တိုက်တွန်းနှိုးဆော်ခြင်း

တိုက်တွန်းနှိုးဆော်ခြင်း

၀၄။၀၉။၂၀၀၉

လေးစားအပ်ပါသော ရဟန်းရှင်လူ ကျောင်းသား ပြည်သူ တပ်မတော်သားအပေါင်းတို့ ....

န အ ဖ စစ်အုပ်စု၏ အကျဉ်းစခန်းအသီးသီးတွင် အတင်းအဓမ္မ ဖမ်းဆီးချုပ်နှောင်ခြင်း ခံထားရသော သံဃာတော်များကို ပြန်လွတ်ပေးရန် တောင်းဆို ထားသော ……………

မြန်မာ နိုင်ငံလုံး ဆိုင်ရာ ရဟန်းပျို သမဂ္ဂနှင့် သံဃာ့ သမဂ္ဂီအဖွဲ့တို့၏ တောင်းဆိုချက်များကို န အ ဖ စစ်အုပ်က ယနေ့တိုင် လိုက်နာခြင်း မရှိသေးပါ။

ထို့အပြင် သံဃာတော် များအား ဆက်လက် ထပ်မံ ဖမ်းဆီး နေခြင်း မှာလည်း မလုပ်သင့် မလုပ်ထိုက်သော လုပ်ရပ်များ ဖြစ်သည်၊ သို့ဖြစ်ပါ၍ ၁၃၇၁-ခုနှစ် သီတင်းကျွတ်လဆန်း(၁၄) ရက် (02.10.2009) နေ့ မွန်တည့် (12:00)နာရီအချိန်ကို နောက်ဆုံးထား၍ တောင်းဆိုထားသော…… မတရား ဖမ်းဆီးထားသော သံဃာတော် များအား ချက်ချင်း လွတ်ပေးရန်၊ သံဃာတော်များ အပေါ် နှိပ်စက် သတ်ဖြတ် စော်ကား မှူများကို အမြန်ဆုံးပြန် လည်တောင်းပန်ရန် စသော တောင်းဆိုချက်များကို လိုက်နာခြင်းမရှိပါက သီတင်းကျွတ် လပြည့် (မဟာ ပ၀ါရဏနေ့) တွင် န ဖ အ စစ်အုပ်စုအား ပြည်တွင်းပြည်ပရှိ သံဃာတော်များက တတိယအကြိမ်မြောက် ပတ္တနိကုဇ္ဇန ကံဆောာင်မည် ဖြစ်ပါသောကြောင့် ရဟန်းရှင် လူ ကျောင်းသားပြည်သူများက ပူးပေါင်း ပါဝင်ကြပါရန် တိုက်တွန်း နှိုးဆော် အပ်ပါသည်။

မြတ်ဗုဒ္ဓ၏ ဓမ္မ အောင်လံ မိုးထက်လျှံမှ
အဓမ္မကို အောင်နိုင်မယ်။
မိစ္ဆာတွေဘေးက ဝေးကြမယ်။

မြန်မာ နိုင်ငံလုံး ဆိုင်ရာ သပိတ် ကော်မတီ အဖွဲ့

1 Comments

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form