အိမ်မှာ ကိုယ်တိုင် အမြှောက် လုပ်ကြရအောင်


ကိုယ်တိုင် အိမ်မှာ အမြှောက် တစ်ခု ပြုလုပ်ဖို့ အတွက် ဘာတွေ လိုအပ်မလဲ ဆိုရင်တော့
(၁) ဆိုဒါရည်လုပ်တဲ့စက်တစ်ခု ကိုတော့ အဓိက ရှာရမှာ ဖြစ်ပါတယ်။
(၂) 500 ml ဒေါက်တာ ပိုက်ပါ (Dr Pepper) အချိုရည်ဗူး (သို့) တခြား အချိုရည်ဗူး ဆင်တူသုံးနိုင်ပါတယ်။
(၃) စက်ဘီးကျွတ်အဟောင်းတစ်ခု လေထိုးတဲ့ ဗားကျွတ် ပါ ပါရပါမည်။
(၄) စီလီကွန် ရာဘာ ပိုက် (ပိုက်ပျော့) အရှည် ၄ မီတာ အပြင်အချင်း ၆ မီလီမီတာ (ဝ.ဝ၂ လက္မ) အတွင်းဖက် အချင်း ၃ မီလီမီတာ (ဝ.ဝ၁ လက္မ)
(၅) ၁ မီတာ အရှည် ရေပိုက် အတွင်းအချင်း ၆၃ မီလီမီတာ (၂.၅ လက္မ)
(၆) ဝါယာကြိုး တို့ဘဲ ဖြစ်ပါတယ်

အဆင့် (၁)
ပထမဦးစွာ (Dr Pepper) အချိုရည်ဗူးလွတ် တစ်ခု သို့မဟုတ် ပုံစံ အရွယ်အစားတူ ဗူးလွတ် တစ်လုံးကို ရဲ့ အောက်ပိုင်းကို ၈ မီလီမီတာ အချင်းရှိတဲ့ အပေါက်ကိုဖောက်ပါမယ်။ ခက်မယ် ဆိုရင်လည်း ၃ မီလီမီတာ လွန်ပူ ဆူးသွား နဲ့ အရင်ပေါက်ပြီးမှ ချဲ့ပေါ့ဗျာ အဆင်ပြေသလို စဉ်းစားပြီး လုပ်နိုင်ပါတယ်။

အဆင့် (၂)
စက်ဘီး ကျွတ် အဟောင်းမှ လေထိုးတဲ့ဗားကျွတ်တိုင်ကို ကျွတ်စ အနည်းငယ်ချန်၍ ဖြတ်ထုတ်လိုက်ပါ။ ထို ဗားကျွတ်သည် အတွင်း၌ အပိတ်အဆို့ မရှိဘဲ သန့်ရှင်း နေရပါမည်။ ထိုနောက် ဗားကျွတ်ထိပ်မှ ဝက်အူရစ် (screw) ဖြုတ်ပြီး ပထမအဆင့်တွင် ၈ မီလီမီတာအကျယ် ဖောက်ခဲ့သော ဗူးအောက်ခြေတွင် ဗို့နတ် တို့နှင့် စုတ်၍ ရေလုံအောင် ပုံတွင်ပြထားသည့် အတိုင်း တပ်ဆင်ပါ။

အဆင့် (၃)
နောက်ထပ် ဗူးရဲ့အဖုံးကို အပေါက်ထပ်ပြီး ဖောက်ပါမယ်။ ဖောက်ရမဲ့ ဆူးသွားကတော့ ၂ဝ မီလီမီတာ ဆူးသွားနဲ့ ဖောက်ရမှာ ဖြစ်ပါတယ်။

အဆင့် (၄)
ရာဘာပိုက်ကို ဆိုဒါရည် ပြုလုပ်တဲ့ စက်ရဲ့ နော်ဇယ် ပိုက်ခေါင်းမှာ တပ်မှာဖြစ်ပါတယ်။ အရေးကြီးပါတယ် ခိုင်ခံအောင်တပ်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ဆိုဒါစက် ခလုပ်ကို ဖိတဲ့အချိန် ထိုပိုက်မှတဆင့် အမြောက်ကို ကာဗွန်ဒိုင် အောက်ဆိုဒ် ပေးမဲ့ ပိုက်ဖြစ်ပါတယ်။ ပလာယာ (pliers) နဲ့ သေခြာစွာ စွဲကြပ်ပါ။

