသည်ကို သိရှိနိုင်သည်။

နိဗ္ဗာန်ပုဒ်၏ အတိကျဆုံးနှင့် အခိုင်လုံဆုံး အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ ဘ၀ဆုံးပြတ်ချုပ်ငြိမ်းသွားခြင်း မဟုတ်ချေ။ အကြွင်းမဲ့ လွတ်မြောက်မှု၊ မည်သည့်အရာနှင့်မျှ ဖော်ညွှန်းခွင့် မရှိသည့် လွတ်မြောက်မှု ဖြစ်သည်။

တစ်ချို့သော မဟာယာနဗုဒ္ဓဘာသာများ၏ အယူအဆတွေမှာ သူတို့က နိဗ္ဗာန်ဆိုတာ နေရာဌာန တစ်ခုရယ်လို့ ယုံကြည်ထား ကြတယ်။
ဖန်ဆင်းရှင် ထာဝရ ဘုရားသခင်ကို ကိုးကွယ်သူတွေ လက်ခံထားတဲ့ ထာဝရ အသက်ရှင်ရာ ကောင်းကင်ဘုံနဲ့သဘောချင်းအတူ တူပါပဲ။ အနောက်အရပ်မှာ တည်ရှိပြီး အမြဲတမ်းရှင်သန်နိုးကြား သက်ရှိထင်ရှား စံပယ်တော်မူနေတဲ့ အာဒိဗုဒ္ဓလို့ခေါ်တဲ့ ထာဝရ ဘုရားသခင်ကြီး ရှိနေတယ်လို့ ယုံကြည်ထားကြတယ်။ ( သွ်မ္ဘဲလား )
အဲဒီ ထာဝရဘုရားသခင် တည်ရှိရာဌာနမှာ အတူရှိနေတဲ့ ဘုရားအလောင်း ဗောဓိသတ္တတွေ၊ ၀ိဇ္ဇာဓိုရ်တွေရဲ့ လမ်းညွှန်ချက် အတိုင်း ကျင့်ကြံအားထုတ်ကြမယ်ဆိုရင် ဘယ်သောအခါမှ သေဆုံးပျောက်ပျက်ခြင်း မရှိတဲ့ ထာဝရ အသက်ကို ပိုင်ဆိုင်ကြမယ်။
ဒီလို ထာဝရအသက် ပိုင်ဆိုင်သူများဟာ ကမ္ဘာမြေရဲ့ တစ်နေရာမှာ ရှိတဲ့ ထာဝရ ဘုရားသခင် စံပယ်တော်မူနေရာ နယ်မြေ ဒေသထဲကို ၀င်ခွင့်ရသွားမယ်လို့ ယုံကြည်ထားကြတယ်ဗျ။

ဂန္ဓာရီသမားတွေရဲ့ စကားနဲ့ ပြောရရင် အရှင်ထွက် ထွက်သွားတယ်ပေါ့။ ဂန္ဓာရီလမ်းလိုက်သူ အတော်များများဟာလောကီသိဒ္ဓိတွေ ပြီးမြောက်ပြီး သျှမ်ဘဲလား ဆီ အရှင်ထွက်ထွက်သွားနိုင်ဖို့ ကြိုးစားကြတာပဲ။ ဗုဒ္ဓအဘိဓမ္မာအရဆိုရင် ဘယ်သတ္တ၀ါမှ လောကရဲ့ နိယာမတရားတွေကို လွန်ဆန်နိုင်စွမ်းမရှိကြပါဘူး။

Myat Min said...

