ရန်ကုန်မြို့ ရှိ တရုတ်သံရုံး အနီးတွင် လုံခြုံရေး တိုးမြှင့်ချထား

ယူကွန် | ရန်ကုန်မြို့ အမှတ် (၁) ပြည်ထောင်စု ရိပ်သာလမ်းအနီးရှိ တရုတ် ပြည်သူ့ သမ္မတ နိုင်ငံသံရုံး အနီးတွင် ရဲတပ်ဖွဲ့ လုံခြုံရေး အင်အားများ အပါအ၀င် စစ်ကား နှစ်စီးခန့်လည်း တိုးမြှင့်ချထားသည်။

၂၀၀၇ ခုနှစ် သံဃာတော်များ ဦးဆောင်သည့် ရွှေဝါရောင် တော်လှန်ရေး နှစ်ပတ်လည် နှင့် နီးကပ်လာပြီ ဖြစ်သည့် အတွက် ရန်ကုန်မြို့တွင် လုံခြုံရေး အင်အားများတိုးမြှင့်ချထားမှု များရှိသော် လည်းတရုတ်သံရုံး အနီး လုံခြုံရေး အင်အား တိုးမြှင့်ချထားမှု မှာ ထူးခြားသည် ဟု တရုတ် သံရုံး နှင့် နီးစပ်သည့် စာနယ်ဇင်း ဆရာ တစ်ဦးက ပြောသည်။

ယခုကဲ့သို့ လုံခြုံရေး အင်အားများ တိုးမြှင့်ချထာသည် မှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ စတင်တည်ထောင်သည့် နှစ် ၆၀ ပြည့် အချိန် ကာလ နှင့် တိုက်ဆိုင်ခြင်းကြောင့် ဖြစ်သည်ဟု ရန်ကုန်မြို့ရှိ တရုတ် ကုန်သည်ကြီး များအသင်းမှ အသင်းဝင် တစ်ဦးက ပြောသော်လည်း လျှောင်ဇူး တရုတ် ဗုဒ္ဓဘာသာ ဘုရားကျောင်းမှ တာဝန်ရှိသူ တစ်ဦးကမူ ၀ နှင့် ကိုးကန့် အရေး နှင့် ပတ်သက်၍ တရုတ်နှင့် ဆက်ဆံရေး အေးစက် နေခြင်းကြောင့် ဖြစ်နိုင်သည် ဟု သုံးသပ် ပြောကြားသည်။

၂၀၀၇ နှင့် ရွှေဝါရောင် တော်လှန်ရေး ကာလ အတွင်း စစ်အစိုးရ ဆန့် ကျင်ရေး ဆန္ဒပြသူများသည် ရန်ကုန်မြို့ရှိ တရုတ် သံရုံး အနီး သွားရောက် စုဝေး ဆန္ဒ ပြခဲ့ကြသည်။

ရန်ကုန်မြို့ရှိ တရုတ် ကုန်သည် ကြီးတစ်ဦးကမူ “အထက်မြန်မာ နိုင်ငံ မန္တလေး နှင့် လားရှိုးမြို့များတွင် တရုတ် နွယ်ဖွား ၀ နှင့် ကိုးကန့် နှင့် ၀ ဆန့် ကျင်ရေး စိတ်ဓာတ်များ ပြည်သူများကြားတွင် ဖြစ်ပေါ်နေ သဖြင့် ဟုသိရသည်။

ရန်ကုန်မြို့ တွင်ရှိသော တရုတ် သံရုံးသည် ၂၀၁၀ခုနှစ် တွင် နေပြည်တော် ရှိ တည်ဆောက်နေသော သံရုံးသစ်သို့ ပြောင်းရွှေ့တော့မည် ဟု သိရသည်။

source by : FREEDOM NEWS GROUP

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form