အရေးတော်ပုံ အောင်ရမည်

အရေးတော်ပုံကြီး အောင်မြင်ရေးသည် မြန်မာနိုင်ငံသား အားလုံး၏ တာဝန် တစ်ခု ဖြစ်ပေသည်၊ စက်တင်ဘာ နှစ်နှစ်ပြည့် နှစ်ပတ်လည်နေ့ကြီးသည် နီးကပ် လာသည်နှင့်အမျှ သံဃာ့လှုပ်ရှားမှုအရှိန်အဟုန်သည် ဒီရေအလား မြင့်သထက် မြင့်လာပေပြီ၊ သံဃာတော်များသည် နအဖ စစ်မိစ္ဆာကောင်တို့အား ယနေ့အချိန်ထိ သပိတ်လှန်ခြင်း မပြုလုပ်ရသေး၊ နအဖ စစ်မိစ္ဆာကောင် များကလည်း မိမိတို့ ကျူးလွန်ထားသည့် ပြစ်မှုများအပေါ် ၀န်ချတောင်းပန်ခြင်း မရှိသေးသလို ဖမ်းဆီးချုပ်နှောင်ထားသည့် ရဟန်း သံဃာတော် များအားလည်း လွတ်ပေးခြင်း မရှိသေးပေ၊ ထိုအချက် တို့သည် တတိယ အကြိမ် သံဃာ့အရေးတော်ပုံကြီး ဖြစ်ပေါ် လာစေရန် အဓိက အကြောင်းအချက်များပင် ဖြစ်သည်။

သံဃာတော် များသည် နအဖ စစ်မိစ္ဆာကောင် တို့အား ယခင်ကလဲ သပိတ်မှောက်ခဲ့ သလို ယခုလဲ သပိတ်မှောက် ထားဆဲ နှောင်လဲ သပိတ်မှောက် နေအုံးမည် ဖြစ်သည်၊ နအဖသည် အရေခြုံ ဗုဒ္ဓဘာသာ ၀င်များ ဖြစ်ကြသည်၊ ထိုကဲ့သို့သော သူများ တိုင်းပြည်မှာ မတရာ ညှင်းဆဲ အုပ်ချုပ်နေ သရွေ့ ဘာသာ သာသနာ ကွယ်ပျောက်ရုံတင်မက လူမျိုးပါ ဆိပ်သုဉ်းရတော့မည့် အန္တရာယ် ဆိုးများနှင့် ရင်ဆိုင် ကြုံတွေ့ နေကြရမည်သာ ဖြစ်ပေသည်။

သံဃာတော် များသည် သာသနာ့ အန္တရာယ် ကျရောက်နေသည်ကို ကာကွယ်ပေးရန် တာဝန် အပြည့် ရှိပေသည်၊ သာသနာ့ အန္တရာယ် ကျရောက်နေသည့် မြန်မာနိုင်ငံတွင် သံဃာတော်များသည် ဂန္ထဓူရ ၀ိပဿနာဓူရ ဟူသည့် ဓူရ နှစ်ဖြာကိုလည်း စိတ်အေးချမ်းသာစွာ ပြုလုပ်နိုင်မည် မဟုတ်ပေ၊ မိမိတို့၏ ထေရ၀ါဒ ဗုဒ္ဓသာသနာ တော်မြတ်ကြီး မတိမ်ကော မပပျောက်ရေးအတွက် မိမိတို့၏ အသက်ကို ဘုရား သာသနာတော်ကြီးအား ပေးလှူကာ ကာကွယ် စောက်ရှောက် ကြရပေမည်။

