မြန်မာပြည်က စစ်အာဏာရှင် တစ်စုကို ဘယ်လို အဆုံးသတ် မလဲ?

မြန်မာပြည်က စစ်အာဏာရှင်တစ်စုကို ဘယ်လိုအဆုံးသတ်မလဲ၊

ကျနော်တို့ ပြည်သူတစ်ရပ်လုံး အသိစိတ်မြှင့်မားလာမှ စစ်အာဏာရှင်တစ်စုကို အဆုံးသတ်လို့ ရမယ်လို့ အချို့သော နိုင်ငံရေး သုံးသပ် သူတွေ ပြောကြပါတယ်၊ အချို့ ကတော့ ဦးဆောင် တိုက်ပွဲ ဖော်နိုင်မယ့် လူပုဂ္ဂိုလ်တွေ များများ ပေါ်ထွက်လာပြီ ဆိုရင် အဆုံးသတ် နိုင်မယ်လို့ ယူဆကြပါတယ်၊ နောက်တစ်ခု ပြောကြတာက မြန်မာ့ တပ်မတော်ထဲက ခေါင်းဆောင် အချို့က ပြောင်းလဲ ချင်လာရင် အဆုံးသတ်လို့ ရမယ်လို့ ဆိုကြပါတယ်၊ ဘယ်လိုပင်ပြောပြော လက်တွေ့ လုပ်ဆောင် နိုင်မယ့် အင်အားစုတွေက အဆုံးသတ်နိုင်မယ့် နည်းလမ်း ပေါင်းစုံကို ရှာဖွေ ဖော်ထုတ်ပြီး အချိန်တို အတွင်း ဆောင်ရွက် ရမယ့် တိုက်ပွဲ ကာလ ဖြစ်နေပြီလို့ တင်ပြချင် ပါတယ်။
အဲဒါကတော့ မိမိတို့ ရှိနေတဲ့ အနေအထား အခြေအနေက စတင်ပြီး ဘာတွေ လက်တွေ့ ကျကျ စွမ်းဆောင် နိုင်မယ် ဆိုတာကို အခြေခံထား စဉ်းစား ဆုံးဖြတ် သံဓိဌာန် ချပြီး ယုံယုံကြည်ကြည် အကောင်အထည် ဖော်ရမှာ ဖြစ်ပါတယ်။ အပြောလွယ် ပေမယ့် အလုပ် ခက်တယ် ဆိုတာ လူတိုင်းကြားပြီး သိပြီးသား ဖြစ်နေလို့ ဆက်လက်ပြီး ဖတ်မနေတော့ဘူး လို့တော့ မဆုံးဖြတ် စေချင်ပါဘူး။ ကျနော် တင်ပြချင်တာ ကတော့ လက်တွေ့ကျကျ နိုင်ငံသူ-နိုင်ငံသား တစ်ဦးဆီ လုပ်နိုင်တဲ့ အပိုင်းကနေ စတင်ဖို့လိုပါတယ်။

