“အမှောင်လွှမ်းတဲ့ စက်တင်ဘာ”

စိုးနေလင်း
Thursday, September 17, 2009
★တကယ်ဆို
  စက်တင်ဘာကို ငါတကယ် မုန်းခဲ့တယ်။

★တောင်စွယ် နေမကွယ်ခင်
  ကြယ်စင်တွေ တဖြုတ်ဖြုတ် ကြွေလွင့်သွားရဲ့
  အမျှဝေသံ တွေကိုတောင် အမှောင်ရိပ်ချ
  မိစ္ဆာညက ဖုံးလွှမ်းသွားခဲ့ပြီ။

★သဲ့သဲ့ ပ်ပ် မွ်သာ
  ပင်လယ် လှိုင်းပုတ်သံကို ငါရှူ ရှိုက်နိုင်ခဲ့
  မြစ်ရဲ့ရေစီးမှာ ဗေဒါပင်တို့ ပိတ်ဆီး
  ခရီး မတွင်နိုင်သော ကာလ
  မြားကလည်း တောင်ပံကို ဖောက်စူး ထားခဲ့ပြီ။

★ခဏ နေကြပါအုံး
  ကြယ်ရောင်မှ လုံးလုံး မပျောက်သေးဘဲ
  (နည်းနည်း ဖြစ်ဖြစ်)
  လမ်းကို ဆက်လျှောက် ကြည့်ကြပါ
  ခြေရာတွေကို မြင်တွေ့နိုင်သေး သမျှ။

★ဆူးကြမ်းကန္တာရ
  အဝေးဆုံး ခရီး ဖြစ်ပါစေ
  နှလုံးသားခုန် လှုပ်နေသေး သမျှ။ ။

  (စက်တင်ဘာ ၁၈ ရက် စစ်အာဏာရှင် တို့က ပြည်သူလူထုကို
  ကျွန်ပြုခဲ့ခြင်း ၂၁ ပြည့်မြောက် အမှတ်တရ)

စိုးနေလင်း

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form