အဆင့် (၅)
ပိုက်ရဲ့ အဆုံးပိုင်းကို ပျော့သွားစေဖို့အတွက် နဲနဲ ပါးစပ်နဲ့ နဲနဲ ဝါးပေးပါ (ဖာကူဆန် ကြီး ချိန်ပီယံ လိဒ်မှာ ပီကေဝါးတဲ့ပုံစံမျိုး စိတ်ကူးယဉ်ပြီး ဝါးကြည့်) ပိုက်ကို နော်ဇယ် ခေါင်းအပေါ်မှ စွတ်ပြီး အပေါ်ဖက်မှာ ဝါယာကြိုးဖြင့် တင်းကြပ်စွာ ချည်တုပ်ပါ။

အဆင့်(၆)
ပိုက်ရဲ့ အခြား တစကိုလည်း ဖာကူဆန်လို နည်းနည်း ဝါးလိုက်ပါအုံး ပြီရင် အချိုရည်ဘူး ဖင်မှာ တပ်ထားတဲ့ စက်ဘီးဗာကျွတ် မှာ စွတ်ပြီး တင်းကြပ်စွာ ချည်တုပ်ပါ။ အမြောက်ပစ်တဲ့အချိန်မှာ သိပ်သည်းတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တည်ဆောက်မှု့ဟာ ထိုပိုက်တစ်လျှောက်မှာရှိနေမှာ ဖြစ်ပါတယ်။

အဆင့်(၇)
စက္ကူပါဆယ်ကပ်တဲ့တိတ်ကို တခွေကိုယူပြီး ပုံတွင်ပြထားသည့်အတိုင်း ဘူးရဲ့ အဝမှာကပ်ပါ။ ထို့နောက် ၄င်းတိတ်အပေါ်မှ အဆင့် (၃) မှာ အပေါက်ဖောက်ခဲ့တဲ့ ဘူးအဖုံး ကို တင်းကြပ်စွာ ရစ်ပြီးပိတ်ပါ။ ထိုအပိုင်းဟာ ကျွန်တော်တို့ တပ်ဆင်လာတဲ့ တလျှောက်မှာ အားအနည်းဆုံးအပိုင်းအဖြစ် ဖန်တီးထားတာဖြစ်ပါတယ်။ အနောက်ကနေ လေဖိအား ပေးလိုက်တဲ့အချိန်မှာ ထိုအရာကို ဖောက်ထွက်သွားမှာဖြစ်ပါတယ်။ ပစ်ပြီးတဲ့အခါတိုင်း နောက်တစ်ခါထပ်ပစ်ရင် နောက်ထပ်ခါ ထပ်ပြီး ကပ်ရမှာဖြစ်ပါတယ်။

အဆင့် (၈)
ပိုက်လုံးကြီးထဲကို ဘူးကိုကြပ်နေအောင် ထိုးထည့်ပါ ဘာလို့လဲဆိုတော့ အဲ့ဒီမှာ တွန်းကန်အား ရှိလာမှာဖြစ်လို့ပါ။ အားလုံးပြီးခါနီး အဆင့်ကို ရောက်နေပြီး ဖြစ်တဲ့အတွက် စီး (seal) တွေ အားလုံး လုံမလုံ နောက်တစ်ခေါက် ပြန်စစ်ပါ။ အထူးသဖြင့် ဆိုဒါစက်ဖက်နဲ့ ဘူးအနောက်က ဗား ဖြစ်ပါတယ်။

အဆင့် (၉)


ကဲ့ပစ်လို့ရပါပြီ ဆိုဒါရည် စက်က ခလုပ်ကို ယုံကြည်မှု အပြည့်နဲ့ ရဲရဲကြီး ဖိလိုက်ပါ။ ပစ်လိုက်ပြီးတဲ့ အချိန်မှာ ပြန်ကန် အားကတော့ မပြင်းပေမဲ့ အသံကတော့ တော်တော် ကျယ်ပါတယ်။ သင့်မှာ နားနဲ့ မျက်စိကို အကာအကွယ် ပြုလုပ်မဲ့ ကိရိယာများ တပ်ဆင်ဖို့တော့ သတိရစေခြင် ပါတယ်။ လူ တစ်ယောက်ယောက် ကိုတော့ သွားချိန်ပြီး ပစ်မှတ် အဖြစ်တော့ သွား မစမ်းသပ်နဲ့နော်။

ကျည်ကတော့ ကိုယ် ဉာဏ်ရှိသလို ထည့်ပစ်ပေါ့နော်..
--
source by : MYSTERIES TOUR

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form