 တာဝန်ယူ တတ်တဲ့ အသိစိတ် ဖြစ်ပေါ်လာရေး လုပ်ငန်းစဉ် တစ်ခု ရေးဆွဲ အကောင်အထည် ဖော်ရမယ်၊
 စစ်အာဏာရှင် တစ်စု အမြစ်ပျက် ချေမှုန်းရေးမှာ အဓိကနဲ အခြေခံ အကျဆုံးကတော့ လူထု တိုက်ပွဲ ဖော်ဆောင်ရေး လုပ်ငန်းစဉ်ကို တာဝန်ယူ လုပ်ဆောင်နေတဲ့ စွမ်းဆောင် နေတဲ့ အင်အားစုများ ပေါ်ထွန်း ရှင်သန်ရေးကို စူးစိုက် ဇောက်ချ လုပ်ကိုင် ရပါမယ်၊
 ကျောင်းသား-လူငယ်-ရဟန်းသံဃာ-မြို့မိမြို့ဖတိုင်းက စစ်အာဏာရှင် တစ်စုပြုတ်ကျရေး ချေမှုန်းရေး လုပ်ရမယ် ဆိုတာရယ် တာဝန်ယူ ရမယ် ဆိုတာရယ် တစ်နှစ်အတွင်း အပြုတ်တိုက်မယ် ဆိုတာရယ် ယုံယုံကြည်ကြည် လက်ခံလာဖို့ ရှင်းလင်း- ဆွေးနွေး- တင်ပြ- စည်းရုံး- လှုံဆော်- လှုပ်ရှားမယ့် အင်အားစုတွေ တည်ဆောက် ယူသွားရမယ်၊
 လက်ရှိ အခြေအနေမှာ သံဃာထု တစ်ရပ်လုံး မကြာမှီ ကံဆောင်မည့် ကိစ္စအတွက် အစွမ်းကုန် ကြိုးပမ်းနေပြီ၊
 လူငယ်-ကျောင်းသားထု လှုပ်ရှားမှု၊ လူထုလှုပ်ရှားမှုအတွက် အင်အားစုတွေ ပြင်စဉ်ကြရမယ်၊
 အောက်တိုဘာလ (၃)ရက်နေ့က စလို့ စစ်အာဏာရှင် လူတစ်စု အဆုံးသတ်ရေး အပြီးသတ် အောင်ပွဲကို တက်လှမ်းသွားရမယ်၊
 ပြည်သူ့ အုပ်ချုပ်ရေး ကျေးရွာ- ရပ်ကွက်- မြို့နယ်တိုင်းမှာ ပေါ်ပေါက်လာဖို့၊ ပြီးတော့ ပြည်သူ့ကိုယ်စားပြု ပုဂ္ဂိုလ်တွေနဲ့ ကြားဖြတ် အစိုးရ တစ်ရပ် ထွက်ပေါ်လာဖို့ လုပ်ဆောင် သွားရမယ်၊
 တပ်မတော် ခေါင်းဆောင် အချို့ စစ်အာဏာရှင် တစ်စုကို ဆန့်ကျင်ပြီး လူထုနဲ့ ပေါင်းနိုင်ဖို့ ပြင်ဆင် ထားရမယ်၊
 ပြည်တွင်းရှိ အင်အားစုများ အတွင်း အထက်ပါ အခြေအနေတွေကို သိရှိ လုပ်ဆောင် နေသူတွေ ရှိထား ပြီးပြီ၊
 ပြည်သူလူထု အနေဖြင့် ရှင်းလင်းတိကျစွာသိရှိနေဖို့ ကြိုးပမ်း ဆောင်ရွက် နိုင်မယ့် လူငယ်ထုတွေ အမြန် ဖော်ဆောင်ဖို့ လိုအပ် ပါတယ်၊
 မိမိ ရပ်ကွက် ပတ်ဝန်းကျင်က သတင်း အချက်အလက်တွေ စနစ်တကျ စုဆောင်း ထားဖို့ လိုပါတယ်၊
 လူတိုင်း မျက်စီဖွင့် နားစွင့် နေကြဖို့ တိုက်တွန်းချက်တွေ နှိုးဆော်စာတွေ ထုတ်ဝေ ထားသင့်တယ်၊
 တိုက်ပွဲ စတင်ပြီ ဆိုတာနဲ စွမ်းအားရှင်- ကြံဖွတ်နှင့် လူထု ပူးပေါင်းရေး အခမ်းအနားတွေ ရပ်ကွက်-ကျေးရွာတိုင်းမှာ အမြန်ဆုံး လုပ်ဆောင်လိုက်ပါ - သတင်း လျှင်မြန်စွာ ဖြန့်ထုတ်ပါ၊
 တပ်မတော် မိသားစု ၀င်းအနီးရှိ ရပ်ကွက်သူ- ရပ်ကွက်သားများအနေဖြင့် တပ်မတော်သားများ လူထု လှုပ်ရှားမှု မဖြိုခွဲရေး ယနေ့မှစတင် အသိပေး စည်းရုံးထားဖို့ လိုအပ်ပါတယ်၊
 တပ်မတော်သားများမှ လူထုလှုပ်ရှားမှုကိုဖြိုခွင်းမည်မဟုတ်ကြောင်း ကြိုတင် ကြေငြာချက် ထုတ်ပြန်နိုင်ရန် ရဲဘော် အချင်းချင်းကြား စည်းဝေး ဆွေးနွေး နေပြီ၊
 ပြည်သူ့ တပ်မတော်သားများနှင့် တပ်မတော် စစ်ခေါင်းဆောင်များ လူထုဘက် ရပ်တည်ရန် တိုက်တွန်းချက်များ ဖိတ်ခေါ်ချက်များ အစု- အဖွဲ့ အသင်းလိုက် နယ်မြေလိုက် ထုတ်ပြန်ကြေငြာရန် လိုအပ် ပါသည်။
 ကြံဖွတ်- စွမ်းအားရှင် လုပ်နေတဲ့ လူတွေက စိတ်ပါ လက်ပါလို့ မဟုတ် ထမင်းစားရဖို့သာ ဖြစ်တဲ့ အတွက် သူတို့ ထိခိုက် နိုင်တယ်၊ (နအဖ) ရှုံးနိမ့် နိုင်တယ် ထင်တာနဲ့ ကူးပြောင်းလာမှာ သေချာတယ်၊ အစုလိုက် - အလွှာလိုက် - နယ်မြေ ဒေသ အလိုက် လူငယ်၊ ကျောင်းသား၊ သံဃာထု တည်ဆောက်ရေးများ အရှိန်အဟုန်မြှင့် ဆောင်ရွက် နေကြပြီ ဖြစ်တယ်။ လူထု တစ်ရပ်လုံး စစ်အာဏာရှင် တစ်စု ချေးမှုန်းရေး တိုက်ပွဲ ဖော်ဆောင်ရေး တာဝန်ယူ ဆောင်ရမည် ဖြစ်ကြောင်း နှိုးဆော်- စေ့ဆော်သည့် လုပ်ငန်းများ ဆက်တိုက် ဆောင်ရွက် နိုင်စေရန် သတ်မှတ် တာဝန် ပေးကြရမည် ဖြစ်သည်။

ခေါင်းဆောင် ရွေးထုတ် တည်ဆောက်ခြင်း နှင့် တိုက်ပွဲ ပြင်စဉ်ရေး ကာလ လုပ်ငန်းစဉ်များ၊ တိုက်ပွဲ ဖော်ဆောင်ရေး၊ တိုက်ပွဲဝင် ကာလ ဖြတ်သန်းမှု အဆင့်ဆင် (ရွေးချယ်ရန် စဉ်းစားထားရမည့် အချက်များ ပါရှိသော စီမံကိန်း-စီမံချက်များ ရေးဆွဲမျှဝေထားရမည်)၊ လူထုတိုက်ပွဲ အဆုံးသတ် အောင်ပွဲ ရရှိရေး ဦးဆောင် သူတိုင်း နားလည် ထားပြီး ဖြစ်ရမည်။

သစ္စာဖြင့်
ကိုညီ

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form