နိယာမ ငါးပါးထဲက ဗီဇနိယာမနဲ့ အညီ လူရယ်လို့ ဖြစ်လာရင် လူ့သက်တမ်းစေ့သာ နေခွင့်ရပြီး အချိန်တန်ရင် ကွယ်လွန်အနိစ္စ ရောက်ကြရမှာပါပဲ။ လူ့သဘာဝကို ကျော်လွန်ပြီး ထာဝရရှင်သန်ဖို့ ကြိုးစားနေကြတဲ့ လုပ်ရပ်ကတော့ ထေရ၀ါဒ ဗုဒ္ဓဘာသာ ရှုထောင့်က ကြည့်ရင် အချည်းအနှီး အဓိပ္ပါယ်မဲ့တဲ့ စိတ်ကူးယဉ်မှု တစ်ခုပါပဲ။

ဒါဆို ထေရ၀ါဒဗုဒ္ဓဘာသာဝင်တွေ မျှော်မှန်းတဲ့ အို၊ နာ၊ သေ ဘေးကင်းရာ နိဗ္ဗာန်ဆိုတာကရော စိတ်ကူးယဉ်ရာ မရောက်ပေ ဘူးလား။ မရောက်ပါဘူး။ ထေရ၀ါဒဗုဒ္ဓဘာသာဝင်တွေ နိဗ္ဗာန်ရောက်ကြောင်း တရားအားထုတ်တာဟာ ထာဝရအသက်ကို ရဖို့ မဟုတ်သလို ထာဝရ သုခနယ်မြေထဲကို ရောက်သွားဖို့လည်း မဟုတ်ပါဘူး။ ဒါဆို ဘာလဲ။ စစ်မှန်တဲ့ အသိတရားတစ်ခုကို သိမြင် လိုက်တဲ့အတွက် အယူအမြင်စင်ကြယ်မှု ဖြစ်သွားတာနဲ့ တပြိုင်နက် အကျိုးဆက်အဖြစ် လောဘ၊ ဒေါသ၊ မောဟတရားတွေ ချုပ်ငြိမ်းသွားပြီး လွတ်မြောက်မှုရသကို ခံစားလိုက်ရတာပဲဗျ။

Myat Min said...

ဥပမာ-
လူတစ်ယောက်မှာ ပြည်တန်ပတ္တမြားတစ်လုံး ရှိနေတယ်ဆိုပါတော့ အဲဒီပတ္တမြားကြီးကို သူများခိုးဝှက်လုယူသွားမှာ မစိုးရိမ်ဘူးလား။
စိုးရိမ်မှာပေါ့။ အဲဒီလို ငါ့ပတ္တမြားကြီး သူများတွေ လာလုလေမလား၊ ခိုးသွားလေမလားဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ ထိန်းသိမ်းထားနေရ ချိန်မှာ အဖြစ်မှန်ကိုသိတဲ့ အခြားလူတစ်ယောက် ရောက်လာပြီးတော့ စိုးရိမ်မနေပါနဲ့ဗျာ၊ ခင်ဗျားရဲ့ ပတ္တမြားက အစစ်မဟုတ်ပါဘူး၊ အတုကြီးပါ၊ ဘာမှ မက်လောက်စရာ မရှိပါဘူး လို့ လာပြောရင် ပိုင်ရှင်လုပ်တဲ့သူက ဒီပတ္တမြားတုကြီးအတွက် စိုးရိမ်သောကတွေ ရှိပါအုံးမလား။ ဘယ်စိုးရိမ်တော့မလဲ။

ပတ္တမြားက အတုကြီးမှန်း သိလိုက်ရတော့ မက်မောတွယ်တာစိတ်တွေလည်း မရှိတော့ဘူး၊ ပျက်စီးဆုံးရှုံးမှာလည်းမကြောက် တော့ဘူး၊ ၀န်ထုပ်ကြီးတစ်ခုကျသွားသလို ပေါ့ပါး လွတ်မြောက်လာမှာ အမှန်ပဲ။ ဒါဟာ အမှန်ကို သိခြင်းအားဖြင့် လွတ်မြောက် ခြင်းဆိုတဲ့ အကျိုးဆက်ကို ရရှိခံစားလိုက်ရတာပဲ မဟုတ်လား။

