လူထုအုံကြွမှု ပေါ်ပေါက်လာတော့မည်ဟု ခေါင်းရွက်ဗျက်ထိုး ဈေးသည်များပင် ထင်မြင်ယူဆ

ယနေ့ နံနက်က ကြေသွန်း ဘုရားကြီး အနီးတွင်တွေ့ရသည့် ဆွမ်းခံထွက်နေသော သံဃာတော်များ (AP Photo)
တင်ကျော်ကျော်စိုး | အဓိက တရားခံ ဖြစ်သူ ယက်တော အားပြန်လည် လွှတ်ပေးလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်အား ဆက်လက် ဖမ်းဆီးထားမှုကြောင့် ရဟန်း၊သံဃာ တော်များ အပါအ၀င် ပြည်သူလူထု သည် ထိုကိစ္စအတွက် စစ်အစိုးရ အပေါ် လုံးဝ ကျေနပ်ခြင်း မရှိပဲ မကြာခင်မှာပင် ပြည်သူ တစ်ရပ်လုံး ပါဝင်သည့် အုံကြွမှုကြီး တစ်ရပ် မကြာခင် ပေါ်ပေါက် နိုင်ကြောင်း မှော်ဘီ နည်းပညာ တက္ကသိုလ် မှ ဆရာ တစ်ဦးက Freedom News Group သို့ ပြောသည်။

သြဂုတ်လ ၁၄ ရက်နေ့မှ စတင်ကာ ရန်ကုန် မြို့ရှိ ဘုန်းကြီးကျောင်းများ နှင့် တက္ကသိုလ်၊ ကောလိပ်ကျောင်းများကို လုံခြုံရေး တင်းကျပ် ထားသည်။၂၀၀၇ ခုနှစ် စက်တင်ဘာလ က ဖြစ်ပွားခဲ့သည့် သံဃာ တော်များဦးဆောင်သည့် ရွှေဝါရောင် တော်လှန်ရေးကဲ့သို့ ပြည်သူများ ပူးပေါင်း ပါဝင်သော သံဃာ့ အရေးအခင်းကြီး တစ်ခု ပေါ်ပေါက်လာ နိုင်ကြောင်းဖြင့်လည်း ရန်ကုန် မြို့ခံများ က ခန့်မှန်း ထားကြသည်။

ဒေါ်အောင်ဆန်းစုကြည်အား မတရား သဖြင့် ဆက်လက် ချုပ်နှောင် ထားခြင်းကို မြန်မာ တိုင်းရင်းသား လူမျိုးစု အားလုံး အပါဝင် သံဃာတော် များက ပြန်လည် လွှတ်ပေးရန် တောင်းဆိုသော် လည်း စစ်အစိုးရက လျှစ်လျှူရှုခဲ့သည်။

မြန်မာနိုင်ငံလုံး ဆိုင်ရာ သံဃာ့ တပ်ပေါင်းစု အဖွဲ့ကြီးကလည်း ဖမ်းဆီးထားသော သံဃာတော် များအား လွှတ်ပေးရန်နှင့် သံဃာတော်များ အပေါ် နှိပ်စက် သတ်ဖြတ်စော်ကားမှုများကို စစ်အစိုးရအာဏာပိုင်များက ပြန်လည် တောင်းပန်ရန်နှင့် မလိုက်နာပါက တတိယ အကြိမ် ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်မှောက်မည်ဟု ထုတ်ပြန်ထားသည့် ကြေညာချက်ကြောင့် စစ်အစိုးရက ရွှေဝါရောင် တော်လှန်ရေး ကာလ က ဦးဆောင်ပါ ၀င်ခဲ့သည့် ဘုန်းတော်ကြီးကျောင်းများအနီးတွင် လက်နက်ကိုင်ဆောင် ထားသော လုံခြုံရေးများချထားသည်။

၃၈ လမ်းဈေးမှ ဈေးသည် တစ်ဦးက “ဆန်ဈေးနဲနဲ တက်တယ် ဆီဈေးကတော့ ဟိုအပတ်ထဲက ဒီသတင်းကြောင့် ကုန်ဈေးနှုန်းတွေ နဲနဲ တက်သွားတယ်”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် သံဃာတော်များ၏ ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်မှောက် မှုတစ်ခု ၂၀၀ရခုနှစ်က ဖြစ်ပွားခဲ့ရာ နိုင်ငံတကာတွင် ရွှေဝါရောင် တော်လှန်ရေးဟု ထင်ရှားခဲ့သည်။ထို တော်လှန်ရေးကို စစ်အစိုးရ လုံခြုံရေးတပ်များက အကြမ်းဖက် ဖြိုခွဲခဲ့ရာ ဂျပန် နိုင်ငံသား သတင်းထောက် တစ်ဦး အပါ အ၀င် လူသုံးဆယ် ကျော်သေဆုံးခဲ့သည်။

source by : Freedom News Group

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form