မလုံခြုံသော အန်တီစု၏ လုံခြုံရေးအတွက် NLD သို့ လုံခြုံရေးဆိုင်ရာပေးစာ


AP Photo/Khin Maung Win
သို့/-

NLD ပါတီ ခင်ဗျား ...
ယခုပြီးစီးသွားသော ဒေါ်အောင်ဆန်းစုကြည် အမှု၌ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် လုံခြုံရေး အပြည့်ချထားပါလျက် သူစိမ်း တစ်ယောက် ၀င်ရောက်လာမှုကို မသိရှိခဲ့သောကြောင့် (သို့မဟုတ်) မသိချင်ယောင်ဆောင် ခဲ့သောကြောင့် ယင်းလုံခြုံရေး စိတ်မချ ရခြင်းမှာ ထင်ရှားနေပါသည်။

(အမှု အပြီးတွင်လည်း ဒေါ်အောင်ဆန်းစုကြည် နေအိမ် လုံခြုံရေး အတွက် အဓိကတာဝန်ရှိသူ ပြည်ထဲရေးဝန်ကြီး၊ ရဲချုပ် အစရှိသူတို့ အလုပ်မှ တာဝန်ယူနုတ်ထွက်ပေးသင့်ပါလျက် တာဝန်မဲ့စွာ ဖာသိဖာသာနေပြီး နေအိမ်လုံခြုံရေးတာဝန်ယူသည့် တပ်စိတ်များ၊ ရဲဘော်များ ကိုသာ ချနင်း/ အရေးယူ ခဲ့သည်။ --- ဘလော့ဂ် အယ်ဒီတာ)

သို့ဖြစ်၍ ယခုအခါ အကျယ်ချုပ်ဖြင့် နေအိမ်တွင် ပြန်လည်ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်အတွက် လုံခြုံရေးမှာလည်း စိတ်ချရမည်မဟုတ်ဟု ထင်ရပါသည် ။

နောက်ထပ် တစ်ခါ ထပ်မံ၍ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကို တစ်စုံတစ်ဦးက ၀င်ရောက်ပြီး ဒေါ်အောင်ဆန်းစုကြည် ကို လုပ်ကြံ / သတ်ဖြတ် သွားမည် ဆိုလျှင် စစ်အစိုးရက သူတို့လုံခြုံရေးနှင့် မဆိုင်ပါဟု ပြောလာ ဦးမည်မှာ ထင်ရှားပါသည်။

သို့ဖြစ်၍ ဒေါ်အောင်ဆန်းစုကြည် အတွက် စိုးရိမ်ရသည်မှာ အမှန်ပင် ဖြစ်ပါသဖြင့် NLD ပါတီအနေနှင့် ယခုကဲ့သို့ မဖြစ်ရလေအောင် (သို့မဟုတ်) ယခုထက် ပိုဆိုးသော အခြေအနေမျိုးအထိ မဖြစ်ရလေအောင် "လုံခြုံရေးနှင့် ပတ်သက်ပြီး မည်သို့မည်မျှ အကာအကွယ် ပေးနိုင်မည်" ဟူသော အကြောင်းအရာကို စစ်အစိုးရအား တင်ပြသင့်ပါသည်။

ယခုလို ဒေါ်အောင်ဆန်းစုကြည် အတွက် ပူပန်နေသည်မှာ စာရေးသူ တစ်ဦးတည်း မဟုတ်ပါ။ အများ ပြည်သူ အားလုံးက ပူပန်နေခြင်း ဖြစ်ပါသည်။ ယင်းကြောင့် NLD ပါတီသည် ထို အကြောင်းအရာကို စစ်အစိုးရအားတင်ပြသင့်ပါသည်။

ပြည်သူ တစ်ရပ်လုံးက ထောက်ခံ ထားသော ပါတီအား လေးစားယုံကြည်လျက်။ ။

ဖိုးရှုပ် (ဒဂုံ အဝေးသင်) နှင့် သူငယ်ချင်းများ

source by : ညိုကြီး

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form