ဒီသဘောအတိုင်းပါပဲ၊ သတ္တ၀ါတွေဟာ မိမိတို့ကိုယ်ကို အစိုးရမှု မရှိဘဲ သူ့သဘောသူဆောင်ပြီး ဖြစ်ပျက်နေခြင်း သက်သက်ပါပဲ လား။ ငါရယ်၊ သူရယ်၊ မိန်းမရယ်လို့ ပညတ်ချက်တွေဟာ တကယ်တော့ ဘာမှ မရှိပါဘားဆိုတာ သိသွားပြီးရင် မိမိကိုယ်ကို တွယ်တာငဲ့ကွက်တဲ့ စိတ်တွေ ရှိပါဦးမလား။ ဘယ်ရှိတော့မလဲ။
ဒီလိုတွယ်တာငဲ့ကွက်စိတ်တွေ မရှိတော့ရင် ငါအိုသွားမှာ၊ ငါနာလာမှာ၊ ငါသေရမှာကို တွေးတောပြီး ပူပင်သောက ရောက်စရာ ရှိပါဦးမလား။ ငါဆိုတာ မရှိမှန်း ကိုယ်တွေ့သိမြင်လိုက်ရပြီဆိုရင် ဒီခန္ဓာကိုယ်ကြီး အိုမှာ၊ နာမှာ၊ သေမှာ မကြောက်တော့ဘူးပေါ့ဗျာ။
အိုခြင်း၊ နာခြင်း၊ သေခြင်းဆိုတဲ့ သဘာဝတရားတွေက " ငါ " ဆိုတာ မရှိမှန်းသိထားတဲ့ လူတစ်ယောက်ကို မချောက်ချား စေနိုင်တော့ဘူးပေါ့။

ကဲ ဒါဆိုရင် အိုခြင်း၊ နာခြင်း၊ သေခြင်းတို့မှ လွတ်မြောက်သွားတာပဲ မဟုတ်လား။ ဒါ့ကြောင့် နိဗ္ဗာန်ဆိုတာ အိုခြင်း၊ နာခြင်း၊ သေခြင်း တို့မှ လွတ်မြောက်ရာရယ်လို့ တင်စားခေါ်ဝေါ်ကြတာကိုး။ ဒါကြောင့် ထေရ၀ါဒဗုဒ္ဓဘာသာဝင်တွေ နိဗ္ဗာန်ရောက်ကြောင်း တရား ကျင့်ကြံအားထုတ်ကြတယ်ဆိုတာဟာ ပြည်တန်ပတ္တမြားလို့ မိမိထင်မှတ်မှားနေတဲ့အရာဟာ ဘာမှတန်ကြေးမရှိတဲ့ ကျောက် နီတုံး တစ်ခုသာဖြစ်ကြောင်း မှန်ရာကို အရှိအတိုင်း သိမြင်လာအောင် ဝေဖန်ဆန်းစစ်ကြတာနဲ့ အလားသဏ္ဍာန်တူပါတယ်။

နိဗ္ဗာန်ဟူသည်ကို ဗုဒ္ဓဘုရားရှင်များ၊ ပစ္စေက ဗုဒ္ဓများနှင့် ဗောဓိဥာဏ်ကို ရရှိပြီးသည့် ဗုဒ္ဓ၏ တပည့်သာဝကများသာ နားလည်နိုင် သည်။ ဥပမာဆိုရသော် နိဗ္ဗာန်ဟူသည် ငရုပ်သီးနှင့် ပမာတူ၏။ ငရုပ်သီးကို မစားလျှင် ( သို့မဟုတ် ) စားသည့် အချိန်မတိုင်မီ အထိ ယင်း၏ အရသာကို မသိနိုင်ပေ။

