ရန်ကုန် နံရံ ပန်းချီပြပွဲ အငြင်းပွား ဖွယ်ရာများ ဖြစ်နေ


အမေရိကန် ဂရစ်ဖတီ ပညာရှင် အိုဘေး ဂုဏ်ပြုရေးဆွဲထားသည့် မြန့် မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံ

စပယ်ထွန်း | နံရံဆေးမှုတ် ပန်းချီ အနုပညာ(Graffiti) တစ်ခုတည်းကိုသာ စောက်ချ လုပ်ကိုင် နေသည့် အနုပညာရှင်များ ပါဝင်ခြင်း လုံးဝမရှိသည့် ပန်းချီပြပွဲ တစ်ခုကို လာမည့် အောက်တိုဘာလ၌ ကျင်းပမည် ဆိုသောကြောင့် ရန်ကုန် အခြေစိုက် ပန်းချီ ဆရာများ ကြားတွင် အငြင်းပွား ဖွယ်ရာ ဖြစ်နေသည် ဟုသတင်း ရရှိသည်။

ထိုပန်းချီပြပွဲကို လာမည့် အောက်တိုဘာလ ကုန်၌ ယောမင်းကြီး လမ်းရှိ News Zero Art SpaceGallery တွင် ခေတ်ပေါ် ပန်းချီ ဆရာ အေးကို အပါအ၀င် ပန်းချီဆရာ နှစ်ဆယ်ခန့်က ဦးဆောင် ကျင်းပမည်ဟု ယခုတစ်ပတ်ထုတ် ရန်ကုန် ခြေစိုက် The Voice ဂျာနယ်တွင် ဖေါ်ပြထားသည်။

မကြာခင် ကျင်းပမည့် ရန်ကုန် နံရံဆေးမှုတ် ပန်းချီပြပွဲ နှင့် ပတ်သက်၍ မြန်မာ ဟစ်ဟော့ပ် နယ်ပယ်တွင် ကြင်လည် နေသည့် ဂရဖ်ဖတီ ပညာရှင်တစ်ဦးက “ကျွန်တော်သိတာက နိုင်ငံတကာမှာ ဂရဖ်ဖတီပြပွဲတွေ ကို ငွေကြေးအရလုပ်တာ မဟုတ်တဲ့ နံရံ ဆေးမှုတ် ပန်းချီ ဆရာတွေ ကပဲ ဦးဆောင်ပြီး လုပ်တာ ကြားဖူးတယ်။ အခု ဒီမှာ လုပ်မှာက ကော်မာရှယ် ပန်းချီ ဆရာတွေ နောက်ပြီး ဘယ်တုန်းကမှ ဂရဖ်ဖတီ လုပ်တာလဲ မကြားမိခဲ့ဘူးပါဖူး ”ဟု Freedom News Group သို့ ပြောသည်။

မြန်မာနိုင်ငံ တွင် နံရံဆေးမှုတ် ပန်းချီ ရေးဆွဲခြင်းကို စစ်အစိုးရက မြေအောက် နိုင်ငံရေး လှုပ်ရှားမှု၏ အစိတ်အပိုင်း တစ်ခုဖြစ်သည် ဟု မှတ်ယူ ထားသောကြောင့် ယခုကဲ့သို့ တရားဝင် ကျင်းပနိုင်ခြင်းကို အံ့သြမိသည် ဟု အမေရိကန်နိုင်ငံ ကာလီဖိုးနီးယားပြည်နယ်တွင် အခြေစိုက်သော မြန်မာ ပန်းချီဆရာ တစ်ဦးက ပြောသည်။

မြန်မာ နိုင်ငံတွင် နံရံဆေးရေး ပန်းချီ အနုပညာ လှုပ်ရှားမှုမှာ အလွန်အန္တရာယ်များလှပြီး အများပြည်သူ နှင့် သက်ဆိုင်သည့် နေရာသာ မက မသက်ဆိုင်သည့် နေရာများတွင်ပါ နိုင်ငံရေးနှင့် သက်ဆိုင်ခြင်း အပါအ၀င် မည်သည့် ဆေးမှုတ် ရေးဆွဲခြင်း များကို မှ အာဏာပိုင်များ က ခွင့်ပြုခြင်း မရှိချေ။

လက်ရှိ မြေအောက် ဂရစ်ဖတီ လှုပ်ရှားမှုတွင် နာမည်ရနေသည့် ပညာရှင်များမှာ ထိုပြပွဲတွင် ပါဝင်နိုင်ခြင်းမရှိသော်လည်း ဟစ်ဟောပ် ရှိုးပွဲများနှင့် စားသောက်ဆိုင်အချို့ အတွက် ဂရစ်ဖတီ ပုံများရေး မြေပေါ် အနုပညာရှင် အချို့ မှာလည်း ထိုပွဲကျင်းပသည် ဆိုခြင်းကို The Voice ဂျာနယ်တွင် ပါရှိမှ သိရသည် ဟု ဆိုသည်။

နာမည်ကျော် ဟစ်ဟော့ပ် အဆိုတော် တစ်ဦးကမူ “ဘာပဲ ဖြစ်ဖြစ်လေ လုပ်နိုင်တာတော့ ကောင်းတာပေါ့ ဒါပေမယ့် ဂရဖ်ဖတီက ဟစ်ဟောပ်ရဲ့ အဓိက အခြင်းအရာ တစ်ခုမို့ လက်ရှိ ဟစ်ဟောပ် နယ်ပယ်ထဲက ဂရစ်ဖစ်တီ ပညာရှင်တွေ ပါဝင်နိုင်ရင် ပိုကောင်း တာပေါ့ ဟု ဆိုသည်။

အမေရိကန် နိုင်ငံတွင် အစပြုခဲ့သည့် နံရံဆေးရေး ပန်းချီသည် အနှိမ်ခံများ၏ ပေါက်ကွဲမှုမှ ထွက်ပေါ်လာသည့် နံရံပေါ်မှ ရင်ဖွင့်သံ တစ်ခု ဖြစ်ကြောင်း အမေရိကန် ဂရစ်ဖတီ ပညာရှင် ကိတ်ဟားရင်း က ပြောခဲ့ဖူးသည်။

ဂရစ်ဖတီ အနုပညာကို ငွေကြေးရလိုမှု နှင့် ကျော်ကြားလိုမှုများ အတွက် ရည်ရွယ်လျှင် ဂရစ်ဖတီ၏ပင်ကိုသဘော ကိုကျောခိုင်း သလို ဖြစ်လိမ့်မည် ဟု ပန်းချီ ဆရာ ကိုကိုနိုင် ကပြောသည်။

မကြာခင် ကျင်းပမည့် ပထမ အကြိမ် ရန်ကုန် နံရံဆေး ပန်းချီပြပွဲတွင် အေးကို၊ ငြိမ်းချမ်းစု၊ ကောင်းစ တို့၏ နံရံဆေးရေး ပန်းချီကားများ ပါဝင်ပြသမည် ဖြစ်သည်။ ထိုပွဲ ကျင်းပခွင့် အတွင် ယဉ်ကျေးမှု ၀န်ကြီးဌာန နှင့် စာပေ စီစစ်ရေးသို့ ပြပွဲကျင်းပမည့် တစ်လ အလိုတွင် အကြောင်းကြားရမည် ဖြစ်သည်။

source by : FREEDOM NEWS GROUP

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form