စက်တင်ဘာလ ပွဲဦးထွက် လှုပ်ရှားမှု စတင်ပြုလုပ်

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် ဓါတ်ပုံ ဖြန့်ဝေခြင်း လှုပ်ရှားမှုကို ယနေ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဖြစ်သော အင်္ဂါနေ့ တွင် ရန်ကုန် မြို့တွင်း မြို့ပြင်များတွင် ဖြန့်ဝေ လိုက်သည်။ ရန်ကုန် မြို့တွင်း နေရာများမှာ သိမ်ကြီးဈေး အနီး တ၀ိုက်၊ ကြည့်မြင်တိုင် ညဈေး အနီး ၊ ပုဇွန်တောင်ဈေး အနီးတွင် လည်းကောင်း ပြုလုပ်ခဲ့ပြီး ရန်ကုန်မြို့ပြင် နေရာများမှာ လှိုင်သာယာ မီးခွက်ဈေး အနီးနှင့် မင်္ဂလာဒုံ ဆယ်မိုင်ကုန်း အနီးတို့တွင် ဖြန့်ဝေခဲ့သည် ။
မိမိတို့ ဓါတ်ပုံ ဖြန့်ဝေရခြင်း၏ ရည်ရွယ်ချက် များဖြစ်သည့်
  • “စက်တင်ဘာ သံဃာ့ အရေးတော်ပုံကြီးနှင့် အတူ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရမည်”
  • “ပြည်သူ့ ခေါင်းဆောင် အတွက် ပြည်သူတွေ ကိုယ်တိုင် ကြိုးစားကြပါစို့”
  • “အင်္ဂါနေ့ ည ရှစ်နာရီ အချိန်တွင် မိမိ နေအိမ်များ၌ ဓါရဏ ပရိတ် ရွတ်ဆို ကြပါစို့” ဆိုသည့် စာတန်းများ အားလည်း ဓါတ်ပုံများ နောက်တွင် ရေးသား ဖြန့်ဝေခဲ့သည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form