အလားတူပင် နိဗ္ဗာန်ဟူသည်ကို လက်တွေ့ခံစားဖူးမှသာလျှင် ပြည့်စုံစွာ နားလည်နိုင်သည်။ ဗုဒ္ဓ၀ါဒအရ ဤဘ၀နောက်တွင် သတ္တ၀ါတစ်ယောက်အနေဖြင့် နေထိုင်ရန် နေရာဌာန သုံးဆယ့် တစ်မျိုးရှိသည်။ နိဗ္ဗာန်ဟူသည် ထိုဘုံဌာနသုံးဆယ့်တစ်မျိုးမှ လွတ်မြောက်သောတရားထူးဖြစ်သည်။ နိဗ္ဗာနဟူသော ဝေါဟာရဖြင့် ပါဠိဗုဒ္ဓဘာသာတွင် တခါတရံ နောက်ဆုံးလွတ်မြောက်မှု ၀ိမုတ္တိဓမ္မ (ဒုက္ခအလုံးစုံ လွတ်မြောက်ခြင်း) အဖြစ် ဖော်ပြကြသည်။

ko kyaw kyaw said...

မိတ်ဆွေ ဗုဒ္ဓဘာသာဆိုတာ သာမာန် အပေါစား ဥာဏ်ရည် လောက်နဲ့ နားမလည်နိုင်ပါဘူး albert einstein ကို၂၁ ရာစုရဲ့ ဥာဏ်အကောင်းဆုံးလူလို့ ကမ္ဘာက သတ်မှတ်ကြတယ် သူလိုလူကတောင် ဗုဒ္ဓဘာသာကို ထောက်ခံခဲ့တာကို သိရဲ့လား ဘာလို့လဲဆိုတော့ သူလိုဥာဏ်ရည်အဆင့်အတန်းမျိုးမှ ဗုဒ္ဓရဲ့ဓမ္မကို နားလည်နိုင်လို့ဘဲ ကိုယ့်အဆင့်အတန်း ကိုသိပြီး ကြိုးစားလေ့လာပေါ့ ဝေဖန်တဲ့အဆင့်ရောက်ဖို့ လိုပါသေးတယ် ခွေးပါးစပ်က နတ်စကားထွက် ဆိုသလို မတန်မရာတွေကို မစဉ်းစားပါနဲ့

Kyaw Zwar Lynn said...

ဘာသာမဲ့ဆိုတာ ကွန်မြူနစ်လည်း မဟုတ်ဘူး။ အဲဒီ ဘလော့ဂါအရူးလို သွေးရူးသွေးတန်း လျှောက်ရေးနေတဲ့ကောင် တွေလည်း မဟုတ်ဘူး။ ဘာသာမဲ့လို့ မသုံးပါနဲ့ဗျာ။ ဘာသာမဲ့ သိက္ခာကျတယ်။ ပြီးရင် သူတို့က နေရင်းထိုင်ရင်း အရိုင်းအစိုင်း ကောင်တွေလို့ အထင်လွဲခံရဦးမယ်။

Richard Dawkins တို့၊ Stephen Hawkins တို့၊ Zuckerberg တို့ဆိုလည်း ဘာသာမဲ့တွေပဲ။

ထင်ရှားတဲ့ အများအကြိုးပြုတဲ့ ဘာသာမဲ့ တွေအများကြီးပါ။
ဒီလူတွေနဲ့ အဲလို အဆင့်မရှိတဲ့ ဘလော့ဂါ တစ်ယောက်နဲ့ မနှိုင်းသင့်ပါ။

http://www.buzzfeed.com/mjs538/101-famous-atheists

Unknown said...