ဘုရား သာသနာတော်ကြီး အဓွန့်ရှည် တည်တံ့ ခိုင်မြဲရေး အတွက် မင်းကောင်း မင်းမြတ်တို့ အုပ်ချုပ်မှသာလျှင် ကောင်းစွာ တည်တံ့ နိုင်မည် ဖြစ်ပေသည်၊ မင်းဆိုးမင်းညစ်တို့သည် မိမိတို့အာဏာတည်မြဲရေးနှင့် ငါကောင်းစားရေး ၀ါဒကိုသာ တွင်တွင် ကျင့်သုံးကြသူများ ဖြစ်သောကြောင့် မိမိလူမျိုးတို့ အထွတ်အမြတ်ထား ကိုးကွယ်ရာ ဘာသာ သာသနာအပေါ်မှာ ယုတ်မာရိုင်းစိုင်း စော်ကား ဖျက်ဆီးဖို့ ၀န်လေးသူများ မဟုတ်ကြပေ၊ လူငယ်လူရွယ်များသည် အတုမြင် အမှတ်မှားကာ ယုတ်မာ ဆိုးသွမ်း ရိုင်းစိုင်းသည့် အကျင့်စရိုက်များ (မကောင်းမှု ဒုစရိုက်များ) ထွန်းကားသည်ထက် ထွန်းကား လာတော့မည်မှာ ဧကန်မုချ မြေကြီး လက်ခတ် မလွဲပင် ဖြစ်ပေသည်။

သာသနာတော်ကြီးကို ချစ်မြတ်နိုးကြသည့် ရဟန်း သံဃာတော် များသည် ယနေ့ အချိန်ထိ မင်းဆိုး မင်းညစ် စစ်မိစ္ဆာ ၀ါဒီ တို့အား ဓမ္မနည်း (တရားသော နည်းလမ်း) ဖြင့် ဆက်ဆက် တိုက်ပွဲဝင်ဆဲ တော်လှန်နေကြဆဲ၊ သာသနာတော်ကြီးကို အကြောင်းပြုကာ မင်းဆိုးမင်းညစ် မိစ္ဆာဝါဒီတို့နှင့် ပေါင်းပြီး သာသနာတော်ကြီးကို ဖျက်ဆီး နေကြသောသူများကလည်း အမိမြန်မာပြည်ကြီးတွင် ဒုနဲ့ဒေးပင်၊ မည်သို့ပင် ဖြစ်စေ အမှန်တရားသည် အမှားကို အောင်နိုင်စမြဲ၊ ဓမ္မသည် အဓမ္မကို အောင်နိုင်စမြဲမို့ မဝေးတော့သည့်အချိန်တွင် အမှားနှင့်အမှန် ပိုင်းခြား ကွဲပြားတော့မည့် သံဃာ့ အရေးတော်ပုံကြီး ဧကန် မုချ ပေါ်ပေါက် လာတော့မည် ဖြစ်သည်၊ တစ်ကမ္ဘာလုံးရှိ အမှန်တရားကို ချစ်မြတ်နိုး ကြသည့် သူတော်ကောင်းများ ရင်သပ်ရှုမောရမည့် ဒုတိယ ရွှေဝါရောင် တော်လှန်ရေး လှိုင်းလုံးကြီးသည် နအဖ စစ်မိစ္ဆာ အမှိုက် အညစ်အကြေး များအား ရှင်းလင်း ပယ်ရှားရန် တစ်ရွေ့ရွေ့ စီးဆင်း လာနေပြီ ဖြစ်ပေသည်။

သာသနာတော်ကို ချစ်မြတ်နိုးကြသည့် အမိ မြန်မာ ပြည်သူပြည်သား ရဟန်းရှင် လူပြည်သူ အပေါင်းတို့သည် သံဃာ့ တပ်ပေါင်းစု ဦးဆောင်သည့် သံဃာ့အရေးတော်ပုံကြီးနှင့်အတူ စစ်မှန်ငြိမ်းချမ်းပြီး သူတော်ကောင်း မင်းကောင်း မင်းမြတ်များ ဖော်ဆော် နိုင်ရန် မိမိတို့ စွမ်းနိုင်သည့် တာဝန် တစ်ခုကိုယူ၍ ပူးပေါင်ပါဝင်ဆင်နွဲကြဖို့ အချိန် ကျရောက်ပြီ ဖြစ်ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရပေသည်။

သံဃာ့အရေးတော်ပုံ
စစ်မိစ္ဆာကောင်များ
အမိမြန်မာပြည်
မင်းကောင်းမင်းမြတ်
မုချအောင်ရမည်။
မုချ ကျဆုံးရမည်။
အမှန်တရား ထွန်းကားရမည်။
ဧကန်မုချပေါ်ထွန်းရမည်။


တက္ကသိုလ် သောတုဇနဘိက္ခု (ရန်ကုန်)

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form