ဆုတောင်း

ဖြစ်လေရာ.. လူဖြစ်တဲ့ ဘဝတိုင်း..
မြန်မာ မဖြစ်ရ ပါလို၏။

ဦးအောင်ဇေယျရေ!!!...
ခင်ဗျား သိမ်းခဲ့တဲ့ ယိုးဒယားမှာတော့
ကျုပ်တို့ မြန်မာတွေ
ကျွန် ခံနေကြရပြီ..

ဒီ လေ.... ဒီမိုး
ဒီ အစိုးရနဲ့ .... ဒီ အတိုက်အခံ
အကုန်လုံးက..
လိုက်လည်း လိုက်ကြ ပါပေတယ်။
ဘုန်းကြီးရူးနဲ့ လှေလူး
ကြောင်ကတွင်းပျက်နဲ့
ဇရက် တောင်ပံကျိုးတွေ သလိုဘဲ
မင်းသားကြီး ကနေတဲ့ သူကလည်း
က လို့ကို မပြီးနိုင်၊
ပတ်မကြီး ဖောက်နေတဲ့ သူကလည်း
ဖောက်လို့ကို မပြီးနိုင်နဲ့၊
ကျလည်း ကျပါ ပေတယ်။

ဒီ နိုင်ငံရေး ဝဲဂယက်ထဲမှာ
စီးနေတဲ့ သွေးတွေ
ဘယ်လောက် များခဲ့ပြီလည်း
ပျက်သွားခဲ့တဲ့ ဘဝတွေ
ဘယ်လောက် များခဲ့ပြီလည်း
မဆုံးနိုင်ခဲ့တဲ့ ငိုရှိုက် သံတွေက
ဘယ်တော့မှ ဆုံးအုံးမှာလည်း
မင်းတို့တွေ အဲ့ဒါကိုတောင် နဲနဲမှမတွေးဘူး
အဲ့ဒီ လူတွေက.. မြန်မာ လူမျိုးတွေပါ။

ပြောတော့... မြန်မာ ........ မြန်မာ
ဗုဒ္ဓဘာသာ...... ဘာသာနဲ့
သနား ကြင်နာမှု မရှိ
တရား လက်လွက်နဲ့
အတ္တကို ရှေ့တန်း တင်ပြီး
မင်းတို့ လုပ်နေတာတွေ ကြည့်ပြီး
ငါရင်နာတယ်။

ငါ့ကိုယ်ငါ
မြန်မာလို့
ငါဘယ်သော အခါမှ
မပြောဘူး
မြန်မာ ဖြစ်ရတာကို
ငါ ရှက်လွန်လွန်းလို့ ..။

ရဲရင့်နီ(၁.၉.၂၀၀၈)

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form