စေတမန်ဆိုတဲ့လောက်ကောင်ဟာ အလ္လာရဲ့သားလား ဟေယောဝါ ရဲ့သားလားတော့မသိဘူး။ဗုဒ္ဓဘာသာကိုပဲ မကောင်းကြောင်းရေးတယ်။ဗမာလိုမတတ်ရင်လည်း ပိုစ့်တွေဘာတွေမရေးပါနဲ့ စာလုံးပေါင်းလေးဘာလေးသေ
ချာစစ်ပါဦး။ကိုယ့်ရဲ့ ဘလော့နာမည် ကိုပေါင်းထားတာတောင် စောက်တလွဲပေါင်းထားပြီးတော့
ဗုဒ္ဓဘာသာ မကောင်းကြောင်းရေးချင်သေးတယ် စာမတတ်မှန်းသိသာတယ်။မင်းလိုအောက်တန်း စားကောင် မျိုးကို ဆဲလဲနာမှာမဟုတ်ပါဘူး။လောက် နဲ့နှိုင်းတာတောင် လောက်သိက္ခာကျတယ်။
ကိုဒီရေ ဆက်ပြီးရေးပါ ကျွန်တော်တို့အာပေးနေတယ်။
အဲဒီကောင် ကလက်သီးပုန်းပဲပြနေတာ သတ္တိရှိတာမဟုတ်ဘူး ကျွန်တော်ထင်တာတော့ ဂေး
ဖြစ်မယ်ထင်တယ်။

metal city said...

အာလုံးကသူ့အလိုလို သဘာဝအတိုင်း ဖြစ်ပေါ်နေတယ်
ဆိုတာ နဲ့ ပတ်သက် ပြီး ဆွေးနွေး ချင်ပါတယ် ဖြစ်နိုင်
ရင် သင်ကြားချင်ပါတယ် ။နိဗ္ဗန်ကိုဘယ်သူဖန်တီး တာ
လည်း ။ကောင်းတာလုပ်ရင်နိဗ္ဗန်ရောက်မယ် မကောင်း
တာလုပ်ရင် ငရဲ ကျမယ် ။ဆိုတော့ ငရဲ/နိဗ္ဗန် ဆိုတာက
သဘာဝအတိုင်း ဖြစ်လာတာလား။ဂေါတ္တမ ဘုရားက
အခု နိဗ္ဗန် မှာလား ။ဒါဆို ဘုရားနဲ့နိဗ္ဗန် ဘယ်ဟာကပိုမြင့်မြတ်နေလည်း ။ဇြေပေးကြပါဦးဗျာ

metal city said...

သဘာဝတရားဆိုတာကဘာလည်း။စဉ်းစားလို့မရရင်
သဘာဝကိုလွဲချရမလား။ဂေါတ္တမဘုရား ကနိဗ္ဗန်ရောက်
ကြောင်း တရားကိုဟောတယ်။ ဘုရားကိုယ်တော်တိုင်
အခုနိဗ္ဗန် ရောက်သွားပြီဆိုတော့ ဘုရားနဲ့နိဗ္ဗန် ဘယ်ဟာ
ကပိုပြီး ကြီးကျယ်မြင့်မြတ် ပါလည်း။ ပညာရှိများဖြေကြား
တော်မူပါ။justictheory@gmail.com ကိုဆက်သွယ် စေလိုပါတယ်။ကျေးဇူးတင်ပါတယ်

ကျားပေါက် said...

metal city...ဂေါက်တမ တဲ့လား..ဟီးဟီး.

ကျားပေါက် said...

metal city...ဂေါက်တမ တဲ့လား..ဟီးဟီး.

ကျားပေါက် said...

ဟေ့ကောင်..ငါcommentကိုဘာလို့မတင်တာလည်းဟ..ဘာကိုကြောက်နေတာလဲ????? postရေးတု့းကရေးပီး ဖင်ထဲချီးမရှိတော်ဘူလားဟေ?????

ကျားပေါက် said...

ဟေ့ကောင်..ငါcommentကိုဘာလို့မတင်တာလည်းဟ..ဘာကိုကြောက်နေတာလဲ????? postရေးတု့းကရေးပီး ဖင်ထဲချီးမရှိတော်ဘူလားဟေ?????