တနေ့သော မိုးရွာသွန်းပြီးစ မဲဆောက်ဈေးနံနက်ခင်း


★ မနှင်သရွေ့တော့
     ဘယ်ကိုမှ မရွှေ့ချင်ပါဘူး
     ကျမတို့ မိသားစုလေး
     သိုက်သိုက်ဝန်းဝန်းနဲ့ ခုလိုနေပါရစေတဲ့
     အများတကာ ဥဒဟိုသွား ဈေးလမ်းမပေါ်မှာ …။

★ သြော် …
     သူတို့အဖေလား
     ဘယ်သွားနေသလဲ … ဟုတ်စ
     သေသလား ရှင်သလား
     မသိရပေါင် တော်တို့ရယ် …။

★ ကျေးဇူးရှင်တို့ရယ်
     ချတောင်းစရာ ခွက်ကလေးတလုံးတောင် မချမ်းသာခဲ့လေတော့
     အကြီးဆုံး ကလေးတကောင်ရဲ့ အင်္ကျီစုတ်ကလေး ဖြန့်ခင်းထားရတယ်
     မတော်လို့ ဖိနပ်တွေနဲ့ နင်းများနင်းမိသွားမှဖြင့် …။

★ ၂၀၁၀ တဲ့
     ဒေါ်အောင်ဆန်းစုကြည်ခမျာလည်း
     အင်းစိန်အကျဉ်းထောင်ထဲမှာဆိုလား …
     ဒီပုံစံအတိုင်းနဲ့တော့
     ကျမတို့ ပြည်တော်မပြန်ပါရစေနဲ့
     တမိသားစုလုံး ငတ်သေကုန်မှာ သေချာတယ်။ ။

ကမာပုလဲ
၂၉၊ ၀၇၊ ၂၀၀၉

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form