ခဏလေး စောင့်ပေးပါ......
  • Share this
  • Sumbit to Digg
  • Sumbit to StumbleUpon
  • Sumbit to Delicious
  • Sumbit to Technorati
  • Sumbit to Reddit
  • Sumbit to Mixx
  • Sumbit to Twitter
  • Sumbit to Furl
  • Sumbit to Design Float
  • Sumbit to Blinklist
  • Sumbit to Yahoo Buzz
  • Sumbit to Google Bookmarks

နအဖမှ လုံခြုံရေး တင်းကြပ် ထားသည့် ကြားမှ မနေ့ စက်တင်ဘာလ (၂၆) ရက်နေ့ စနေနေ့ နံနက်တွင် ရန်ကုန်မြို့ မြို့နယ် အချို့ ၌ ကျောင်းသား လူငယ်များမှ နအဖ ဆန့်ကျင်ရေး လှုပ်ရှားမှုများ ပြုလုပ် ခဲ့ကြသည်။

ရွှေဝါရောင် တော်လှန်ရေး အတွင်း သံဃာတော်များ သွေးမြေ ကျခဲ့ရသည့် အထိမ်းအမှတ် အဖြစ် လမ်းမများ ပေါ်တွင် ဆေးနီများ လိုက်လံ ပက်ဖြန်းကာ နအဖ ဆန့်ကျင်ရေး လှုပ်ရှားမှု တရပ် ပြုလုပ်ခဲ့ကြသည်။

အဆိုပါ လှုပ်ရှားမှုကို ၂၀၀၇ မျိုးဆက် ကျောင်းသားသမဂ္ဂ ကျောင်းသားများနှင့် အခြား တော်လှန်ရေး အင်အားစုများ ပူးပေါင်း ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ လှုပ်ရှားမှု၏ အဓိက ရည်ရွယ်ချက်မှာ သံဃာများ သွေးမြေကျ ခဲ့ရခြင်းကို မြန်မာ တနိုင်ငံလုံးက မမေ့သေးကြောင်း နအဖအား သတိပေးခြင်း နှင့် ပြည်သူ များအားလည်း မမေ့ပျောက် စေရန် အသိပေးခြင်း ဖြစ်ကြောင်း (၂၀၀၇) မျိုးဆက် ကျောင်းသားများမှ ပြောကြားခဲ့သည်။

အဆိုပါ လှုပ်ရှားမှုကို လသာ၊ ကျောက်တံတား၊ ဗိုလ်တထောင်၊ သာကေတ၊ ဒေါပုံ၊ တာမွေ၊ ကျောက်မြောင်း၊ မင်္ဂလာတောင်ညွန့်၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ မြို့နယ်များ၏ အဓိက လမ်းမကြီးများနှင့် ကားမှတ်တိုင်များတွင် ပြုလုပ်ခဲ့ကြသည်။

ပြီးခဲ့သည့် သြဂုတ်လ အတွင်း ကလည်း အဆိုပါ အင်အားစုများက ရန်ကုန်တိုင်း သန်လျင် မြို့နယ် အတွင်းရှိ ဘုန်းတော်ကြီးကျောင်း စာသင်တိုက် များသို့ သံဃာ့ သမဂ္ဂီ၏ ကံဆောင်ပွဲ ကြေငြာချက် များကို ဖြန့်ချီ ခဲ့ကြောင်းလည်း သိရသည်။

ဆက်လက်၍လည်း စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေး အတွက် လှုပ်ရှားမှုများ ဆက်လက် ပြုလုပ် သွားဦးမည် ဖြစ်ကြောင်း အဆိုပါ အဖွဲ့မှ(၂၀၀၇) မျိုးဆက် ကျောင်းသား တဦးမှ ပြောကြားခဲ့သည်။

0 comments: