ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက် လာတော့ မည်ဟု သတင်းများ ထွက်ပေါ်

တင်ကျော်ကျော်စိုး | သြဂုတ်လ ၁၁ ရက်နေ့ က ဆိုင်းငံ ထောင်ဒဏ် ချမှတ်ခံရပြီး နေအိမ် အကျယ်ချုပ် အဖြစ် ပြစ်ဒဏ် ပြန်လည် ချမှတ် ခံရသည့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မှာ မကြာခင် ရက်ပိုင်း အတွင်း ပြန်လည် လွတ်မြောက် လာတော့မည် ဆိုသည့် သတင်းများ ရန်ကုန် နိုင်ငံရေး အသိုင်းအ၀ိုင်း ကြားတွင် ထွက်ပေါ်လျှက် ရှိသည်။

ထိုသတင်းနှင့်ပတ်သက်၍ နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးလည်း ဖြစ်သည့် စာနယ်ဇင်း ဆရာတစ်ဦးက “ဟုတ်တယ်.. အယူခံကို လက်ခံလိုက် ကတည်းက လွတ်တော့မယ် ဆိုပြီး ပြောနေ ကြတာလေးတွေလဲ ရှိတယ်။ အခု ရွှေဝါရောင် တော်လှန်ရေး နှစ်ပတ်လည် နီးလာတော့ လှုပ်လှုပ်ရှားရှား ဖြစ်လာမှာဆိုးတော့ ထိန်းချင်တဲ့ အနေနဲ့ နအဖ ကိုယ်တိုင် ၀ါဒဖြန့်တာ ဖြစ်မှာပါ”ဟုပြောသည်။

နေအိမ် အကျယ်ချုပ် တားမြစ်မိန့်ကို ဖောက်ဖျက်မှုကြောင့် ဟု စစ်အစိုးရ တရားရုံးမှ ဒေါ်အောင်ဆန်းစုကြည် အား ထောင်ဒဏ် ၃ နှစ် ချမှတ် ခဲ့ပြီးတဲ့နောက် လျှော့ပေါ့ ဆိုင်းငံ့ ထောင်ဒဏ် တနှစ်ခွဲအား နေအိမ်မှာ အကျယ်ချုပ် ဘ၀နဲ့ ဆက်ပြီး ကျခံနေရတာခြင်း ဖြစ်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မှ တနင်္သာရီတိုင်း လွှတ်တော် အမတ်တစ်ဦး ကမူ“သူ့ ကို ၂၀၁၀ ရွေးကောက်ပွဲမှာ မပါဝင်စေချင်လို့ ဒီလို ထပ်ဖမ်း ထားတာ ပြန်လွှတ်ပေးဖို့ ဆိုတာမဖြစ်နိုင်ဘူး ၊ဒါလုံးဝ မဖြစ်နိုင်ဘူး” ဟု သူ့ထင်မြင်ချက်အား Freedom News Group သို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ၏ နေအိမ်သို့ တိတ်တဆိတ် ၀င်ရောက်မှုကြောင့် အလုပ်ကြမ်း နှင့် ထောင်ဒဏ် ခုနှစ်နှစ် ချမှတ်ခံရသည့် ဂျွန်ဝီလျှံ ယက်တောမှာ မူ အမေရိကန် အထက် လွှတ်တော် အမတ် ကိုယ်တိုင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် တွေ့ ဆုံ၍ တောင်းဆိုမှု ကြောင့် ပြန်လည် လွှတ်ပေးခဲ့ပြီ ဖြစ်သည်။

မြန်မာနိုင်ငံ အကျဉ်းထောင် များတွင် နိုင်ငံရေး အကျဉ်းသားများအား စစ်ထောက် လှမ်းရေးမှ တွေ့ဆုံ၍ ၂၀၁၀ ရွေးကောက်ပွဲ နှင့် ပတ်သက်၍ ဆန္ဒ သဘောထားများ မေးမြန်း စုံစမ်းလျှက် ရှိသည်။

source by : FREEDOM NEWS GROUP

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form