နေပြည်တော်၌ တစ်ကိုယ်တော် ဆန္ဒပြ

နအဖ အာဏာရူး သန်းရွှေနဲ့  လက်ပါးစေတွရဲ့ ယုတ်မာ ပက်စက်မှုကြောင့် ပြည်သူလူထုက ချစ်မြတ်နိုးလေးစားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထပ်မံပြီး မတရား ထိန်းသိမ်း လုပ်ကြံမှု အပေါ် မခံမရပ်နိုင်ကြတဲ့ ပြည်သူပေါင်း မြောက်မြားစွာထဲကနေ ရဲဝံ့စွာနဲ့ လက်တွေ့ ကျကျ ပြောဆိုရဲတဲ့ ပြည်သူ့ သားကောင်း တစ်ဦး ပေါ်ထွက် ခဲ့ပါတယ်။

သြဂုတ်လ (၁၁) ရက်နေ့ မနေ့ တစ်နေ့ က နံနက် (၉) နာရီ၊ (၁၅) မိနစ် အချိန်ခန့်မှာ နေပြည်တော်၊ ပေါင်းလောင်း ကိုးလမ်း ထိပ်မှာ ကဗျာ ဆရာ (ကို) ညီဗလ ဟာ “ဒေါ်အောင်ဆန်းစုကြည် ချက်ချင်းလွှတ်” ဆိုတဲ့ စာတန်းပါ ဆိုင်းဘုတ်ကို ကိုင်ဆောင်ပြီး ရဲဝန့် စွာနဲ့ အာဏာရူး နအဖတွေရဲ့ မတရား ကလိမ်ကကျစ် ကျမှုကို ဆန့်ကျင် ဆန္ဒပြ ခဲ့ပါတယ်။

ထိုကဲ့သို့ လွတ်လပ်စွာ ရဲရဲဝန့်ဝန့် နဲ့ ဆန္ဒပြသူ ပြည်သူ့ သားကောင်း ကဗျာ ဆရာ (ကို) ညီဗလ ကို သူရဲဘောကြောင်ကြတဲ့ နအဖ လက်ပါးစေ တွေက ချက်ချင်းဘဲ လာရောက် ဖမ်းဆီး ခေါ်ဆောင် သွားပါတယ်။

ဒီလို မိမိရဲ့ ခံစားမှုနဲ့ ဖြစ်ပျက်နေမှု အပေါ် အမှန်အတိုင်း ထုတ်ဖေါ် ပြောကြားရဲတဲ့ ကဗျာ ဆရာ (ကို) ညီဗလ ကို အထူး လေးစား ရပါကြောင်း မှတ်တမ်းတင် ပြောကြား လိုပါတယ်။ မြန်မာပြည်သူတွေ တစ်ဦး တစ်ယောက် တစ်စုတစ်ဖွဲ့ တစ်ရာတစ်ထောင် စုပေါင်းဖွဲ့ပြီး တစ်ပြိုင်နက် အင်တိုက် အားတိုက်သာ ယခုလို အခြေအနေမှာ အာဏာရူး နအဖကို ဆန့်ကျင် တော်လှန်ကြမယ် ဆိုရင် “အောင်ပွဲ ဆိုတာ တိုက်ရဲသူ အတွက် ဖြစ်တယ်” ဆိုတဲ့ အဆိုစကားက မြေကြီး လက်ခတ် မလွဲ ဖြစ်မှာပါ။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form